Xiaomi MI 4C အတွက် မြန်မာစာနှင့် MIUI 6 တင်နည်း


အခုတလော Xiaomi ရဲ့ MI ဖုန်းတွေဟာ သုံးစွဲသူတွေ ကြားမှာ တော်တော် ရေပန်းစားနေ ပါတယ်

Mi 3 , Mi note ကစလို့ ယခု MI 4 တောင် တိုင်ခဲ့ပါပြီ

China i Phone လို့တောင် တင်စား ခေါ်ဝေါ်ကြတဲ့ MI ရဲ့ MI 4C အတွက်

MIUI version 6 Dev ROM တင်ပြီး မြန်မာစာ ထည့်သွင်းနည်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်

ပထမဦးစွာ MI 4 C အတွက် Developer ROM ကို Download ဆွဲပါ

MI 4 /4C MIUI version 6 Dev ROM Download


MIUI 6 တင်နည်း 

ပထမဦးစွာ Download ပြုလုပ်ရှိသော ဖိုင်ကို update.zip ဟု rename ပြောင်းလိုက်ပါ 
ထို့နောက် Mi 4C ရဲ့ internal storage ထဲသို့ အဆိုပါ zip ဖိုင်ကို ထည့်ပါ 
ဖုန်း Screen ပေါ်ရှိ updater ဆိုသော App ထဲသို့ဝင်ပါ 
ပြီးလျှင် Menu key ကို နှိပ်ပြီး Select update package ဆိုသော စာကိုရွေးပေးပါ internal storage ထဲသို့ရောက်သွားမည်ဖြစ်သည် 
Storage ထဲတွင် ထည့်ထားသော update.zip ကိုရွေးပေးပြီး Update ဆိုတာကို နှိပ်ပေးလိုက်ပါ zip ဖိုင်ကို စစ်ဆေးပါလိမ့်မည် 
ပြီးလျှင် Reboot ကို နှိပ်ပေးလိုက်ပါ အလိုအလျောက် Update တင်ပေးသွားမည်ဖြစ်ပြီး Reboot ကျပြီး လျှင် လှပသော MIUI 6 ကိုပိုင်ဆိုင်ပါပြီ 


မြန်မာဖောင့် သွင်းရန် လိုအပ်သော MMAS Font Changer နှင့် Smart Zawgyi pro .bat ကို အောက်တွင် ရယူပါ


MMAS Font Changer



Smart Zawgyi Pro .bat


မြန်မာဖောင့် ထည့်သွင်းနည်း 

ပထမဦးစွာ MMAS font changer ကိုဝင်လိုက်ပါ 
ထို့နောက် Root Permission ဖွင့်ရန် Screen ပေါ်ရှိ Security Application ထဲဝင်ပါ 
Permission > Root permission ထဲကို ၀င်ပြီး MMAS Font changer ကို ဖွင့်ပေးလိုက်ပါ 
Permission Request တောင်းလျင် Allow ကို သာ နှိပ်ပေးလိုက်ပါ ပြီးလျင်တော့ ပြန်ထွက်ပြီး Font changer ထဲပြန်ဝင်ပါ 
Zawgyi font ပြောင်းရန်ကို နှိပ်ပေးပါ (Sony ဖုန်းများအတွက် ကိုရွေးလျှင် Chinese font ပျောက်မည်ဖြစ်သည်) 
Reboot ကျပြီးပြန်တက်လာရင် လည်း MM Font ကို မရသေးပါ Download ပြုလုပ်ထားသော Smart zawgyi pro ကိုဖွင့်လိုက်ပါ 
1 ကိုနှိပ် Enter ခေါက်ပြီး Smart Zawgyi font ကို သွင်းပေးလိုက်ပါ 
Reboot ပြန်တက်လာသော် လှပတဲ့ MM font ကို ရရှိပါပြီ ကြိုက်နှစ်သက်ရာ Keyboard ထည့် အသုံးပြုနိုင်ပြီဖြစ်သည် 



credit to MMAS font changer & Smart zawgyi font owner

Ko Thet Naing Soe & Ko Kyaw Swar Thwin

Aung Khaing (MMAS)

ref;myanmarmobileapp.com/
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...