စိတ်ရှည်ခြင်းရဲ့အကျိုး...

တစ်ခါက ဘုရင်တစ်ပါးဟာ သူ့ရဲ့ ကိုယ်ရေးလက်ထောက်ရာထူး လိုချင်တဲ့သူ မည်သူမဆို သူနဲ့တွေ့ဆုံရမယ်လို့ ကြေငြာလိုက်တယ်။

ဒါကိုကြားတော့ လူအမြောက်အများ နန်းတော်ထဲ လာရောက် စုဝေးကြတယ်။ ဘုရင်က သူတို့ကို ရေကန်တစ်ခုကို ခေါ်သွားပြီး “ရေကန်ထဲက ရေကိုယူပြီး ဒီရေအိုးထဲ ပြည့်အောင် ဖြည့်နိုင်တဲ့သူက ဒီရာထူးနေရာအတွက် ရွေးချယ်မယ်။ ဒါပေမယ့် ရေအိုးတွေမှာ အပေါက်တစ်ပေါက် ရှိတယ်ဆိုတာ သတိပြုပါ...” လို့ ပြောလိုက်တယ်။

တစ်ချို့က နည်းနည်းလေးတောင် မကြိုးစားပဲ ထွက်သွားကြတယ်။ တစ်ချို့က တစ်ခါလောက်ပဲ ကြိုးစားပြီး “ဘုရင်က တစ်ခြားတစ်ယောက်ကို ရွေးလိုက်ပြီ၊ ပြန်ကြစို့..." ဆိုပြီး ထွက်သွားကြတယ်။

ဒါပေမဲ့ လူတစ်ယောက်ကတော့ အိုးထဲကို စိတ်ရှည်ရှည်နဲ့ ရေတွေ ဖြည့်နေခဲ့တယ်။ ရေကန်ထဲက ရေကိုယူလိုက် ရေအိုးထဲဖြည့်လိုက် လုပ်နေချိန် ရေတွေဟာ အိုးအပေါက်နေတစ်ဆင့် မြေပြင်ပေါ်ကို ယိုစီးကျလာတယ်။ ထည့်လိုက်သမျှ ရေတွေဟာ အချိန်တိုအတွင်း မြေကြီးပေါ်ကို အားလုံး ယိုဖိတ်ကုန်တယ်။ ဒီလိုနဲ့ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ သူ ကြိုးစားနေခဲ့တယ်။

နောက်ဆုံး ရေကန်ထဲက ရေတွေ အားလုံးကုန်သွားတယ် ရေအိုးက မပြည့်ခဲ့ဘူး။ ဒါပေမယ့် သူ ရေကန်ထဲမှာ စိန်လက်စွပ်တစ်ကွင်းကို တွေ့သွားတယ်။ အဲဒီနောက် ဘုရင်ကို ပေးလိုက်တယ်။
ဘုရင်က “ဒီလက်စွပ်ဟာ သင့်ရဲ့ စိတ်ရှည်ခြင်းနဲ့ ကြိုးစားအားထုတ်ခြင်းအတွက် ရရှိတဲ့ ဆုလာဒ်တစ်ခုသာ ဖြစ်တယ်..." ဆိုပြီး စိန်လက်စွပ်ကို ပေးလိုက်တယ်။ ဒီနောက် သူ့ရဲ့ ကိုယ်ရေးလက်ထောက်အဖြစ်လည်း ခန့်အပ်လိုက်တယ်။



#လွမ်းမပြေသုတရပ်ဝန်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...