နို့တိုက်ခြင်းကို လှုံ့ဆော်ပေးမည့် UNICEF ၏ မိုဘိုင်းဖုန်း application

တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ မြို့အသီးသီးတွင် အများပြည်သူဆိုင်ရာ နေရာများတွင် နို့တိုက်နိုင် မည့် နေရာများကို ရှာဖွေနိုင်သော မိုဘိုင်းဖုန်း application တစ်မျိုးကို ကမ္ဘာ့ကုလသမဂ္ဂ၊ ကလေးများ ရန်ပုံငွေ အ ဖွဲ့ (UNICEF) က စတင်မိတ်ဆက် ပေးလိုက်ကြောင်းသိရှိရသည်။ ယင်း application သည် မိခင်နို့ တိုက်ရန် လှုံဆော်သော လှုပ်ရှားမှုတစ်ခုဖြစ်သော “10 Square Metres Love“၏ အစိတ်အပိုင်း တစ် ခုဖြစ်ပြီး အဆိုပါလှုပ်ရှားမှုကို unicef နှင့်တရုတ် မိခင်နှင့်ကလေးများကျန်းမာရေးစင်တာတို့ ပူးပေါင်းစီ စဉ်ခဲ့ခြင်းဖြစ်သည်။
 
ယခုဖုန်း application သည် အများပြည်သူဆိုင်ရာ နေရာများတွင် မိခင်နို့တိုက်နိုင်မည့်နေရာ၊ ကလေး အသုံးအဆောင်များ၊ နို့တိုက်ရန် အဆင်ပြေမည့်နေရာထိုင်ခင်း၊ လုံခြုံ နွေးထွေးမှုများကို ရှာဖွေ၍ နို့ တိုက်နိုင်မည့်အပြင် မိခင်အတွက် အရှက် နှင့်သိက္ခာကိုလည်း ကာကွယ်ပေးနိုင်သော နေရာများ ကို ဖော်ပြပေးမည် ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် အလုပ်တစ်ဖက်ရှိနေသော မိခင်များအတွက် ကလေးငယ်ကို လုံခြုံစွာ ပြုစုနိုင်မည့်အပြင်နို့တိုက်ခြင်းကိုလည်း သက်သောင့်သက်သာ ပြုလုပ်နိုင် မည် ဖြစ်သည်။ အသုံးပြုသောမိခင်၏ စမတ်ဖုန်းအတွင်းဝယ် အဆိုပါ application ကို ထည့်သွင်းထားရန် သာလိုပြီး GPS စနစ်ကို အသုံးပြုကာ လုံခြုံစိတ်ချရသော နေရာများကို ရှာဖွေကာ နို့တိုက်နိုင် မည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ unicef ၏ ဒုတိယဌာနေကိုယ်စားလှယ် Tim Sutton က ပြော ကြားခဲ့သည်။

တရုတ်နိုင်ငံတွင် သတ်မှတ်ထားသော မှတ်ပုံတင်ထားသည့် နို့တိုက်ရမည့်အခန်းများ (registered breast feeding rooms) ကို လွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်ပြီး အဆိုပါအခန်းများကို “10 Square Metres Love“လှုပ်ရှားမှုအဖွဲ့က မှတ်ပုံတင်ကာ တရားဝင်စေရန် ပြုလုပ်ထားခြင်းဖြစ်သည်။ unicef ၏ ထုတ်ပြန် ချက်အရ တရုတ်နိုင်ငံရှိ မြို့ကြီးပေါင်း၅၂မြို့တွင် နို့တိုက်ခန်းပေါင်း၂၇၆ ခန်း ရှိကြောင်းသိရှိရ သည်။ အဆိုပါအခန်းများအနက် ၂၁၇ခန်းမှာ အများပြည်သူအတွက် သတ်မှတ်ပေးထားပြီး ကျန် ၅၉ ခန်းမှာ ကုမ္ပဏီများ နှင့်ပုဂ္ဂလိကလုပ်ငန်းတွင် လုပ်ကိုင်နေသော မိခင်များအတွက် သတ်မှတ်ထားရှိ သည်။

သက်ကို
ref;IANS
Health Updates Journal No. 90

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...