Amazon က Credit Card Reader ကို တီထွင်နေ

Mobile Wallet App ကို ဖြန့်ချီခဲ့သည့် Amazon က သြဂုတ်လတွင် Credit Card Reader ကိရိယာကို ရောင်း ချ မည်ဖြစ်ပြီး Square နှင့် PayPal တို့ကို ယှဉ်ပြိုင်မည်ဟု ထွက်ပေါ် လာသော စာရွက် စာတမ်း များကို ကိုးကား၍ 9to5Mac က ဖော်ပြ ထားပါသည်။ Credit Card Reader သည် Amazon က မကြာမီက ဖြန့်ချီခဲ့သော Wallet App နှင့် တွဲဖက် အသုံးပြုနိုင် မည်ဟု မျှော်လင့်ရ ပါသည်။

ထွက်ပေါ် လာသော စာရွက်စာတမ်း များအရ Amazon Card Reader ကို ဆယ်ဒေါ်လာဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်သည်။ Square က သူ၏ Credit Card Reader ကို အစပိုင်းတွင် ဆယ်ဒေါ်လာဖြင့် ရောင်းချခဲ့သော်လည်း မိုဘိုင်း ငွေပေးချေမှု ဈေးကွက်တွင် အနိုင်ရရန် ယခုအခါ အခမဲ့ ပံ့ပိုးပေးနေပါသည်။

ထွက်ပေါ်လာသော သတင်းအချက်အလက်များသာ မှန်ကန်မည်ဆိုလျှင် Amazon က သူ၏ Card Reader ကို အသုံးပြုရန် စားသုံးသူများကို မည်သို့ စွဲဆောင်မည် ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်း ပါသည်။ Square သည် မိုဘိုင်းငွေပေးချေမှု နယ်ပယ်တွင် အောင်မြင်နေသကဲ့သို့ PayPal ၏ အရှိန်အ၀ါ ကလည်း ကြီးမားလှပါသည်။ Intuit က Quickbooks ဖြင့် မိုဘိုင်းငွေပေးချေမှုကို ချိတ်ဆက်နိုင်ရန် ပြုလုပ်ပေးနေပါသည်။

Amazon ၏ Card Reader သည် မိုဘိုင်းငွေပေးချေမှု ပြိုင်ပွဲတွင် အောင်မြင်နိုင်သည်ဟု ကျွမ်းကျင်သူ များက သုံးသပ်ပါသည်။ Amazon သည် Fire Phone ကို ထုတ်လုပ်ပြီး စမတ်ဖုန်း ပြိုင်ပွဲတွင် ပါဝင်နေ သကဲ့သို့ Fire TV ကလည်း ဧည့်ခန်းများတွင် နေရာယူရန် ကြိုးစားနေပါသည်။ Kindle Fire Tablets များကလည်း ဈေးသက်သာသည့် Android Tablet ဈေးကွက်တွင် ယှဉ်ပြိုင်နေပါသည်။

Amazon သည် ငွေပေးချေရာတွင် အသုံးပြုရန် လက်ဗွေရာ ဖတ်ရှုသည့် ကိရိယာများကိုလည်း တီထွင်နေ သည်ဟု 9to5Mac က ဖော်ပြထားပါသည်။ အဆိုပါ ကိရိယာများကို ငွေပေးချေမှု Company များစွာ ကလည်း တီထွင်နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Amazon ကသာ လက်ဗွေရာဖြင့် ငွေပေးချေသည့် နည်းပညာကို အစောဆုံး ဈေးကွက်သို့ ပို့ဆောင်နိုင်လျှင် စားသုံးသူများကို စွဲဆောင်နိုင် မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...