ဆိုးလ်တွင် အစိုးရ ၀န်ထမ်းများ နေ့လယ်ခင်း တစ်ရေး အိပ်ခွင့်ရမည်
![]() |
By သန်းထိုက်စိုး |
လူအတော် များများ နေ့လယ် ထမင်းစား ပြီးလျှင် ငိုက်မျဉ်း ချင်ကြသည်။ ငိုက်သဖြင့် အလုပ်လည်း မတွင်ဖြစ် ရသည်။ သို့ဖြစ် သောကြောင့် ၀န်ထမ်းများ အလုပ် လုပ်နိုင်စွမ်း တိုးလာစေရန် တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ အစိုးရ အဖွဲ့ သည် နေ့လယ် ထမင်းစား ပြီးချိန်တွင် ၀န်ထမ်း များ တစ်နာရီခန့် တစ်ရေး အိပ်လိုက် အိပ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
သြဂုတ် တစ်ရက်နေ့မှ စပြီး ဆိုးလ်မြို့ အုပ်ချုပ်ရေး အဖွဲ့၏ ၀န်ထမ်းများသည် နေ့လယ် တစ်နာရီမှ ညနေ ခြောက်နာရီအကြား ကြိုက်သည့် အချိန်တွင် တစ်နာရီ အိပ်စက်ခွင့် ရကြမည် ဖြစ်သည်။ သို့သော် ထိုသို့ အိပ်မည့် သူများသည် တစ်နာရီစာကို အလုပ်စော လာပေးခြင်း သို့မဟုတ် နောက်ကျမှ ရုံးဆင်းခြင်းဖြင့် အစားထိုး ပေးရမည် ဖြစ်ကြောင်း သိရသည်။
တစ်ရေး အိပ်လိုသော ၀န်ထမ်းများ သည် နားနေခန်းများ၊ အစည်းအဝေး ခန်းများနှင့် အခြား အခန်းလွတ် များတွင် အိပ်စက်နိုင်ကြောင်း ဆိုးလ်မြို့ အုပ်ချုပ်ရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ ၀န်ထမ်း များ နားနားနေနေ တစ်ရေး အိပ်နိုင်မည့် နေရာများ ပိုဖန်တီးပေးရန် လာမည့် နှစ်အတွင် မြို့အုပ်ချုပ်ရေး အဖွဲ့သည် ငွေပိုသုံးစွဲမည် ဖြစ်ကြောင်းလည်း သိရသည်။
ဆိုးလ်မြို့ အုပ်ချုပ်ရေးအဖွဲ့ ၀န်ထမ်းများသည် မနက်ကိုးနာရီ ညနေခြောက်နာရီ ပုံမှန် ရုံးချိန်ဖြစ်ရာ တစ်နာရီ အိပ်လိုသူများ အနေဖြင့် မနက်ရှစ်နာရီ ရုံးလာခြင်း၊ သို့မဟုတ် ည ခုနစ်နာရီ မှ ရုံးဆင်းခြင်း တစ်ခုခုတော့ အစားထိုး ပေးရမည် ဖြစ်သည်။
Source: BBC
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) Ooredoo SIM Card အကြောင်း သိကောင်းစရာ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) တစ်နေ့ ၇ နာရီ အိပ်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...