ခေါင်းအုံးအောက်ကနေ လောင်ကျွမ်းမှု ဖြစ်လာတဲ့ Samsung Galaxy S4
Texas မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးမ လေးတစ်ဦး Ariel Tolfree ဟာ သူမ ညအိပ်ပျော်စဉ် မီးလောင်တဲ့ ညှိစော် အနံ့ကြောင့် အိပ်ယာမှ နိုးလာပြီး ခေါင်းအုံး အောက်ကို ကြည့် လိုက်တော့ သူမရဲ့ Sumsung Galaxy S4 လောင်ကျွမ်း နေတာကို တွေ့ရှိ ခဲ့ပါတယ်။
Ariel Tolfree က “သမီးဘာမှ သိပ်ပြီး မစဉ်းစား ပဲနဲ့ အိပ်ယာဝင် ခဲ့ပါတယ်။ သမီးအိပ်ယာကနဲ့ ပြန်နိုးလာတဲ့ အချိန်မှာ ဒီလိုဖြစ် သွားတာပါ” ဆိုပြီးတော့ ထွက်ဆို ခဲ့ပါတယ်။ သူမနဲ့ အဖေဖြစ်သူကတော့ ဖုန်း အပူများ လာခြင်းကြောင့် ဖြစ်လာတာ ဆိုပြီး ယုံကြည် ထားကြပေမယ့် ထည့်စဉ်းစားစရာ အများကြီး ပဲဖြစ်ပါတယ်။ လောင်ကျွမ်းတဲ့ ပုံစံကတော့ ဖုန်းတစ်ခုလုံး အရည်ပျော်သွားတယ်… အဖုံး၊ မှန်၊ အားလုံးပေါ့။ သူမရဲ့ အိပ်ယာခင်း ခေါင်းအုံးကအစ လောင်ကျွမ်း သွားတာ ပဲဖြစ်ပါတယ်။
ဒါပေမယ့် Sumsung Company ကတော့ သူတို့ကုန်ထုတ် ပစ္စည်းဟာ လုံခြုံတဲ့အကြောင်း အာမခံထား တာမို့ ဒီကလေးမလေးကိုပဲ အပြစ်တင်ရ မလိုလိုဖြစ်လာ ပါတယ်။
ထို့ကြောင့် Sumsung Company က သူမရဲ့ လောင်ကျွမ်းသွားတဲ့ ဖုန်းကို စစ်ဆေးဖို့ တောင်းဆိုထားပြီး ပျက်စီးသွားတဲ့ ဖုန်းအစား အခြားဖုန်းတစ်လုံး၊ မွေ့ယာ၊ အိပ်ယာခင်းနဲ့ ခေါင်းအုံးတွေကို ပြန်အစားထိုးပေး မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Ref: buzzfeed.com

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) Instagram ထဲက သူငယ်ချင်း ၁၁% ရာ ခိုင်နှုန်း လောက် ရဲ့ ဓာတ်ပုံ တွေဟာ အစစ် မဟုတ်ပါ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) အသွင်ဆန်းတဲ့ အသုံးအဆောင် ပစ္စည်းများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review