Skin Care ဓာတ် မတည့်ခြင်းကြောင့် မျက်နှာ အသားအရေ မပျက်စီးရန် ထိန်းသိမ်းသင့်
Skin Care ဓာတ် မတည့်ခြင်းကြောင့်၊ Allergic ဖြစ်ပြီး မျက်နှာ အသားအရေ ယာယီပျက်စီး နိုင်ပါ တယ်။ တချို့  သူတွေမှာ တစ် မျက်နှာလုံး ပျက်စီးလု နီးနီး အဖုအပိမ့်တွေ ထွက်လာ တာကြောင့် အိမ်ထဲက အိမ်ပြင် မထွက်ရဲ လောက်အောင် စိတ်ဆင်းရဲ ရပြီး၊ ကျောင်းပျက်၊ အလုပ်ပျက် ဖြစ်ကာ လူမှုရေး ကိစ္စတွေပါ လစ်ဟင်းစေနိုင် ပါတယ်။
(၁) လူတစ်ဦး နှင့် တစ်ဦး အသားအရေ ဖြစ်တည်ပုံ မတူညီကြပါဘူး။ ဒါကြောင့် မည်မျှပင်နံမည် ကြီး၊ ဈေးကြီးကြီး ပေးဝယ်ရတဲ့ ပစ္စည်းကောင်း ဖြစ်ပါစေ… မိမိမျက်နှာနှင့် ဓာတ်မတည့်မှု ဖြစ်စေနိုင်လို့  သတိပြု သုံးစွဲပါ။
(၂) မိမိသုံးနေကျ Skin Care ကို ဆက်လက်သုံးစွဲခြင်းက ပြဿနာမဟုတ်သော်လဲ၊ ရံဖန်ရံခါ အလှကုန်ဆိုင် မှ အရောင်း တာဝန်ခံ များက ဒီပစ္စည်းတော့ပြတ်နေလို့ ၊ ဟိုပစ္စည်းလေး ပြောင်းသုံြး ကည့်ပါလား.. စသည်ဖြင့် မိမိမသုံးစွဲဖူးတဲ့ Skin Care အသစ်တစ်မျိုးကို နားယောင်၍ ၀ယ်ဖြစ် သွားတတ်ပါတယ်။ ထိုအခါ ပစ္စည်းအသစ်ကို သုံးစွဲပြီးနောက်၊ ချက်ချင်း(သို့ မဟုတ်) နောက် တစ်နေ့ မှာ မျက်နှာအသား အရည် အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း၊ အဖုသေးသေးေ လးတွေ ထလာခြင်း၊ အသားအရေ ပွစိစိဖြစ်လာခြင်းမျိုး ကြုံတွေ့ ရပါက Skin Care သုံးစွဲခြင်းကို ချက်ချင်း ရပ်ပစ်လိုက်ပါ။
(၃) မြန်မာ့ရေမြေ သဘာဝရာသီဥတု နှင့်ကိုက်ညီတဲ့ သနပ်ခါးတုံး(စစ်စစ်) ကို ကျောက်ပြင်ပေါ်သွေး၍ လိမ်းပါ။ (မျက်နှာအသား အရည် ပုံမှန်အတိုင်းဖြစ်လာတဲ့အချိန်ထိ နေ့ ၊ ည သနပ်ခါးတုံး စစ်စစ် လတ်လတ် ဆတ်ဆတ် ကိုသာ သွေး၍လိမ်းပါ)
(၄) တောင်တံကြီး၊ နံ့ သာဖြူတို့  မလိမ်းရ။ ဓာတ်မတည့်ဖြစ်နေတဲ့ အသားအရေကို ပို၍လောင် သွားစေနိုင် ပါတယ်။
(၅) အသင့်လိမ်းသနပ်ခါးတွေကို တာရှည်ခံအောင် ဓာတုပစ္စည်းတွေသုံးစွဲထားကြသလို၊ အမွှေး နံ့ အတု ကိုပါ ထဲ့သွင်းထားတာ ကြောင့် အသားအရေ ဓာတ်မတည့်ဝေဒနာ ခံစားနေရချိန်မှာ အသင့် လိမ်း သနပ်ခါး အနှစ်ဗူး၊ သနပ်ခါးရည် ပုလင်းတွေ လိမ်းခြင်းကို ရှောင်သင့်ပါတယ်။
(၆) ရုတ်တရက် အသားအရေ ဓာတ်မတည့်ဖြစ်နေတဲ့ အချိန်များမှာ၊ မျက်နှာသစ်ဆပ်ပြာ ပြင်းပြင်း မသုံးသင့်ပါဘူး။ ဥပမာ baby soap တို့ လို ဆပ်ပြာပျော့ပျော့ ရွေးသုံးပေးပါ။
(၇) Cevit (ဗီတာမင် စီ) နှင့် အတူ Vitamin E ဆေးလုံးလေးတွေ တွဲစားပေးပါ။ (သိပ်ပြင်းထန် လာပါက အရေပြားဆရာဝန် နှင့် ကုသမှုကိုခံယူပါ)
(၈) အသားအရေကလည်း စိတ်ပိုင်းဆိုင်ရာနှင့် တိုက်ရိုက် ပတ်သက် ဆက်နွယ်နေပါတယ်။ စိတ်ကိုပျော် ရွှင်အောင်နေပါ။
(၉) မိမိအိမ်မှာ မြတ်စွာဘုရားကို မျက်နှာသစ်တော် ရေကြည်ကပ်လှူပါ။ စိတ်ကြည်လင်အောင် ၂၄ ပစ္စည်းပဌာန်း (အချိန်မရပါက ပဌာန်းအကျဉ်း)ကို အချိန်ရတိုင်း ရွတ်ဖတ်ပေးပါ။
လှပပျော်ရွှင် နိုင်ကြပါစေ။
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
*promise.pauk*
-----------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) Kiss and Risks နမ်းတာကနေ ဘာရောဂါတွေ ရနိုင်သလဲ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ချမ်းသာကြွယ်ဝမှု နောက်တစ်မျိုး ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..