ငရုတ်သီးကို သုံးပြီး အကိုက်အခဲ သက်သာအောင် လုပ်နိုင်တော့မည်
ကိုက်ခဲနာကျင် ခြင်းအတွက် လက်ရှိ အသုံးပြု နေတဲ့ ဆေးဝါးတွေကို အစားထိုးနိုင်မယ့် ဓာတ်ပေါင်း တစ်မျိုးကို ငရုတ်သီးမှာ ပါဝင်တဲ့ ဓာတ်ပေါင်း တစ်မျိုးမှာ တွေ့ရှိခဲ့ကြောင်း ဆေးပညာ သုတေသန တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ နာတာရှည် ကိုက်ခဲခြင်း အတွက် လက်ရှိ အသုံးပြုနေတဲ့ အကိုက်အခဲ ပျောက်ဆေး များဟာ စွဲလမ်းစေတဲ့ အန္တရာယ်ရှိလာတဲ့ အတွက် အခု ရလဒ်ဟာ သတင်းကောင်းပဲ ဖြစ်ပါတယ်။
ဒီသုတေသနမှာ တွေ့ရှိထားတဲ့ ဓာတ်ပေါင်း Capsaicin ကို ကြွက်များရဲ့ ခြေဖ၀ါးကို ထိုးသွင်းခဲ့ပါတယ်။ ဒီဓာတ်ပေါင်းဟာ ငရုတ်သီးမှာပါဝင်ပြီး ပူလောင်ပြင်းပြတဲ့ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။
မူလအစမှာ ပူလောင်တဲ့ ခံစားမှုကို ခံစားရပေမဲ့ နှစ်နာရီကြာတဲ့ အခါမှာ ပူလောင်တာ လျော့ပါးသွားပြီး နာကျင်မှုပါ လျော့သွားကြောင်းကို စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ နာကျင်မှုကို သက်သာစေတဲ့ ပရိုတင်းတစ်မျိုးကို ခန္ဓာကိုယ်တွင်းမှာ တည်ဆောက်ပေးနိုင်တာကြောင့် လည်းဖြစ်ကြောင်း Dr.Koninick က ပြောကြားထားပါတယ်။
ဒီလေ့လာမှုကို Journal Nature Neuroscience မှာ ဖော်ပြထားပါတယ်။
သက်နှင်း
ref: IANS
ဒီသုတေသနမှာ တွေ့ရှိထားတဲ့ ဓာတ်ပေါင်း Capsaicin ကို ကြွက်များရဲ့ ခြေဖ၀ါးကို ထိုးသွင်းခဲ့ပါတယ်။ ဒီဓာတ်ပေါင်းဟာ ငရုတ်သီးမှာပါဝင်ပြီး ပူလောင်ပြင်းပြတဲ့ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။
ဒီလိုလုပ်တဲ့အတွက် အစမ်းသပ်ခံကြွက်တွေမှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သူတို့ရဲ့ ကျောရိုးမမှာရှိနေတဲ့ နာကျင်ကိုက်ခဲမှုကို ခံစားမှုလွန်ကဲနေမှုကိုတော့ သိသိသာသာ လျှော့ချပေးနိုင် ခဲ့တယ်လို့ သုတေသနခေါင်းဆောင် ကနေဒါနိုင်ငံ၊ Laval University မှ Dr. Yves Koninick က ရှင်းပြခဲ့ ပါတယ်။
မူလအစမှာ ပူလောင်တဲ့ ခံစားမှုကို ခံစားရပေမဲ့ နှစ်နာရီကြာတဲ့ အခါမှာ ပူလောင်တာ လျော့ပါးသွားပြီး နာကျင်မှုပါ လျော့သွားကြောင်းကို စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ နာကျင်မှုကို သက်သာစေတဲ့ ပရိုတင်းတစ်မျိုးကို ခန္ဓာကိုယ်တွင်းမှာ တည်ဆောက်ပေးနိုင်တာကြောင့် လည်းဖြစ်ကြောင်း Dr.Koninick က ပြောကြားထားပါတယ်။
ဒီလေ့လာမှုကို Journal Nature Neuroscience မှာ ဖော်ပြထားပါတယ်။
သက်နှင်း
ref: IANS
Health Updates Journal No. 127
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) အရက် အလွန်အကျွံ သောက်သုံးသူများ ပညာပေးမှု ရရှိအပြီး အရက်သောက်သည့် ပမာဏ ကျဆင်းလာ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) ပိုလီယိုရောဂါ ကာကွယ်ဖို့ ထိုးဆေးပါ တွဲသုံးဖို့လို့ နာမည်ကျော် လန်းဆက် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...