ပိုလီယိုရောဂါ ကာကွယ်ဖို့ ထိုးဆေးပါ တွဲသုံးဖို့လို့ နာမည်ကျော် လန်းဆက်
ဆေးပညာဂျာနယ်က ဖော်ပြခဲ့မှုအရ ပိုလီယိုရောဂါ ကို တိုက်ဖျက်ဖို့ အတွက်ဆိုရင် သောက်ဆေး အစား၊ ရှေးခေတ်နည်း ဖြစ်တဲ့ ထိုးဆေးက ပို ပြီး အကျုံးဝင် လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ပိုလီယို ကာကွယ်ဆေး ထိုးခြင်းအားဖြင့် သောက်ဆေး ထက် ပိုပြီး ကာကွယ်နိုင် လိမ့်မယ်လို့ သိရပါတယ်။ ပိုလီယို ကာကွယ်ဆေး သောက်ဆေးတွေက ရောဂါ ထပ်မံကူးစက် မခံရအောင် ကာကွယ် ပေးနိုင်ပေမယ့်၊ ကူးစက် ခံရပြီးသား ဆိုရင်တော့ သူများဆီကို ထပ်မံကူးစက်နိုင် တယ်လို့ သိရပါ တယ်။
အ၀င်း
Ref;Medindia
လန်ဒန်တော်ဝင် ကောလိပ်က သိပ္ပံ ပညာရှင်များက တောအရပ်မှ ကလေး ၄၅၀ အား စမ်းသပ်ခံပြီး စမ်းသပ်မှုမှာ ကလေးများအား နှစ်ဖွဲ့ခွဲပြီး၊ တစ်ဖွဲ့ကို ပိုလီယို ကာကွယ်ဆေးထိုးပေးပြီး၊ ကျန်တစ်ဖွဲ့ ကို ဘာမှမထိုးဘဲ နောက်တစ်လအကြာမှာ ကလေးနှစ်ဖွဲ့လုံးကို ပိုလီ ယိုကာကွယ်ဆေးသောက်ဆေးကို တိုက်ကျွေးခဲ့ပါတယ်။ တစ်ပတ်ကြာပြီးတဲ့နောက် ၎င်းတို့ရဲ့ မစင်ကိုစစ်ဆေးခဲ့ရာ ဆေးမထိုးထားတဲ့ အုပ်စုရဲ့ မစင်ထဲတွင် ပိုလီယိုအမျိုးအစား (၁) နဲ့ (၂) က ၃၈% နဲ့ ၇၀% ပိုမိုပါဝင်ကြောင်း တွေ့ရှိခဲ့ ပါတယ်။
ထိုးဆေးကို ၁၉၆၀ နှစ်တွေက သုံးခဲ့ပြီး၊ လက်မောင်းမှာထိုးတဲ့အတွက် အူလမ်းကြောင်းမှတစ်ဆင့် ကူးစက်မှုကို လျော့နည်းစေမှုမရှိဘူးဆိုပြီး သောက်ဆေးတွေကို ပြောင်းခဲ့ပါတယ်။ တွေ့ရှိမှုမှာတော့ ထိုးဆေးထိုးပြီးမှဆေးသောက်တဲ့သူတွေမှာ အူရဲ့ခုခံအားစနစ်ကို ပိုမိုကြံ့ခိုင်စေပြီး တခြားသူတွေကို ကူးစက်မှု ပိုမိုလျော့နည်းစေတာ တွေ့ခဲ့ရပါတယ်။
အ၀င်း
Ref;Medindia
Health Updates Journal No. 127
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ငရုတ်သီးကို သုံးပြီး အကိုက်အခဲ သက်သာအောင် လုပ်နိုင်တော့မည် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) ဗီတာမင်ဒီနှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...