သင့်စမတ်ဖုန်းအား Walkie Talkie အဖြစ် ပြောင်းလဲပေးမည့် ကိရိယာ
သင့်အနေဖြင့် တောတွင်း၌ လမ်းလျှောက်ခြင်း ကိုဖြစ်စေ၊ သို့မဟုတ် တောင်တက်ခြင်း ကိုဖြစ်စေ နှစ်သက်သူ ဖြစ်ပါက goTenna ကို ယခုပင် ၀ယ်ယူ အသုံးပြုသင့် သည်ဟု အကြံပေးလို ပါသည်။ အဘယ်ကြောင့် ဆိုသော် စမတ်ဖုန်း ဆိုသည်မှာ ၄င်းအတွက် ထုတ်လွှင့် ပေးထားသော ဧရိယာ အ၀န်း၌သာ ဖုန်းလိုင်း မိခြင်းသာ ဖြစ်ပြီး သတ်မှတ်နေရာ ကျော်သွားပါက သင့်ကို ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေတော့ မည်ဖြစ် သည်။
၎င်းအချိန်၌ သင့်အတွက် ဆက်သွယ်မှု တစ်စုံတစ်ရာ လိုအပ်လာပါက ဧ၇ိယာရှိသောနေရာ ၊မြို့ပေါ်တွင် နေထိုင်သော သူများအတွက် တစ်စုံတစ်ရာ အရေး မကြီးသော်လည်း ယခုကဲ့သို့ တောတွင်း ၊တောင်ပေါ် များ၌ ရောက်ရှိနေပါက စိတ်ပူပန်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။
goTenna ဆိုသည်မှာ ရေဒီယိုလှိုင်းများကို အသုံးပြု၍ မိုင် ၅၀ ပတ်လည်အတွင်း ဖုန်းလိုင်းမရှိသည့် နေရာ၌ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးမည့် ကိရိယာဖြစ်ပါသည်။ သို့သော် ထိုသို့အချင်းချင်း ဆက်သွယ်ဆောင်ရွက် ရန်အတွက် တစ်ဦးနှင့်တစ်ဦး goTenna ပစ္စည်း ကိ၇ိယာ တစ်ခုစီ ကိုင် ဆောင်ထားရမည်ဖြစ်ပေသည်။
goTenna ပစ္စည်းအနေဖြင့် Bluetooth မှတစ်ဆင့် မည့်သည့် iOS၊သို့မဟုတ် Android နှင့်မဆို ချိတ်ဆက် အသုံးပြုနိုင်ပြီး တစ်ဦးနှင့်တစ်ဦး Message များအပြန်အလှန်ပေးပို့ခြင်း၊ မြေပုံများအပါအ၀င် GPS တည်နေရာများ Share လုပ်နိုင်ခြင်းတို့ကို မိုင် ၅၀ အတွင်း လုပ်ဆောင်နိုင်သောကြောင့် သင့် အနေဖြင့် လမ်းပျောက်နေခြင်းများ၊ အုပ်စုနှင့်ကွဲကွာသွားခြင်းများ အစရှိသည့် အဖြစ်အပျက်များအတွက် စိုးရိမ်ပူပန်မှု ရှိနေရန် လိုအပ်တော့မည်မဟုတ်ပေ။
ကိရိယာကို ကျောပိုးအိတ်နောက်ကျော၌ တပ်ဆင်ထားရုံဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး မက်ဆေ့ခ်ျများ အပြန်အလှန်ပေးပို့ခြင်း၊ Share လုပ်ခြင်းများအတွက်မူ သင့်အနေဖြင့် ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမည် မဟုတ်ချေ။
ထို့အပြင် မက်ဆေ့ခ်ျပေးပို့မှုအား မရောက်မချင်း အလိုအလျောက်ဆက်တိုက်ပေးပို့နေမည်ဖြစ်ပြီး ရောက်ရှိ သွားပါကလည်း ရောက်၇ှိကြောင်းကို ပြန်လည်ဖော်ပြပေးမည်ဖြစ်ပေသည်။ စွမ်းအင်အနေဖြင့် ထူးခြားချက်မှာ အားအပြည့်သွင်းရန် ၇၂ နာရီအသုံးပြုရမည်ဖြစ်သော်လည်း ထိုသို့အားသွင်းပြီးပါက ရက်ပေါင်း ၁၅၀ အထိအသုံးပြုနိုင်မည်ဖြစ်ပေသည်။ တန်ဖိုးအနေဖြင့် အမေရိကန် ၁၉၉ ဒေါ်လာ ကျသင့်ကြောင်း သိရှိရပါသည်။
Ref:DM
WorldWide(BMSTU)

TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) Telenor မွ 4G ဆင်းကတ် သန်း (၃၀) စတင် ရောင်းချပေးမည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) မည်သည့် User Manual ကိုမဆို အွန်လိုင်းမှာ ရှာဖွေခြင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'