အာကာသယာဉ်ပေါ်မှာ ဘောလုံး အလောင်းအစား ပြုလုပ်ပြီး ရှုံးနိမ့်ခဲ့လို့ ကတုံးတုံးခံရတဲ့ အမေရိကန် အာကာသယာဉ်မှူး (၂) ဦး



အမေရိကန် အာကာသယာဉ်မှူး နှစ်ဦး ဖြစ်ကြတဲ့ စတိဗ်ဆွမ်ဆန်နဲ့ ရိဒ်ဝက်စ်မန်းတို့ဟာ အာကာသ ယာဉ်ပေါ်မှာ ဘောလုံး အလောင်းအစား ပြုလုပ်ခဲ့ ရာ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရလို့ ကတုံးတုံး ခံရတယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ ဂျာမနီအာကာသယာဉ်မှူး အလက် ဇန္ဒားဂါရတ်နဲ့ အလောင်းအစား ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ သူတို့တွေဟာ အပြည်ပြည်ဆိုင်ရာ အာကာ သစခန်းမှာ တာဝန်ထမ်းဆောင်တဲ့ သူတွေဖြစ်ကြ ပါတယ်။ အလက်ဇန္ဒားဂါရတ်ဟာ ဥရောပ အာကာ သ အေဂျင်စီ ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင် နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ အမေရိကန်နဲ့ ဂျာမနီတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲစဉ်ကို အလောင်းအစား ပြု လုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အာကာသ ယာဉ်မှူးတွေက အမေရိကန်အသင်း ရှုံးနိမ့်ခဲ့လို့ရှိရင် ကတုံးတုံးခံမယ်လို့ ကတိပြု ခဲ့ကြပါတယ်။ ဂျာမနီ အာကာသယာဉ်မှူး အလက်ဇန္ဒားဂါရတ်ဟာ နဂိုကတည်းက ကတုံးတုံးထားပြီးဖြစ် လို့ သူရှုံးနိမ့်ခဲ့လို့ရှိရင် ကတုံးပေါ်မှာ ဆေးရောင် ခြယ်သမှုပြုလုပ် သွားမယ်လို့ အာမခံချက် ပေးခဲ့ပါတယ်။ တကယ်တမ်း ဘော လုံးယှဉ်ပြိုင် ကစားတဲ့အခါ ဂျာမနီအသင်းက ပွဲချိန် (၅၅) မိနစ်မှာ သောမတ်မူလာ သွင်းယူတဲ့ တစ်လုံး တည်းသောဂိုးနဲ့ အမေရိကန် အသင်းကို အနိုင်ရရှိ သွားခဲ့ပါတယ်။

ဒါကြောင့်မို့ အမေရိကန် အာကာသယာဉ်မှူးဟာ ကတိအတိုင်း ကတုံးတုံးခြင်း ခံလိုက်ရပါတယ်။ သူတို့ရဲ့ ကတုံးတုံးခံရတဲ့ မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး တွစ်တာမှာ ဖော်ပြခဲ့ရာ မှတ်ချက်မျိုးစုံ ရရှိခဲ့ပါတယ်။ ဒီနောက် သူတို့တွေဟာ အတူတကွ ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန် ဘောလုံး အသင်းဟာ အဲဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့ဖလား (၁၆) သင်းအဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...