ဒစ်ဂျစ်တယ် ကင်မရာ နှင့် လျှပ်စီးကြောင်း အန္တရာယ်

ဓာတ်ပုံ ရိုက်လိုက် တဲ့အခါ ကင်မရာထဲမှ ထွက် လာသော အလင်းရောင်နှင့် လမ်းမပေါ် ဓာတ် တိုင်ရှိ ဗို့ အားပြည့် လျှပ်စစ်စီး ကြောင်းများ ရုတ်တရက် ထိတွေ့ ခြင်းက ကင်မရာမင်း (ဓာတ်ပုံ ရိုက်သူ)ကို ဓာတ်လိုက်၍ အသက်ဆုံးရှုံး စေကြောင်း General Knowledge For All(ခေါ်) အင်တာနက် သတင်းမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၂ရက် (၁၆း၄၃နာရီ) တွင် ဖော်ပြ သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ် Amravati တွင် လေ့လာရေးခရီးမှ ပြန်လာ ကြသော အင်္ဂျင်နီယာ ပထမနှစ် ကျောင်းသား တစ်ဖွဲ့ ဟာ မီးရထား စောင့်ဆိုင်းနေ ကြရင်း၊ ရထားမလာခင် အမှတ်တယ ဓာတ်ပုံ များကို ဟန်းဖုန်းများ၊ ဒစ်ဂျစ်တယ် ကင်မရာများ နဲ့ ရိုက်ကာ မှတ်တမ်း တင်ကြပါတယ်။ အဆိုပါ အဖွဲ့ မှ အသက် ၁၉-နှစ်အရွယ် ကျောင်းသား တစ်ယောက်ဟာ အုပ်စုလိုက် ဓာတ်ပုံ အမှတ်တယ ရိုက်ယူ ချင်တာကြောင့် ဒစ်ဂျစ်တယ် ကင်မရာကိုင်ပြီး ရှေ့ တိုး နောက်ဆုတ် ချိန်ရင်း၊ သံလမ်းဘေး တစ်ဖက် တစ်ချက်ရှိ ၄၀,၀၀၀ (လေးသောင်း) ဗို့ အားရှိတဲ့ လျှပ်စစ် ဓာတ်တိုင်အောက် ရောက်ရှိ ခဲ့ပါတယ်။ သူ ကင်မရာ ခလုတ်နှိပ်၍ ဓာတ်ပုံရိုက်လိုက် တယ်ဆိုရင်ဘဲ ကင်မရာမှ ထွက်လာတဲ့ အလင်းရောင်နဲ့  ဓာတ်တိုင်ရဲ့ လျှပ်စစ်စီးကြောင်းတို့ ထိတွေ့ ပြီး၊ ချက်ချင်းဆိုသလို သူ့လက်ချောင်းမှ တဆင့် တကိုယ်လုံး လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက် ခံရပါတော့တယ်။

တစက္ကန့်  အတွင်းမှာပင် သူ့ ကိုယ်တစ်ခြမ်း မီးစွဲလောင် သွားခဲ့ပါတယ်။ သူ ဘာ့ကြောင့် ရုတ်တရက် သတိလစ် လဲကျသွားတာကို သူငယ်ချင်းများက အံ့သြနေကြ ပါတယ်တဲ့။ မွမ်ဘိုင်းမြို့ ရှိ Keshvani ဆေးရုံ ရောက်တဲ့အထိ သတိ မလည်လာသေးပါဘူး။ ပြင်းထန်တဲ့ ဓာတ်လိုက် ခံရမှုကြောင့် သူ့ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် ရှုပ်ထွေးနေလို့ ၊ ဆရာဝန်များက မျှော်လင့်ချက် မရှိကြောင်းပြောပါတယ်။ မကြာမီ သူ ကွယ်လွန် သွားခဲ့ပါတယ်။
++++++++++++++++

< ဓာတ်လိုက်ခံရပါက >

အသက်ရှု လမ်းကြောင်း ကမောက်ကဖြစ်ကာ ရုတ်တရက် လဲကျသွားခြင်း၊ ကြွက်သားများ ရှုံ့ တွကျုံ့  သွားခြင်း၊ လေသင်တုန်း ဖြတ်သွားခြင်း၊ ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံး ရှုံးသွားခြင်း၊ မီးလောင်ဒဏ်ရာ ရခြင်း (သို့ မဟုတ်) အသားများ ကွဲအက်ခြင်း၊ သွေးခဲခြင်း၊ တစ်ရှုးများ သေသွားခြင်း၊ နှလုံး နဲ့ ကျောက် ကပ်တို့  ပျက်စီးသွားခြင်း၊ အသက်ဆုံးရှုံးခြင်း စသည်တို့ ဖြစ်စေပါတယ်။

< ဓာတ်လိုက်ခံရသူကို ရှေးဦးသူနာပြုစုနည်း >

ဓာတ်လိုက်ခံရပါက ရုတ်တရက် တုန်/ခုန်စွာ ခံစားရသလို၊ ဗို့ အားပြင်းပါက ချက်ချင်း အသက် ဆုံးရှုံး သွားသည်အထိ ဖြစ်စေပါတယ်။
(၁) အကယ်၍ မိမိမျက်စေ့ရှေ့ မှာ ဓာတ်လိုက် ခံနေရသူကို မြင့်တွေ့ ရသောအခါ၊ ထိုသူကို ချက်ချင်း သွားမထိပါနဲ့ ဦး။ မိမိကိုယ်ကို လျှပ်စစ်စီးကြောင်း စက်ကွင်းမှ လွတ်အောင် ဝေးရာသို့ အမြန် ခုန်ရှောင် လိုက်ပါ (သင် အန္တရာယ် ကင်းမှသာ ထိုဓာတ်လိုက် ခံနေရသူကို ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်)
(၂) ဓာတ်လိုက် ခံနေရသူသည် မီးခလုတ်ကို လက်ကကိုင်လျက် တန်းလန်းဖြစ်နေပါလျှင် ထိုသူကို လျှပ်စီးကြောင်း ပြတ်တောက်စေဖို့  မီတာပုံးမှ ဖျူးကို အမြန်ဖြုတ်ချလိုက်ပါ။ အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် မီတာပုံးမှ ဖျူးကိုဖြုတ်ချဖို့ အဆင်မပြေခဲ့ရင် တံမျက်စည်း လက်ကိုင်အရိုး (သို့ မဟုတ်) ရေမစိုသော ၀ါး/သစ်သားတုတ် (သို့ မဟုတ်) သတင်းစာစက္ကူ (သို့ မဟုတ်) ကော်ပေတံ စသည့် လျှပ်စီးကြောင်း မကူးစေသော ပစ္စည်းတို့ ဖြင့် ထိုသူကိုင်နေသော မီးခလုတ်ကို ပိတ်ပေးပါ။
(၃) လူနာ လျှပ်စီးအန္တရာယ်မှ ကင်းလွတ်ကြောင်း သေချာသွားပြီ ဆိုမှသာ သင်သူ့ကို စတင် ထိတွေ့ ကိုင် တွယ်ပါ။
(၄) လူနာအသက်ရှု/ မရှုစစ်ကို စစ်ဆေးပါ။ သွေးခုန်နေသလား စစ်ဆေးပါ။ အကယ်၍ အသက်ရှုနေ တယ်/သတိမလစ် ဘူးဆိုရင် ထိုသူ၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက် ရှိ/မရှိစစ်ဆေးပါ။ အမြင်/အကြား အာရုံကောင်း မကောင်း၊ စကားပြော ကြည့်ပါ။ မီးလောင်ဒဏ်ရာ ခပ်သေးသေးဆိုရင် အပူလောင်ပျော က်ဆေး တစ်ခုခု လိမ်းပေးနိုင်ပါတယ်။ မီးလောင်ဒဏ် ရာကြီးပါက ကြမ်းကြမ်းတမ်းတမ်း မကိုင်မိပါ စေနှင့်။ သူနာတင် ယာဉ်လာတဲ့ အထိစောင့်ပါ။
(၅) ဓာတ်လိုက်၍ ရုတ်တရက် လဲကျခြင်းကြောင့် ခေါင်းကွဲခြင်း၊ နဖူးပေါက်ခြင်း၊ ခြေ/ လက် ကျိုးပဲ့ခြင်း၊ ခန္ဒာကိုယ်မှာ သွေးထွက်သံယို အနာတရဖြစ်ခြင်းတို့ အတွက်၊ သူနာ တင်ကားမလာခင် သွေးထွက် မလွန်အောင် တတ်ကျွမ်း နားလည်သလောက်ပြုစုပါ။
(၆) များသောအားဖြင့် ဓာတ်လိုက်ခံရတဲ့အခါ သတိ လစ်မေ့ မြော၍ နှလုံးခုန် ရပ် တန့် သွားစေ လို့  သူ့ နှလုံးပြန်ခုန်လာစေပြီး၊ အသက်ရှုနိုင်အောင် CPR(ခေါ်)နှလုံး/ အဆုတ် တို့ ကိုပြန်လည် အလုပ်လုပ်စေ တဲ့ ရှေးဦး သူနာပြုနည်းဖြင့်ပြုစုပါ။
(၇) အရေးပေါ် သူနာတင် ယာဉ်မလာမချင်း၊ လူနာကို တခြားနေရာသို့ ရွှေ့ ပြောင်းပေးဖို့ မကြိုးစာပါနဲ့ ။ အဘယ်ကြောင့်ဆိုသော် သင့်ရဲ့ မကျွမ်းကျင်မှုက ထိုလူနာကို နာကျင်မှု ဒဏ်ရာ ပိုဖြစ်စေ တတ်လို့ ပါ။
(၈) သူနာတင် ယာဉ်ကားမလာမချင်း လူနာအနားမှာ စောင့်ကြည့်ပေးပြီး၊ စောင်ပါး ပါးခြုံထားပေးပါ။
(၉)ဆေးရုံ ရောက်သွားတဲ့အခါမှာ သက်ဆိုင်ရာ ဆရာဝန်များက၊ လိုအပ်သလို နှလုံး ECG ရိုက်ခြင်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်း၊ CT scan ဆွဲခြင်း၊ MRI စစ်ဆေးခြင်း စသည်ဖြင့် လိုအပ်သလိုပြုစုပေး ပါလိမ့်မယ်။

< ကာကွယ်နည်း >

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်လို့ ၊ နောင်ရေး စိတ်အေးရအောင် မိမိ အိမ်ရှိ ၀ါယာကြိုး များ နဲ့  ပလပ်ပေါက်များ ပေါက်ပြဲမှု ရှိ/မရှိစစ်ဆေးပါ။ အိမ်ရှိ မိသားစုဝင်များ အားလုံးကို မီးခလုတ် နဲ့  လျှပ်စစ် ပစ္စည်းများအား အန္တရာယ်ကင်းစွာ ကိုင်တွယ်ပုံ အကြောင်း သတိပေးပါ။ ကလေးငယ်များကို မီးခလုတ်၊ ပလပ်ပေါက်များ ဆော့ကစားခြင်း မပြုရန် နှင့် လျှပ်စစ်အန္တရာယ် လွန်စွာ ကြောက်စရာ ကောင်းကြောင်း သင်ပြပါ (ဖြစ်နိုင်ရင် ဓာတ်လိုက် စေနိုင်သည့် ပစ္စည်းများကို ကလေးတွေမတွေ့  ထိနိုင်တဲ့ နေရာမှာ ထားပါ)

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...