ကမ္ဘာ့အကြီးဆုံး အသားပိုကြီးကို ခွဲစိတ်ဖယ်ရှား

Angel on 2014-07-09 15:58 
ကမ္ဘာမှာ အကြီးဆုံး အသားပိုကြီးကို လူတစ်ယောက်ရဲ့ ခြေထောက်ကနေ ခွဲစိတ် ဖယ်ရှားပေးခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ Shanxi ဒေသ၊ အသက် ၃၇ နှစ်အရွယ် Yang Jianbin ဆိုသူရဲ့ နောက်ကျော မှာ မွေးကတည်း ပါလာတဲ့ အသားပိုဟာ အသက်နဲ့ အမျှကြီးထွား လာခဲ့ပြီး နောက်ဆုံး မှာတော့ ၁၁၀ ကီလိုဂရမ် အရွယ်အစားထိ ရှိသွား ခဲ့ပါတယ်။

ဒီ အသားပိုဟာ အရမ်းကြီးမားတဲ့ အတွက် Yang ဟာ တစ်နေကုန် အိပ်ရာထဲမှာသာ လဲလျောင်း ဒါမှမဟုတ် ထိုင်သာ ထိုင်နေနိုင်ပါတယ်။

Neurofibromatosis လို့ ခေါ်တဲ့ မွေးရာပါ အာရုံကြော ရောဂါတစ်ခုကြောင့် ဆဲလ်တစ်ရှူးတွေ လိုတာထက် ပိုပြီး၊ ပုံမှန် မဟုတ်ပဲ တိုးပွားလာတဲ့ အတွက် အခုလို အသားပိုတွေ ဖြစ်လာတတ်ပါတယ်။

ခွဲစိတ်ဆရာဝန်ချုပ် Chen Minliang က “ ကျွန်တော်တို့ အခုလို Neurofibromatosis ရောဂါရှင်တွေ ကြုံဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ ကျွန်တော်တို့ မြင်ဖူးသမျှ အကြီးဆုံး အာရုံကြော အသားပို ကြီးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ခွဲစိတ်စဉ်အတွင်းမှာ Yang ကို ဆေးရုံကုတင်နှစ်လုံး အသုံးပြုခဲ့ရပြီး ခွဲစိတ်မှုဟာ ၁၆ နာရီကြာမြင့် ခဲ့ပါတယ်။

ခွဲစိတ်မှုကြောင့် သွေး မီလီလီတာ ၅၀၀၀ ထွက်ခဲ့ပြီး ဆယ်ကျော်သက် တစ်ယောက်ရဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးစုစုပေါင်း ပမာဏထက် ပိုများပြားပါတယ်။



Ref: Metro.co.uk

Trend Myanmar
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...