မူကြိုဆရာမများကို နိုင်ငံ့ဝန်ထမ်းအဖြစ် အသိအမှတ်ပြုတော့မည်

မူကြိုကျောင်းများတွင် တာဝန် ထမ်းဆောင် လျက်ရှိသည့် ဆရာမများကို နိုင်ငံ့ဝန်ထမ်းအဖြစ် အသိအ မှတ်ပြုရန် ခွင့်ပြုမိန့် ရရှိပြီးဖြစ်ကြောင်း မူကြိုပညာရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒေါ်ခင်မျိုးမြင့်ကျူက ထုတ်ဖော်ပြောသည်။

ယင်းကဲ့သို့ နိုင်ငံဝန်ထမ်းအဖြစ် အသိအမှတ်ပြုရန် ခွင့်ပြုမိန့် ရရှိထားပြီး ဖြစ်သည့်အတွက် လက်ရှိ မူကြို ကျောင်းများတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာမများသည် နိုင်ငံတော်မှ ချီးမြှင့်သည့် လစာရရှိခံ စားရမည်ဖြစ်ကြောင်း သိရသည်။

“လောလောဆယ် ဝန်ထမ်းအဖြစ် ခန့်အပ်မယ်ဆိုတာကိုပဲ သိရသေးတယ်။ လစာဘယ်လောက်ရမယ် ဆိုတာကိုတော့ မကန့်သတ်ရသေးဘူး။ လစာကိစ္စကို တင်ပြထားတုန်းပဲရှိသေးတယ်” ဟု ဒေါက်တာ ခင်မျိုးမြင့်ကျူက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောကြားသည်။

နိုင်ငံဝန်ထမ်းအဖြစ် အသိအမှတ်ပြုမည့် မူကြိုဆရာ၊ ဆရာမများ၏ရာထူးများက မူကြိုဆရာအကူနှင့် မူကြိုဆရာများအဖြစ် ခွဲခြားကန့်သတ်မှတ်ရန် စီစဉ်လျက်ရှိကြောင်း၊ အသစ်လျှောက်ထားလိုသောမူ ကြိုဆရာများကို ဘွဲ့ရရှိထားပြီးသူများကိုသာ လျှောက်ထားခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဆင့်တွေခွဲတယ်ဆိုတာက အရင်တုန်းက အနစ်နာခံပြီး မူကြိုပြအဖြစ်လုပ်တဲ့သူတွေထဲမှာ ၈ တန်း ပဲအောင်သေးတဲ့သူတွေနဲ့ ဘွဲ့မရသေးတဲ့သူတွေပါနေသေးတယ်။ ဒါကြောင့်ဘွဲ့ရတဲ့သူနဲ့ ၈ တန်းပဲ အောင်တဲ့သူကိုတော့ တန်းတူထားပေးလို့မရဘူးလေ။ သူတို့ကမကြိုးစားရင် ပညာအရည်အချင်းကကျ မယ်။ ဘွဲ့ရရင် လစာတိုးရမယ်ဆိုရင် ဘွဲ့မရသေးတဲ့သူတွေက ဘွဲ့ရအောင်ကြိုးစားကြမှာဖြစ်တဲ့အ တွက် ဆရာမကြီးတို့အဖွဲ့က ထပ်ပြီးအစီအစဉ်တွေရေးပြီး တင်ပြစရာတွေရှိသေးတယ်။ မူကြိုဆရာ အသစ်တွေ အတွက်တော့ သတ်မှတ်မှာတွေရှိနေသေးတယ်” ဟုယင်းက ထပ်မံပြောသည်။

မူကြိုဆရာ၊ ဆရာမများကို နိုင်ငံဝန်ထမ်းအဖြစ် အသိအမှတ်ပြုမည်ဖြစ်သည့်အတွက် ဆရာများခန့် ထားရာတွင် လက်ရှိကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာများကိုဦးစားပေးအနေဖြင့် ခန့်ထားသွားမည်ဖြစ်ကြောင်း၊ မူကြိုသင်တန်းဆင်းဆရာများကို အဆင့်အလိုက် ရာထူးလစာများပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မူကြိုကို ၂၅ ရာခိုင်နှုန်းအထိရောက်အောင် သွားမှာပါ။ ကလေးတွေ ကို ငယ်ရွယ်စဉ်ကတည်းက ပြုစုပျိုးထောင်ရင် ကြီးမှပြုစုပျိုးထောင်တာထက် ပိုကောင်းတဲ့သုတေသန ပြုချက်တွေ ရှိတဲ့အတွက် မူကြိုကဏ္ဍဟာလဲ အလေးထားဆောင်ရွက်ရမယ့်ကဏ္ဍဖြစ်ပါတယ်” ဟု ပညာရေး ဒုတိယဝန်ကြီးဒေါက်တာ ဇော်မင်းအောင်ကပြောသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများတွင် မူကြိုတန်းများဖွင့်လှစ်မည်ဆိုပါက ခွင့်ပြုပေး ထားပြီး မူကြိုသင်ရသည့်ဆရာများကို ကျောင်းမှဆရာများကိုဖြစ်စေ၊ အခြားဘွဲ့ရဆယ်တန်းအောင်သူ များကိုဖြစ်စေ ရပ်ရွာ၏ငွေထောက်ပံ့မှုဖြင့် ငှားရမ်းသင်ကြားမှုများပြုလုပ်ရကြောင်း၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ဖွင့်လှစ်သည့်မူကြိုများတွင် သင်ကြားရသည့်ဆရာများကို ယင်းဌာနကပင် လစာထောက်ပံ့ပေး ကြောင်း သိရသည်။ 


Democracy Today Daily
ဇူလိုင် (၁၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...