ငါးသံပုရာပေါင်း ချဉ်စပ်
ငါးတကောင်
ဆားနည်းနည်း
ကြက်သွန်ဖြူ ချင်း
သံပုရာသီး
သကြားနည်းနည်း
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း(အနီ/အစိမ်း)
ပူဒီ(စီ)နံ
ပြင်ဆင်ချက်ပြုတ်နည်း
ချင်းနဲ့ကြက်သွန်ဖြူကို ပါးပါး ရှည်ရှည်လေးတွေ လှီးပါ။ ပန်ကန်တချပ်ထဲမှာ ရေသေချာဆေးထားတဲ့ ငါးကို ထည့်ပါ။
ချင်းနဲ့ကြက်သွန်ဖြူကို ပါးပါး ရှည်ရှည်လေးတွေကို ငါးပေါ်မှာနဲ့ ငါးဗိုက်ထဲကို ထည့်ပေးပါ။ အပေါ်ကနေ ဆားနည်းနည်းဖြူးပေးပါ။
သံပုရာသီး အဝိုင်း လှီးထားတာလေး ၁ ခု ၂ ခုလောက် ထည့်ပေးပါ။ အိုးတလုံးထဲမှာ ရေထည့် ပုဂံလုံဖြစ်ဖြစ် တခုခုကို ခုဏက ငါးထည့်ထားတဲ့ ပုဂံတင်ဖို့ ထည့်ပါ။ ရေအများကြီး မထည့်မိပါစေနဲ့။
လိုအပ်ရင် ထပ်ထည့်လို့ရပါတယ်။ ရေနွေးငွေ့နဲ့ပဲပေါင်းမှာပါ။
ပြီးရင်သာ အဖုံးအုပ်ဖို့ မမေ့ပါနဲ့။
သံပုရာသီးကို အရည်ညှစ်ထားပါ။
သကြားနည်းနည်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်း(အနီ/အစိမ်း) ပူဒီ(စီ)နံ စတာတွေကို မညက်တညက်လေး ရောသာထောင်းထားပါ။
ပြီးရင် ညှစ်ထားတဲ့ သံပုရာရည်နဲ့ ရောပြီး မွှေထားပေးပါ။
ငါးငံပြာရည်လေး နည်းနည်းထည့်ပါ။
ငါးပေါင်းထားတာ ၁၅မိနစ်ဆိုရင် ငါးက သေချာပေါက် ကျက်ပါပြီ။
ပေါင်းထားတဲ့ ငါးပုဂံကို အိုးထဲကထုတ် ခုဏက ပြင်ထားတဲ့ သံပုရာချဉ်စပ်အရည်ကို ငါးပေါင်းပေါ်ဖြန့် တင်ပေးပါ။
ငါးသံပုရာပေါင်းရပါပြီခင်ဗျာ။
ငါးငံပြာရည်လေး နည်းနည်းထည့်ပါ။
ငါးပေါင်းထားတာ ၁၅မိနစ်ဆိုရင် ငါးက သေချာပေါက် ကျက်ပါပြီ။
ပေါင်းထားတဲ့ ငါးပုဂံကို အိုးထဲကထုတ် ခုဏက ပြင်ထားတဲ့ သံပုရာချဉ်စပ်အရည်ကို ငါးပေါင်းပေါ်ဖြန့် တင်ပေးပါ။
ငါးသံပုရာပေါင်းရပါပြီခင်ဗျာ။
ref;https://www.facebook.com/hubbykitchen
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook