ချစ်သူဆရာဝန် မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်


အခင်းဖြစ်ပွားသည့် မိန်းကလေးနေအိမ် (ဓာတ်ပုံ - ကံသာ)

ရှစ်နှစ်ကြာလက်တွဲလာခဲ့သည့် ချစ်သူဆရာဝန် မိန်းကလေးကို လူမှုရေးပြဿနာကြောင့် ဓားဖြင့် ၁၁ ချက်ထိုး ၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ ၂၉ ရက်ညကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကောင်မလေးအိမ်မှာပဲ လူသတ်မှုဖြစ်တာပါ။ သတ်တဲ့လူ ကိုယ်တိုင် ရဲစခန်းကို လာအဖမ်း ခံတာပါ။ ကောင်လေးက နိုင်ငံခြားက ပြန်လာတာ ရက်ပိုင်းပဲ ရှိသေးပြီး သူတို့ချင်း လူမှုရေးပြဿ နာကြောင့် သတ် တာလို့ဝန်ခံပါတယ်’’ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သေဆုံးသူ အမျိုးသမီးမှာ ဆရာဝန်တစ်ဦးဖြစ်ပြီး အသက်(၂၆) နှစ်ရှိပြီဖြစ်ကာ ၎င်းနေထိုင်ရာ မူဆယ်မြို့ တောင်ရပ်ကွက် နေအိမ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် (၃၀) အရွယ်ရှိ ပြီး ၎င်းကို မူဆယ်မြို့မရဲစခန်းတွင် ထိန်း သိမ်းထားကာ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။


7Day News Journal 
No.426 Tuesday, July 1, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...