အဘွားဖြစ်သူကို နေ့စဉ် စောင့်ရှောက် ပေးနေတဲ့ မြေးအလိမ္မာ

ယနေ့ ခေတ်မှာ သက်ကြီး ရွယ်အို ပြုစု စောင့် ရှောက်မှု အလွန် အားနည်း နေပြီ ဖြစ်ပါတယ်။ သက်ကြီး ရွယ်အို တွေကို စောင့်ရှောက် ရာမှာ တာဝန် တစ်ခုလို အချိန်ပေးရတာမို့ ဆွေမျိုး သားချင်း အချင်းချင်းတောင် ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံက အသက် (၂၄)နှစ် သာ ရှိသေးတဲ့ အမျိုးသမီး တစ်ဦးဟာ အသက် (၈၈) နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့အဘွားကို ဂရုတစိုက် စောင့်ရှောက် ပေးတာမို့ ချီးကျူးခြင်း ခံခဲ့ရပါတယ်။ လီဟွာက ချောင်ကွင်း မြို့မှာ နေထိုင်ပြီး အဘွားဖြစ်သူကို နေ့စဉ် ဂရုစိုက်လေ့ ရှိပါတယ်။ လီဟွာရဲ့ မိဘနှစ်ပါးဟာ ကျေးလက်ဒေသမှာ နေထိုင်ပြီး နေ့စဉ်အလုပ်ဝင်နေရတာမို့ အဘွားဖြစ်သူကို စောင့်ရှောက်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် လီဟွာက အဘွားဖြစ်သူကို ခေါ်ယူထားခြင်း ဖြစ်ပါတယ်။ လီဟွာ ငယ်စဉ်ဘ၀တုန်းက အဘွားဖြစ်သူရဲ့ မေတ္တာ တရားကို အပြည့်အ၀ ရခဲ့ပါတယ်။ လီဟွာဟာ ငယ်စဉ်ဘ၀က အဘွားဖြစ်သူနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန် တွေကို အမြဲသတိရခဲ့ပြီး အကောင်းဆုံး စောင့်ရှောက်မှုတွေ ပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လီဟွာဟာ စားသောက်ဆိုင် ဖွင့်လှစ်ထားပြီး အလုပ်သွားတဲ့အခါတိုင်း အဘွား ဖြစ် သူကို ချီပိုးသွားလေ့ရှိပါတယ်။ အဘွားဖြစ်သူရဲ့ နေ့စဉ်အလုပ်တွေကို လုပ်ပေးခဲ့ပေမယ့် တစ်ချက်မှ စိတ်ပျက်ခြင်းမရှိဘဲ လုပ်ကိုင်ပေးနေ တာမို့ ကြင်နာမှု ကင်းမဲ့နေတဲ့ လူ့ အဖွဲ့ အစည်းအတွက် စံနမူနာ ယူသင့်ကြောင်း ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။


ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...