ကွန်ဒုံးဖြင့် ပြုလုပ်သော အမျိုးသမီးဝတ် ဂါဝန်ဒီဇိုင်း

ဘရာဇီးနိုင်ငံသူ Adriana Bertini က အမျိုးသမီး ဂါဝန် ဖက်ရှင် ဒီဇိုင်းကို တစ်မူ ထူးခြားစွာ ပြု လုပ်ထား ပါတယ်။ အဆိုပါ အမျိုး သမီးဝတ် ဂါဝန်ဖက်ရှင် ဒီဇိုင်းကိုတော့ လိင်အပျော် ကျူးရာတွင် အကာအကွယ် ခံပစ္စည်း ကွန်ဒုံးကို အသုံးပြုလို့ ဂါဝန်ဖြစ်အောင် ဖန်တီးထားတာ ကတော့ လက်ရာမြောက် လှပါတယ်။

ကွန်ဒုံးတွေကို ညီညာစွာ စနစ်တကျစီရီကာ ဂါဝန်တစ်ခု ပြုလုပ် ဖန်တီး ထားတဲ့ ဘရာဇီးနိုင်ငံသူ Adriana Bertini ဟာ ပန်းချီ ဆရာမ တစ်ဦးဖြစ်ပြီး လူမှုကိစ္စ အရေးများကို တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ပန်းချီဆရာမ Adriana Bertini က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပမယ့် AIDS ရောဂါ တိုက်ဖျက်ရေး အစည်းအဝေးပွဲမှာ မော်ဒယ်ရှိုး လျှောက်မယ့် မော်ဒယ်လေးတွေ အတွက် တီထွင် ဖန်တီးထား တဲ့ ဂါဝန်ပဲဖြစ် ပါတယ်။

ဗိမငညေ ဘရာဇီးနိုင်ငံ ဒီဇိုင်နာတစ်ဦးနဲ့ တွဲဖက်ဆောင်ရွက်ကာ သေသပ်လှပတဲ့ ဂါဝန်တစ်ခုဖြစ် လာအောင် ပုံဖော်ဖန်တီး ထားပါတယ်။ ယင်းဂါဝန်ကို ဖန်တီးရာတွင် ကွန်ဒုံးကို အသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ အပျော်အပါးလိုက်စားမယ့် လူငယ်တွေသာမက လူကြီးများအနေနဲ့ ပြည့်တန်ဆာ များနဲ့ အတူ နေထိုင်ရာတွင် ရောဂါ အကာအကွယ်ခံ ကွန်ဒုံးကို အသုံး ပြုရန် တိုက်တွန်းတဲ့ ရည်ရွယ်ချက် ပဲဖြစ်တယ်လို့ သူမက ဆိုခဲ့ပါတယ်။
















ref : Daily Mail
Yangon Media Group
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...