အဖြစ်များတဲ့ မိုးရာသီရောဂါများ



(၁) ၀မ်းပျက်ဝမ်းလျော ရောဂါ

ယခုလိုမိုးရာသီရောက်တိုင်း နှစ်စဉ်ကူးစက်ပြန့် ပွားနေကျ ရောဂါဆိုးတစ်ခုပါ။ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရပ်ကွက်နှင့် လမ်းများပေါ်က ရေဆိုးရေညစ်များနှင့်အတူ မိုးရေလျှံလာပါတယ် အဲဒီနောက် ရေပြန်ကျသွားတဲ့အခါ အညစ်အကြေးအနယ် အနှစ်တွေ တင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae(ခေါ်) ၀မ်းရောဂါကူးစက်ရောဂါပိုးမွှားပေါက်ပွားမှု များပြားလာတဲ့အတွက် ၀မ်းပျက် ၀မ်းလျောရောဂါ ဖြစ်လာ ရပါတယ်။ ဒါ့ပြင် မိုးရွာ၍ရေကြီးစဉ် ထိုညစ်ညမ်းသောရေထဲ ဖြတ်ေ လျှာက် သွားပြီးနောက် တစ်ကိုယ် ရေသန့် ရှင်းမှုအားနည်းခြင်းကလည်း ရောဂါပိုးကူးစက်ခံရ ဖို့ သေချာသလောက်ရှိနေပါပြီ်။ 

မသန့် ရှင်းသည့် အစားအစာများ၊ မသန့် ရှင်းသည့် သောက်ရေ သုံးရေများ၊ အမှည့် လွန်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ သန့် ရှင်းမှုအားနည်းသည့် လမ်းဘေးအစားအစာများ စသည်တို့ ကို အထူးသတိပြု ရှောင်ရှားရပါမယ်။ သို့ မဟုတ်ပါက နောက်ဆက်တွဲ ပြဿနာများအဖြစ် အစာအိမ်နာခြင်း နှင့် အစာအဆိပ်သင့်ခြင်း အတွက်ပါ စိုးရိမ်ရပါတယ်။ အထူးသဖြင့် ကိုယ်ခံ အားနည်းသော ရင်ခွင်ပိုက် ကလေးငယ်များ၊ ကျောင်းနေရွယ်ကလေးများ နှင့် သက်ကြီးရွယ် အိုတွေ အတွက် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ဝမ်းရောဂါဖြစ်ပွားသူ သုံးသန်းမှ ငါးသန်းအထိရှိပြီး၊ ၄င်းတို့ အနက် တစ်သိန်းကျော် ဟာ ၀မ်းရောဂါကြောင့်သေဆုံးကြ ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ထုတ်ပြန်ကြေငြာ ထားပါတယ်။

နာရီပိုင်းအတွင်းမှာပဲ ဆန်ဆေးရေအရောင် ၀မ်းတွေအဆက် မပြတ်သွားခြင်း(သို့ မဟုတ်) တစ်နေ့  တည်းမှာပင် ၀မ်းအရည် ၃-ကြိမ် နှင့်အထက် ၀မ်းသက်ခြင်း၊ ၀မ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ မှိန်း၍ ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း(သို့ မဟုတ်) ခံတွင်းခြောက်၍ ရေ အငမ်းမရသောက်ပြီးနောက် ထိုရေအတိုင်း ၀မ်းသွားခြင်း ပြန်အန်ထွက်ခြင်း စတဲ့ ရောဂါလက္ခဏာများ ပြနေပြီဆိုပါက ဓာတ်ဆားရည်များများသောက်၍ နီးစပ်ရာ ဆေးရုံဆေးခန်းသို့  မဆိုင်းဘဲပြသင့်ပါတယ်။ အခြားသူများသို့  ဆက်လက်၍ မကူးစက်နိုင်အောင် ၀မ်းသွားပြီးတိုင်း သန့် စင်ခန်း(အိမ်သာ)ကို ရေနိုင် နိုင်လောင်းချ သင့်ပါတယ်။ ၀မ်းပျက်ဝမ်းလျောခြင်းကို ထိရောက်စွာ ကုသမှု မခံယူဖြစ်ပါက ခန္ဓာကိုယ်ထဲ မှာ ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျ ကာ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်လို့  မပေါ့ဆ သင့်ပါဘူး။

(၂) အအေးမိ-နှာစေး-ချောင်းဆိုး ရောဂါ

မိုးရာသီရောက်တိုင်း အရွယ် ၃-ပါးမရွေး ကြုံတွေ့ ရတဲ့ ကူးစက်ရာသီရောဂါတစ်မျိုးဘဲ ဖြစ်ပါတယ်။ “အအေးမိ-နှာစေး-ချောင်းဆိုး ရောဂါအစ မိုးမိခြင်းကစ ” လို့  မှတ်သား သင့်ပါတယ်။ ဒါကြောင့် မိုးမိ လာတဲ့အခါ ရေစိုအ၀တ်များ ချက်ချင်းလဲပါ၊ ဆံပင်စိုများကို ခြောက်သွေ့ အောင်လုပ်၍ နွေးနွေးထွေးထွေး ဖြစ်သွားအောင် ရေနွေးပူသောက်ပေးပါ။ ရုံး၊ ကျောင်း၊ ဘတ်စ်ကား စတဲ့ လူဦးရေ ထူထပ်သောနေရာ တွေမှာ ကိုယ်ခံအားမကောင်းသူများအဖို့  ကူးစက်ပြန့် ပွားနိုင်ခြေ အလားအလာများပါတယ်။ အအေးမိ ဖျားနာခြင်းကြောင့် အသက်အန္တရာယ် မစိုးရိမ်ရသောငြား၊ အဖျားပျောက်ပြီး ချောင်းတဟွတ်ဟွတ် စွဲကျန် ရစ်ခဲ့ပါတယ်။ တခြားသူများကို ဆက်လက် မကူးစက်အောင် လက်ကိုစင်ကြယ်စွာ ဆေးကြောပါ၊ နှာချေ ချောင်းဆိုးတဲ့ အခါမှာလည်း တစ်ခါသုံး တစ်ရှုးသုံး၍ စံနစ်တကျစွန့် ပစ်ပါ။ အထူးသဖြင့် ကိုယ်ခံအားနည်း သောကလေးများ နှင့် သက်ကြီး ရွယ်အိုများမှာ ဗိုင်းရပ်စ်ပိုးကူး စက်လွယ်၍ အချိန်မရွေး ဖျားနာတတ်တာ ကြောင့် အအေး မိတုပ်ကွေးဖျားနာပျောက်ဆေးများ အိမ်မှာအသင့်ဆောင်ထားခြင်း၊ ကိုယ်ခံအား ကော င်းအောင် ဗီတာမင်စီဆေးပြားများ သောက်ခြင်း၊ ရေများများသောက်ခြင်း၊ သန့် ရှင်လတ်ဆတ်သော ဟင်းရွက်စိမ်းများ စားသုံးခြင်း၊ အရည်ရွှမ်းသော လိမ္မော်သီးစားခြင်း၊ နေ့ စဉ်သွားလာနေကြသော ရုံးသူ ရုံးသား၊ ကျောင်းသူ ကျောင်းသားများ အနေဖြင့် အ၀တ်အစားအပို ဆောင် ထားခြင်း စသည်ဖြင့် ကြိုတင် ကာကွယ်ထားသင့်ပါတယ်။

(၃) တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါဟာ အထက်ပါအမှတ်စဉ်တွင် ဖော်ပြခဲ့တဲ့ ရိုးရိုး အအေးမိ-နှာစေး-ချောင်းဆိုးရောဂါ နှင့် ခပ်ဆင်ဆင် တူပါတယ်။ ဒါကြောင့်လည်း လူအများစုက မိမိအိမ်မှာပင် သာမန်အကိုက် အခဲပျောက် ဆေး လေးတွေသောက်၍ ရောဂါတော်တော်နှင့် မပျောက်နိုင်ဘဲ ရောဂါပြင်းမှသာ ဆေးရုံဆေးခန်းသို့ ရောက် လာတတ်တာကြောင့် အခန့် မသင့်ရင် အသက်ဆုံးရတဲ့ သာဓကများ တွေ့ ရပါတယ်။ တကယ်တော့ တုပ်ကွေးရောဂါဟာ ရိုးရိုးအအေးမိရောဂါထက် ပိုမိုပြင်း ထန်၍ အဖျားကြီးကာ အဖျားတာရှည် ပါတယ်။ ခေါင်းကိုက်၊ ချောင်းဆိုး၊ အင်အားကုန်ခမ်းမောပမ်းခြင်း နှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့ ဟာ တုပ်ကွေး လက္ခဏာများဖြစ် ပါတယ်။ တုပ်ကွေးရောဂါက အသက် ၆-လ နှင့်အထက်မှစ၍ ဖြစ်နိုင်တာကြောင့် လည်း ထိုအရွယ် ရင်သွေးငယ် များအတွက် မိုးဦးကျ မတိုင်မီကတည်းက ၁-နှစ် ၁-ကြိမ် တုပ်ကွေး ကာ ကွယ်ဆေး ကြိုတင် ထိုးပေးထားသင့်ပါတယ်။ လူကြီးလူငယ်မရွေး ရောဂါဖြစ် နိုင်ပြီး၊ အကယ်၍ အဆုပ် ရောင်ရောဂါ၊ နားပြည်ယို၊ ထိပ်ကပ်နာ နှင့် ရေဓာတ်ခမ်းခြောက်ရောဂါ အခံရှိသူများအဖို့  တုပ်ကွေးရော ဂါ ဖြစ်လာ တဲ့အခါ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကူးစက်လွယ်ရောဂါတစ်မျိုး ဖြစ်တာကြောင့် လည်း လူနာကို ထိတွေ့ ကိုင်တွယ်ခြင်း၊ တံတွေး သလိပ်ကို ထိတွေ့ မိခြင်း၊ လူနာဆီမှ နှာချေ ချောင်းဆိုး စကားပြောစဉ် ဗိုင်းစပ်ပါလာသော လေများကို ရှုရှိုက်မိရာကတဆင့် အလွယ်တကူ ကူးစက်နိုင်လို့  သတိဖြင့်ယှဉ်၍ ကာကွယ်ခြင်းဖြင့် လက်ဦးမှုကို အရယူပါ။

(၄) သွေးလွန်တုပ်ကွေးရောဂါ

မြန်မာပြည်မှာ တစ်နှစ်ပတ်လုံး ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပြီး၊ အထူးသဖြင့် မိုးရာသီမှာ အဖြစ်များ ပါတယ်။ စစ်တမ်းများအရ၊ အသက် ၃-နှစ်မှ ၈-နှစ်အရွယ်တွေမှာ အဖြစ်များကြောင်းတွေ့  ရပါတယ်။ အသက် ၁၅ နှစ်အောက် ဖြစ်ပွားနှုန်းများတဲ့အပြင်၊ လူကြီးများမှာလည်း ဖြစ်တတ်တာကြောင့် အသက် အပိုင်းအခြားမရှိ ဖြစ်တတ်တဲ့ရောဂါလို့ ဆိုရမှာပါ။ ကျန်းမာရေးဝန်ကြီး ဌာန၏ မှတ်တမ်းများအရ၊ မြန်မာနိင်ငံတွင် ၁၉၆၅ ခုနှစ်မှစ၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာခဲ့ကြောင်း၊ ၁၉၇၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၁၊ ၂၀၀၄၊ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်များမှာ ကပ်ရောဂါအသွင်ပြောင်း သွားကြောင်း၊ အထူး သဖြင့် ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်များမှာ ရောဂါဖြ စ်နှုန်း နှင့် လူသေနှုန်း အများဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၃ ခုနှစ်မှာ သွေးလွန် တုပ်ကွေးရောဂါဖြင့် သေဆုံးသူဦးရေ ၆-ဆကျော်သည် အထိ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ပထမ ၄-လအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သူဦးရေ ၂၆၀ ကျော်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် မေလ ၁-ရက်မှ ၁၀-ရက်အတွင်းမှာ ရောဂါဖြစ်ပွားသူဦးရေ ၇၀-ကျော်ထိရှိနေပြီး လူသေဆုံးမှုများ ပင်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား မှုမြင့်မားသည့် နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း လေ့လာတွေ့ ရှိရပါတယ်။ ရောဂါ လက္ခဏာများမှာ ၂-ရက် မှ ၃-ရ က်အတွင်း အပြင်းဖျား၍ ပျို့ အန်ခြင်း၊ ခန္ဓာကိုယ်အနှံ့  အနီစက်များ ထွက်ခြင်းဖြစ် လာပါတယ်။ ဆေးရုံဆေးခန်းသို့ မသွားခင် ဓာတ်ဆားရည်တိုက်ခြင်း၊ ပါရာစီတမောလ် (အကိုက်အခဲပျောက်ဆေး) တိုက်ခြင်းပြုပေးပါ။ ဆက်လက်ပြီး ရောဂါစဖြစ်ချိန် မှစ၍ ၃-ရက် မှ ၅-ရက် အတွင်း ဆက်လက်၍ကိုယ်ပူနေခြင်း(သို့ မဟုတ်) တလှည့်စီဖြစ်ခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊ မကြာခဏဆိုသလို အညိုရောင် အရည်များအော့ အန်ခြင်း၊ မှိန်းနေခြင်း၊ ကတ္တရာစေးအရောင် ၀မ်းမည်း တွေသွားခြင်း စတဲ့သွေးလန့် သည့် လက္ခဏာများပြလာပါက အချိန်မဆိုင်းဘဲ ဆရာဝန်နှင့်ပြသင့်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါဆိုတာ ထိုရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကျားကိုက်ခံရခြင်းမှ ကူးစက်ပြန့်  ပွားလာတာကြောင့် အထိရောက်ဆုံးကာ ကွယ်နည်းကတော့ ခြင်ကိုက်မခံရစေဖို့ ပါဘဲ။ ဒါကြောင့် အကျီလက်ရှည်၊ ပုဆိုးရှည်ရှည် ၀တ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ခြင်ထောင်ကို ၆-လ တစ်ကြိမ် ဆေးစိမ်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွါးစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေ၀င်လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင် သန့် ရှင်းရေးပြုလုပ်၍ စွန့် ပစ် ပစ္စည်းများကို မြေမြှုပ်ခြင်း(သို့ မဟုတ်)မီးရှို့ ခြင်း၊ ခြံတွင်းခြံပြင် ချုံ နွယ်ပိတ်ပေါင်း များရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ ဖုံး-သွန်-လဲ-စစ် ပြုလုပ်ခြင်း၊ ဆေးခတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းတို့  ပြုပေးသင့်ပါတယ်။ ဒါ့ပြင် ခြင်မခိုအောင်းနိုင်ရန် ဘုရားပန်း အိုးတွေကို နေ့ စဉ်ရေသစ်လဲခြင်း၊ ခြံထဲရှိ အသုံးမပြုဖြစ်သေးတဲ့ ပန်းအိုးအခွံ(အလွတ်)များကို မှောက်ထားခြင်း၊ ရေသွန်ရန် အခက်အခဲရှိတဲ့ အုတ်ကန်၊ ရေစည်၊ ရောကန် များထဲသို့  ပိုးလောက်လန်း စားသော ငါး (သို့ မဟုတ်) အဘိတ်ဆေးထည့်ခြင်း ပြုပေးပါ။

(၅) ဌက်ဖျားရောဂါ

မြန်မာနိုင်ငံမှာ နှစ်စဉ် ဌက်ဖျားဖြစ်ပွားသူဦးရေ ၅-သိန်းခန့် ရှိပြီး၊ သေဆုံးသူဦးရေ ၁၀၀၀ ခန့်  ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ဌက်ဖျားရောဂါပိုး သယ်ဆောင်လာတဲ့ အနော်ဖီလီ ဟု အမည်ရသော ခြင်မကိုက်ခြင်းကြောင့် ဌက်ဖျား ရောဂါဖြစ်လာရပါတယ်။ ထိုကူးစက်ရောဂါပိုးဖြစ်စေတဲ့ ခြင်မတွေက ညအခါမှာ ပို၍ကိုက်လေ့ရှိပါတယ်။ ဌက်ဖျားရောဂါဟာ အသက်အရွယ်မရွေ ဖြစ်ပွား တတ်ပြီး၊ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ဌက်ဖျားရော ဂါဖြစ်တဲ့အခါ အချိန်မတိုင်မီ ကလေး မီးဖွားခြင်း၊ ကိုယ်အလေးချိန် မပြည့်သော ကလေးမွေး ဖွားခြင်း၊ မွေးဖွားပြီးပြီးချင်း ကလေးသေဆုံးခြင်း၊ သားလျှောခြင်း တို့ ဖြစ်နိုင်ပါတယ်။ ထိုခြင်မ ကိုက်ခံရပြီးနောက် ၁၀-ရက်မှ ရက်သတ္တ ၃-ပိတ်အတွင်း ဌက်ဖျားပိုးဝင်သွားပါပြီ။ ရောဂါ လက္ခဏာများမှာ ချွေးစေးများထွက်ကာ ဖျား၍ ချမ်းတုန်ခြင်း၊ ကိုယ်လက် မအီမ သာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အန်ခြင်း၊ ၀မ်းသက်ခြင်း တို့ ဖြစ်လာပါတယ်။ အကယ်၍ ရောဂါပြင်း ထန်လာပါက သွေးအားနည်းခြင်း၊ ဆီးထဲမှာ သွေးပါခြင်း၊ ဌက်ဖျားပိုး ဦးနှောက်ထဲ ရောက်ကာ သတိလစ်မေ့မြေခြင်း၊ အဖျားကြီးလွန်း၍ သတိလစ်မေ့မြောခြင်း၊ သွေးထဲမှာ သကြားဓာတ် လျော့ကျသွားခြင်း၊ အသက်ရှုလမ်းကြောင်းမှာ ပြဿနာကြီးဖြစ်လာခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သရက် ရွက်ကြီးခြင်း တို့ ဖြစ်လာပါတယ်။ ဌက်ဖျားရောဂါပိုး တစ်ကြိမ်ဝင်မိပြီဆိုတာနှင့် အမြစ်မပြတ်နိုင်တော့ ပါဘူး။ ဒါကြောင့် ဌက်ဖျားရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများမှာ လွန်စွာများပြား လှတာကြောင့် ခြင်ကိုက်မခံရလေအောင် နည်းအမျိုးမျိုးဖြင့် ကြိုတင်ကာကွယ် ထားသင့်ပါတယ်။ အကယ်၍ ဌက်ဖျား ရောဂါဖြစ်ပွားနိုင်တဲ့ အရပ်ဒေသများသို့ မဖြစ်မနေ သွားရောက်ရပါက ဌက်ဖျား ကာကွယ်ဆေးကို ကြိုတင် သောက်သုံးခြင်း(သို့ မဟုတ်)ကြိုတင်ဆေးထိုးခြင်း၊ ဆေးဆောင်ထားခြင်း ပြုလုပ်ပေးပါ။

(၆) အရေပြား ရောဂါ

မိုးရွာပြီးနောက် ဗွက်အိုင်များမှာ ခြေဆော့စကားခြင်း၊ ဗွက်အိုင်ကို မရှောင်ဘဲ တမင်တကာ နင်းဆော့ လေ့ရှိတဲ့ အသက် ၃ နှစ်မှ စ၍ အလတ်တန်းကျောင်းသား အရွယ်တွေဟာ မိုးရာသီရောက်တိုင်း ပွေး၊ ၀ဲစို၊ ၀ဲခြောက်၊ ရေ၀ဲ၊ သဲဝဲ၊ ညှင်း၊ နှင်းခူ စတဲ့ အရေပြား ရောဂါတွေ အဖြစ်များပါတယ်။ ထို့ ပြင် အပြင်မှ ပြန်လာပြီးတိုင်း ခြေထောက်ဆေးကြော သန့် ရှင်းမှုအားနည်းတဲ့ လူကြီးများမှာလည်း အလားတူ အရေ ပြား ယားနာများ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ သွေးမသန့် ဘဲ အရေပြား မှိုစွဲလေ့ရှိသူများကလည်း မိုးရာသီ၏ စိုထိုင်းဆမြင့်မားလာမှုကြောင့် လက်ချောင်းများ( သို့ မဟုတ်)တကိုယ်လုံး ယားနာဖြစ်တတ် ပါသေးတယ်။ ရေ၀ဲ၊ သဲဝဲ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ရေစုပ်ယူထားနိုင်တဲ့ ကတ္တီပါဖိနပ် များမစီးပါနှင့်၊ မိုးတွင်းစီး ဖိနပ်ကိုသာ စီးပါ၊ မိုးရွာထဲကနေ အိမ်ကိုပြန်ရောက်ရောက်ချင်း ခြေထောက်များ ကို ကာဘော်လိပ်ဆပ်ပြာ ဖြင့် တိုက်ချွတ်ဆေးကြောပါ။ အကယ်၍ အရေပြားမှိုစွဲ၍ ယားနာများပေါက်လာ ပါက Fungidum (သို့ မဟုတ်) Betnovate-N တို့ လို မှိုသတ်ဆေးများလိမ်းပါ။ ဆိုးဆိုးရွားရွား ယားနာ ခြင်းအတွက်ကတော့ ဆေးထိုးခံကုသခြင်းဖြင့် အချိန်တိုအတွင်း ပျောက်ကင်းနိုင်ပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

Promise Pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...