" မိုး အမှတ်တရကတော့ အကယ်ဒမီရခဲ့တဲ့ မိုးညအိပ်မက်မြူ ဇာတ်ကားပဲလို့ဆိုသူ နေတိုး "



မိုးတွင်းရိုက်ကွင်းအမှတ်တရကတော့ တခြား ရာသီရိုက်ကွင်းတွေ ထက်ပိုအမှတ်တရ ရှိကြောင်း နေတိုး က ပြောပြပါတယ်။

” အဓိကကတော့ အနုပညာနဲ့ပတ်သက်ပြီဆိုရင် မိုးရွာလို့ out door ရိုက်မရလို့ ရှုတင်ခဏ စောင့်ရတာ မျိုး၊ အချိန်ဆိုင်းတာမျိုးတွေလည်း ကြုံဖူးတယ်။ အထူးသဖြင့် အမှတ်တရက ကျွန်တော် အနုပညာ အလုပ် စလုပ်ခါစ ကာရာအိုကေ တအားခေတ်စားတဲ့ အချိန်တုန်းက တကယ်မိုးရာသီထဲမှာ မိုးအစစ်နဲ့ ရိုက်ခဲ့တဲ့ ကာရာအိုကေတွေလည်း ရှိတယ်” လို့ နေတိုး ကပြောပြပါတယ်။

မိုးတွင်းမှာ ကြုံတွေ့ရတဲ့ ရိုက်ကူးရေး အခက်အခဲနဲ့ ပတ်သက်ပြီးလည်းနေတိုးက ” မိုးရွာရင် ရေငွေ့တွေ က ကင်မရာကို ပျက်စီးစေတယ်။ ပြီးတော့ တကယ့် မိုးအစစ်ဆိုရင် မီးတို့မှန်တို့ ထိုးဖို့ အဆင်မပြေတော့ လိုက်တင် မကောင်းဘူး။ အဲဒီတော့ ရိုက်ကူးမှု ပြုလုပ်ကြတာ ရှားတယ်။ အဲဒီလို မိုးရာသီမှာ ရိုက်ကူးခွင့် ရရှိလိုက်တာမို့ ကျွန်တော် ကံကောင်းတယ်လို့ ဆိုရပါမယ်” လို့ ပြောပြပါတယ်။

ဘဝမှာ “မိုး” နဲ့ပတ်သက်ပြီး မေ့လို့မရတဲ့ အတိတ်တွေရှိခဲ့ ဖူးလားလို နေတိုးကိုမေးကြည့်တော့..” ရှိ တယ်။ ကျွန်တော်ရိုက်ခဲ့သမျှ မိုးပါတဲ့ ဇာတ်ကားဆိုရင် မိုးအတုတွေ များတယ်။ အထူးသဖြင့် “မိုး” နဲ့ ပတ်သက်ပြီး မေ့လို့မရတဲ့ အရင်က အတိတ်ဆိုရင် ကျွန်တော်အကယ်ဒမီရတဲ့ ဇာတ်ကားပါပဲ။ ” မိုးည အိပ်မက်မြူ” ပေါ့။

အဲဒီမှာပါတဲ့ မိုးအခန်းတွေက အတုတွေလေ။ ဒါပေမဲ့ တကယ့်မိုး အစစ်လိုပဲ ခံစားရတယ်။ မိုးပါတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီရတဲ့အတွက် ပိုပြီး မိုးကို အမှတ်တရဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။


ထူးထူး
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...