အမွေကိစ္စ အမြန် အဆင်ပြေစေသော ယတြာ

ဝါးလုံးပေါ်တွင် ၀က်ဝံရုပ် ကပ်၍ ဖက်အိပ်ရသော ယတြာ

တစ်နေ့တွင် မိန်းကလေး တစ်ဦးသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာလေ၏။ ထိုမိန်းကလေး ပြောပြချက် အရ သူ၏မိဘများ ဆုံးပါး သွားသောအခါ မိဘ၏ အမွေအနှစ်များကို အဒေါ်ဖြစ်သူက ထိမ်းသိမ်း ပေးထားသည်ဟု ဆို၏။ သို့ရာတွင် အဒေါ်က တကယ်မပေးဘဲ ညစ်နေသည်ဟု ဆို၏။

ကျွန်ုပ်လည်း ၀ါးလုံးတစ်လုံး ရှာပြီးလျှင် ထိုဝါးလုံး၌ ၀က်ဝံပုံပတ်၍ အိပ်ရန် ထိုမိန်းကလေးအား မှာကြား လိုက်လေ၏။ မိန်းကလေးသည် ထိုဝါးလုံးကို ဖက်၍ အိပ်လေ၏။ တစ်ပါတ်ခန့် ကြာသောအခါ အဒေါ်ဖြစ်သူသည် ရှေ့နေ ရှေ့ရပ်ခေါ်၍ စာချုပ် စာတမ်းနှင့်အတူ ပေးစရာရှိသည့် ငွေများကို ထုတ်၍ ပေးသည်ဟုဆို၏။

ထိုအချိန်မှစ၍ ကျွန်ုပ်သည် အမွေကိစ္စ ပေါ်ပေါက်လာသူများကို ၀ါးလုံးတွင် ၀က်ဝံပုံကလေး ကပ်၍သာ ဖက်၍ အိပ်ခိုင်းသည် ချဉ်းဖြစ်၏။ ထိုသို့ ပြုလုပ်တိုင်းလည်း ကြန့်ကြာနေသော အမွေများသည် ချောချော မောမော ရသည်သာ များလေသည်။

ယခုစာဖတ်နေကြသော ၇ ရက်သားသမီး များထဲမှလည်း အမွေကိစ္စ ရင်ဆိုင်နေရတယ်ဆိုရင် အထက်ပါအတိုင်း လုပ်နိုင်ကြပါသည်။

အားလုံးအောင်မြင် အဆင်ပြေကြပါစေ။

မြန်မာ.ရိုးရာဗေဒင်ပညာရပ်

ref;https://www.facebook.com/techbayda
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...