အလုပ်ခေါ်ရာတွင် အချို့က အဝေးသင်ဘွဲ့ရသူများကို ထည့်သွင်းမခေါ်ကြခြင်းကြောင့် အဝေးသင်တက်နေသူများ နစ်နာနေရဟုဆို


Wednesday, July 2, 2014

ရန်ကုန်၊ ဇွန် ၃၀- အလုပ်ခေါ်ရာတွင် အချို့က အဝေးသင် ဘွဲ့ရသူများကို ထည့်သွင်းမခေါ်သည့် ပြဿ နာ များစွာ ရှိသည့်အတွက် အဝေးသင် တက်နေသူများ နစ်နာနေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ပြောကြားလိုက်သည်။

''ငွေမရှိလို့ အဝေးသင်ပဲတက် ရတယ်လို့ပြောပေမယ့်လဲ ကျွန်မတို့ ဒေသတက္ကသိုလ်တွေ ဖွင့်နေပါပြီ။ ဒေသဆိုင်ရာ အလုပ်အကိုင် သင်တန်းတွေကို ဆက်ဖွင့်ပါမယ်။ အဝေးသင် တက်တာဟာ ပညာရပ် တကယ်ရမရ ပြန်ဆန်းစစ်ဖို့ အများကြီးလိုပါသေးတယ်။

အဝေးသင်ဘွဲ့နဲ့ ကျောင်း နေ့စဉ်တက်တဲ့ဘွဲ့နဲ့ ညီပါတယ်ဆိုတာကို ဘယ်သူ့ကိုမေးမေး ဖြေဖို့က တော် တော်လေး ခဲယဉ်းတယ်လို့ ထင်ပါတယ်။ ညီတယ်လို့လဲ ဘယ်သူမှ ပြောမှာမဟုတ်ပါဘူး။ ၁ဝ တန်း အောင်ပြီး လမ်းပေါ်မှာ ရောက်နေမှာစိုးလို့ အဝေးသင် အကုန်ပေး တက်လိုက်ဆိုရင် အဝေးသင် သင်နေ ရတဲ့ သူတွေကိုရော၊ အဝေးသင်တက္ကသိုလ် တွေကိုရော အင်မတန်အားနာပါတယ်။ ဘွဲ့ရပြီး အလုပ်ခန့် လို့မရဘူးဆိုတဲ့ စကားကိုပယ်ဖျက်ဖို့ ဒီပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာဖြစ်ပါတယ်'' ဟု ဒေါ်ခင်စန်းရီ က ပြောကြားသည်။

ဇွန် ၃ဝရက်က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပပြု လုပ်ခဲ့သော အဆင့်မြင့်ပညာရေးနှီး နှော ဖလှယ်ပွဲတွင် အဝေးသင်ပညာရေးနှင့် ပတ်သက်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာလှတင့် က နိုင်ငံတကာ အဝေးသင်တက္ကသိုလ်များနှင့် နှိုင်းယှဉ်ပါက Assessment System သည် များစွာ ကွာခြားသည့်အတွက် ညီမျှ စေရန်ထည့်သွင်းစဉ်းစားပေးရန်ပြော ကြားခဲ့သည်။

''နိုင်ငံတကာ အဝေးသင်မှာ ပထမနှစ်ဝက် စစ်ဆေးတာနဲ့ ဒုတိယ နှစ်ဝက် စစ်ဆေးတာနဲ့ သွားပါတယ်။ ကျွန်တော်တို့ဆီမှာ တစ်နှစ်လုံးမှတစ် ခါပဲ Assessment လုပ်ရပါတယ်။ ဒါဟာ အဝေးသင် ပညာရေးက UL system နဲ့ သွားနေရ တဲ့အတွက် ကြောင့်ပါ''ဟု ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့်က ပြောသည်။

အဝေးသင် တက်ရောက်မည့်သူများကို Assessment system ဖြင့် ဖြတ်ချပြီး ဘွဲ့လက်မှတ်ကို လွယ် လွယ် ထုတ်မပေးသည့် စနစ်ကို အရင်ဆုံး သွားနိုင်ရန်အတွက် တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည် ဖြစ်ပြီး အဝေးသင်ပညာရေး မြှင့်တင်မှု အစည်းအဝေးများကိုလည်း သီးသန့်ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါ်ခင်စန်းရီ ကပြောကြားခဲ့သည်။

''နယ်တွေမှာ အနုပညာရက် သတ္တပတ်၊ ဘာသာရပ်ရက်သတ္တပတ်တွေ ဘာလို့လုပ်စေချင်လဲဆိုရင် နယ် အစိုးရအဖွဲ့က ဘာလို့ဘာ ဖွင့်စေချင်သလဲဆိုရင် ကျောင်းနေ့ စဉ်တက်တာ ဘယ်လိုအဓိပ္ပာယ်ရှိတယ်။ အဝေးသင်တက်တာ ဘယ်လိုအဓိပ္ပာယ်ရှိတယ် ဆိုတာကို မြင်စေချင်တဲ့အတွက် ဖြစ်ပါတယ်''ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၆၀ ရာခိုင်နှုန်းခန့်သည် အဝေးသင်တက္ကသိုလ် များသို့ တက်ရောက်နေရ ကြောင်း၊ အဝေးသင်မှ ဘွဲ့ရရှိသူများကို ဘွဲ့ရပညာမတတ်ဟု ဝေဖန်မှုများရှိ ကြောင်း သိရသည်။

''ကျွန်မတို့ရုံးမှာတော့ တော်တော်များများက အဝေးသင်ဘွဲ့ရ တွေပါပဲ။ ဘွဲ့ရတွေကိုပဲ ဦးစားပေး အလုပ် ခေါ်ကြတာဆိုပေမယ့် အဝေးသင်ဘွဲ့မို့လို့ မခန့်ဘူး ဆိုတာမျိုးတော့ မရှိပါဘူး''ဟု မီဒီယာလုပ်ငန်းတစ်ခုမှ မဝေဝေခိုင်ဦးက ပြောသည်။

ATK
[--Democracy today Daily Newspaper--]
Democracytoday
Yangon Media Group
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...