ဟင်းချိုမှုန့်၏ အန္တရာယ်

ပြီးခဲ့တဲ့အပတ်က ဆွမ်းလောင်းဖို့အတွက် ဆိတ်သွေးခဲလေး ၀ယ်ဖြစ်ခဲ့တယ်၊
ဆွမ်းလောင်းမှာက နောက်နေ့ မနက်မှဆိုတော့.. ဆိတ်သွေးခဲလေးကို မိနစ်အနည်းငယ်မျှ ခဏပြုတ် ထားဖို့ စဉ်းစားလိုက်မိတယ်..။ ဆိတ်သွေးခဲ တုံးရင်းနဲ့ အတွေးတစ်ခု ၀င်လာတယ်..။ အချိုမှုန့်ရဲ့ အစွမ်း သတ္တိကို အိမ်က ညီမနဲ့ သူငယ်ချင်းတွေကို ပြချင်တာနဲ့.. လက်တွေ့စမ်းသပ်ခဲ့တယ်..
ဆိတ်သွေးခဲကို တစ်ဝက်ကို ဟင်းချိုမှုန့်၊ ဆားနဲ့နယ်လိုက်တယ်.. ကျန်တစ်ဝက်ကို ဟင်းချိုမှုန့်မထည့်ပဲ ဆားနဲ့ပဲနယ်ပြီး မိနစ်အနည်းငယ်မျှ ပြုတ်လိုက်တယ်. ပြုတ်ပြီးတော့ ထွက်လာတဲ့အဖြေက နံပါတ်(၁) ပုံက ဟင်းချိုမှုန့်မထည့်ပဲ ဆားနဲ့ပဲ နယ်ထားတဲ့ပုံ ဖြစ်ပါတယ်ရှင်…။ နံပါတ် (၂) ပုံက ဟင်းချိုမှုန့်၊ ဆားနဲ့ နယ်ထားပြီး ပြုတ်ထားတဲ့ ပုံဖြစ်ပါတယ်..။
နံပါတ် (၂) ပုံကိုကြည့်ခြင်းအားဖြင့်.. အချိုမှုန့်ကို မစားသင့်ကြောင်း မျက်မြင်တွေ့ ရှိနိုင်ပါတယ်ရှင်..။
ပုံကို လက်တွေ့ပြရခြင်းက ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းတွေကို ဟင်းချိုမှုန့်ကို ပိုပြီး ရှောင်စေချင်လို့ ပါ..။ တခြားကျန်းမာရေး ဆောင်းပါးတွေ မှာလည်း ဟင်းချိုမှုန့်၏ ဆိုးကျိုးများကို ဖတ်ရှု့ဖူးကြပါလိမ့်မယ်..။
သင်၏ ကျန်းမာရေးအတွက် ဟင်းချိုမှုန့်ကို အသုံးစွဲသင့်ပါဘူးရှင်..။ ကျမကိုယ်တိုင် အချိုမုန့်မသုံးတာ တော်တော်လေး ကြာနေပါပြီ… အချိုမှုန့်မပါလည်း စားလို့ကောင်းပါတယ်ရှင်..။
အချိုမှုန့်ပါတဲ့ ဟင်းအရသာဆိုရင် စားရတာ သိသာပါတယ်ရှင်..။ တစ်ချို့ ဟင်းတွေဆိုရင် ဟင်းရဲ့ သဘာဝ အရသာမဟုတ်ပဲ.. အချိုမှုန့်ရဲ့ အစွမ်းသတ္တိကြောင့်သာ စားကောင်း နေတာပါရှင်..။
ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအားလုံး ကျန်းမာ၊ သုခများနှင့် ပြည့်စုံနိုင်ကြပါစေရှင်..။ (7.7.2014)
မိုးတိမ်လွင်ပြင်
ref; LY's HealthCare Collection