၁၉၆ဝ ခုနှစ်လောက်က ဖက်ရှင်ပုံစံနဲ့ အမ်တီဗီရိုက်ခဲ့တဲ့ စန္ဒီမြင့်လွင်
မော်ဒန်ရာဇဝင်ရုပ်ရှင်ဇာတ် ကားပရက်ရှိုးကို ဇူလိုင် ၆ ရက်နေ့ က သမ္မတရုပ်ရှင်ရုံမှာပြသခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ် ဆောင်ထားတဲ့ စန္ဒီမြင့်လွင်က အဲဒီရက်မှာ မိသားစုတွေနဲ့ အတူဘန်ကောက်ကို အလည်အပတ် ရောက်ရှိ နေတာကြောင့် ပရက်ရှိုး လာမကြည့်ဖြစ်ခဲ့ပါဘူး။ အမ်တီဗီ ရိုက်ဖို့ လိုအပ်တာတွေကို ဘန်ကောက်မှာ ဝယ်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ မော်ဒန် ရာဇဝင်ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး စန္ဒီမြင့်လွင်က "ဒီးဒီရိုက်တဲ့ ရုပ်ရှင် ဇာတ်ကားတွေ နည်းပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားကို ဒီးဒီကြိုက်တယ်။ ဦးခင် လှိုင်နဲ့တွဲပြီး ဟာသတွေ လုပ်ရတယ်။ ပထမ ရိုက်ရမယ်ဆိုတော့ ရုပ်ရှင်ကလည်း သိပ်မရိုက်တော့ နည်းနည်းတော့ ကြောက်တာပေါ့လေ။ အဲဒီဇာတ်ကား မရိုက်ခင် နှစ်လ၊ သုံးလ လောက်က ရုပ်ရှင်၊ ဗီဒီယိုတွေ ဘာမှ မရိုက်ဖြစ်ဘူး။ အဲဒီတုန်း က သီချင်းဆိုတာနဲ့ အမ်တီဗီရိုက်တာနဲ့ ရှိုးပွဲတွေပဲ ဆိုဖြစ်နေတာ။ ရုပ်ရှင်ဇာတ်ကား ဆိုတော့ နည်းနည်း စိုးရိမ်တာပေါ့။
ကိုယ့်နေရာကော ကောင်းပါ့မလား၊ တခြားမင်းသမီးတွေလည်း ပါတယ်။ ကစ်ကစ် တို့လည်းပါတယ်။ မခိုင်ကြီး တို့လည်းပါတယ်ဆိုတော့ ရိုက်လည်း ရိုက်ချင်တယ်။ ကြောက်ကလည်း ကြောက်သေးတယ်။ ကိုခန့် တို့ကလည်း နေရာလည်းကောင်းတယ် ရိုက်ဆိုလို့ ရိုက်ဖြစ်သွားတယ်။ ဦးနေရဲမာန်ကလည်း ဒီးဒီကိုသတိ တရနဲ့ ဒီဇာတ်ကား ရိုက်ဖို့ ကမ်းလှမ်းခဲ့တယ်။ ဒီဇာတ်ကားရိုက်တော့ ပင်ပန်းတယ်။ ဂူကြီးတွေ ထဲမှာ ရိုက်ရတယ်။ ဂူထဲကထွက်လာရင် နှာခေါင်းတွေမည်းနေတာပဲ။ မေမြို့ မှာရိုက်တာ ဆိုတော့ တခြားရက်တွေဆိုရင် မန္တလေးသွားလည် ကြတယ်။ ရှိုးပွဲဆို ဖို့ရှိတော့ အဲဒီကနေ မလေးရှားမှာ ရှိုးပွဲသွားဆိုတယ်။ ရန်ကုန်ပြန်လိုက်၊ သီချင်းသွားဆိုလိုက်နဲ့ ဒီဇာတ်ကားကြီး တစ်ခုတည်းမဟုတ် တော့ နည်းနည်း တော့ ပင်ပန်းတာပေါ့" လို့ ပြောပြီး ဒီဇာတ်ကားကို ကြည့်ပြီး ပရိသတ်တွေ ဝေဖန်အကြံပေး ပါဦးလို့ စန္ဒီမြင့်လွင်က ပြောပါတယ်။ စန္ဒီမြင့်လွင်က သူ့ရဲ့ ကလီယိုပါထရာအခွေထဲက 'အိုသိပါပြီ' သီချင်းကို ထွန်းကိုကိုနဲ့ အမ်တီဗီ ရိုက်ကူးခဲ့ပြီး ၁၉၆ဝ ခုနှစ်လောက်က ပုံစံမျိုးဝတ်ဆင်ကာStory ပုံစံ ရိုက်ကူး ခဲ့ကြောင်းသိရပါတယ်။ ဒီလထဲ မှာတော့ အမ်တီဗီကို ဆက်တိုက်ရိုက်ကူးဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်

Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook