မြန်မာထူးချွန်ကျောင်းသားများ ပညာသင်ဆုနှစ်ဆု လျှောက်ထားနိုင်



သြစတြေးလျနိုင်ငံ Curtin University သည် မြန်မာနိုင်ငံမှ ထူးချွန် ကျောင်းသားများအား Merit Scho-larship ပညာသင်ဆု ၂၅ % နှင့် ၅၀ % ကို ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း Myanmar Search International (MSI) မှ သိရသည်။

အဆိုပါ ပညာသင်ဆု နှစ်ဆုအတွက် လျှောက်ထားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများမှာ ၂၅ % ပညာသင်ဆုအတွက် Science and Engineering ဘာသာရပ်များကို ဘွဲ့ကြိုပြီးထားသူများ၊ ဘွဲ့လွန် ပြီးထားသော ကျောင်းသား၊ ကျောင်းသူများအတွက် Master of Engineering Science (Electrical Engineering နှင့် Electrical Utility Engineering) ဘာသာရပ်များအတွက် ၅၀ % ပေးအပ်ချီးမြှင့် မည်ဟု MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ကပြောသည်။

Curtin University သည် သြစတြေးလျနိုင်ငံတွင် သာမက ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ဘရူ နိုင်း၊ တောင်အာဖရိကနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ကျောင်းများဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိ သည်။

ပြည်ပနိုင်ငံများ၌ ကိုယ်ပိုင်နယ်မြေဖြင့် ပထမဦးဆုံးတည်ထောင်ခဲ့သော Curtin ကျောင်းခွဲမှာ မလေး ရှားနိုင်ငံ Sarawark ပြည်နယ်၏ Miri မြို့တွင်တည်ရှိပြီး ပင်မတက္ကသိုလ်ပြီးလျှင် ဒုတိယဘာသာရပ် အများဆုံးသင်ကြားပို့ချလျက်ရှိသော တက္ကသိုလ်ဖြစ်သည်။

၎င်းတက္ကသိုလ်တွင်လည်း ၅၀ % ပညာသင်ဆုကို ဒီဂရီတန်းအတွက် ပေးအပ်လျက်ရှိကြောင်း ဒေါ်စုစု လှိုင်ထံမှ သိရသည်။

သြစတြေးလျနိုင်ငံရှိ Curtin University တွင်ပေးအပ်မည့် ပညာသင်ဆုသည် ဘွဲ့ကြိုတန်းကို တက် ရောက်ပြီးသောကျောင်းသား၊ ကျောင်းသူများအနေဖြင့်ရမှတ် CWA ၇၅ % နှင့်အထက် ရရှိထားသူဖြစ် ရမည်ဟုဆိုသည်။ အဆိုပါပညာသင်ဆုကြေးကို မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁၀ ယောက်နှင့်အထက်ကို ၂၀၁၅ ခုနှစ်ပညာသင်နှစ်တွင် ပေးအပ်သွားမည်ဟု MSI ကဆိုသည်။

ထို့ပြင် ဘွဲ့လွန်တန်းပြီးမြောက်အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၁၄ ခုနှစ် ၏ Semester 2 တွင် ပေးအပ်ပြီး အနည်းဆုံးထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁၀ ယောက်ကို သာ Master of Engineering Science တွင် ၅၀ % ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း MSI သိရသည်။

Curtin University သည် သြစတြေးလျနိုင်ငံ Perth မြို့တော်တွင်တည်ရှိပြီး ၁၉၈၆ ခုနှစ်မှစတင်၍ နိုင်ငံ တကာမှ ကျောင်းသားများကိုလက်ခံခဲ့ရာ ၎င်းတက္ကသိုလ်၌ နိုင်ငံပေါင်း ၁၁၅ နိုင်ငံကျော်မှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်သည် ဘွဲ့ကြို၊ ဘွဲ့ဒီဂရီနှင့် မာစတာတန်းများအတွက် စုစုပေါင်းဘာသာရပ် ၈၆၀ ကိုသင်ကြားပို့ချပေးလျက်ရှိပြီး အဓိကသင်ကြားပေးသော ဘာသာရပ်များမှာ Business/ Engineer-ing/ Science and Computing/ Health Science and Humanities/ Resource and Environ-ment တို့ဖြစ်သည်။

သြစတြေးလျနိုင်ငံ Curtin University ကပေးအပ်မည့် ပညာသင်ဆုနှစ်ဆုကို လျှောက်ထားလိုသော မြန်မာကျောင်းသားများသည် MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုရုံးခန်းသို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ကြောင်းသိရသည်။


Democracy Today Daily
ဇွန် (၂၉) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...