ကော်ဖီ စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ ဇီဝလောင်စာဆီ ထုတ်လုပ်
Health Updates Journal No. 124 |
တီထွင်သူ အဖွဲ့ခေါင်းဆောင် Chris Chuck က တစ်နှစ်တစ်နှစ်မှာ ကော်ဖီစွန့်ပစ် ပစ္စည်းတန်ချိန် ၈ သန်း ခန့်ရပြီး ယင်းကို အသုံးပြုပါက လောင်စာဆီမှာ ယင်းအလေးချိန်၏ ၂၀%ခန့် ပြန်ရတယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် သာမန်ကော်ဖီဆိုင်ငယ် တစ်ခုက တစ်ရက်ကို ကော်ဖီစွန့်ပစ်ပစ္စည်း 10 kg လောက် ထွက်ရှိပြီး၊ ယင်း 10 kg ကိုအသုံးပြုပါက ဇီဝဒီဇယ် ၂ လီတာလောက် ရနိုင်တယ်လို့ လေ့လာသူများက ဆိုပါတယ်။ ယခု လက်ရှိမှာ လန်ဒန်အခြေစိုက် London- based bio- bean ကဲ့သို့ ကုမ္ပဏီများက ကော်ဖီစွန့်ပစ် ပစ္စည်းများမှ ဇီဝဒီဇယ်ကို စတင် ထုတ်လုပ်လျက်ရှိပြီ ဖြစ်ပါတယ်။ တကယ်လို့ ကော်ဖီစွန့်ပစ် ပစ္စည်းတွေကနေ ဇီဝလောင်စာကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် လာနိုင်ပြီဆိုရင်တော့ ယင်းက အနာဂတ်အတွက် လောင်စာဆီ အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်တယ် လို့ လေ့လာသူတွေက အကြံပြုခဲ့ပါ တယ်။
ဖိုးသောကြာ
Ref; Medindia
Ref; Medindia
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)