အရေးတကြီး စကားပြောဆိုစရာ ကိစ္စများရှိပါက



ဤ နည်း ကလေးသည် အဆန်းတကြယ်နည်း မဟုတ်ပါ။ ဘယ်လိုကိစ္စမှာ ဖြစ်ဖြစ် ဘယ်လောက် ခက်ထန်တဲ့ ခေါင်းမာတဲ့ လူနဲ့ပဲ ဖြစ်ဖြစ်၊ အရေးကြုံလို့ ပြောစရာရှိရင် ဒီနည်း ကလေးကို ကျွန်ုပ် အမြဲ တမ်း လိုလို အသုံးပြုခဲ့ပါ သည်။ ယခုအချိန်အထိ လွဲချော်ချွတ်ယွင်း သွားသည်ဟု မရှိသေးပါ။ မိဘ သဘော မတူသော ခိုးပြေးကြသော စုံတွဲများသည် မိဘထံပြန်လိုသော အခါ၌ ကျွန်ုပ်ထံလာ ဤ အကူအညီ တောင်း တတ်ပါသည်။ ကျွန်ုပ်သည် “ ပဉ္ဓပွတ်နှင့် မြား၊ ဆပွတ်နှင့် ဓား ” ဟူသည့် ဤနည်း ကလေးနှင့်ပင် ၎င်းတို့၏ မိဘများထံ သွားရောက် ၍ နားဖောက် ရပါသည်။ အောင်မြင်သည် ချည်း သာ ဖြစ်လေ၏။

ဤနည်းကို ယုံယုံကြည်ကြည်သုံးပါ။ ဤနည်းမှာ များစွာခက်သောနည်း မဟုတ်ပါ။ ဖော်ပြထားသော ဇယားကလေးကို သုံးမိနစ်လောက် ဖတ်ရှုလေ့လာလိုက်လျှင် မုချ တတ်ကျွမ်း သွားပါလိမ့်မည်။ ထိုသို့ တတ်ကျွမ်း သွားပြီးဆိုလျှင် ထိုနည်းကလေးသည် တစ်နေ့နေ့ တစ်ချိန်ချိန်၌ သင့်ဘ၀အတွက် တန်ဖိုး မဖြတ်နိုင်သော အရာကလေးတစ်ခု မုချ ဖြစ်လာပေလိမ့်မည်။ ထိုအခါမျိုး၌ ကျွန်ုပ်အား မုချကျေးဇူးတင်ပေ လိမ့်မည်။

အသုံးပြုပုံ

အသုံးပြုရန်ကတော့ တစ်ဦးတစ်ယောက်နဲ့ စကားပြောတဲ့အခါ အထက်ပါ ပန်းများကို အိပ်ထဲ လက်ထဲ စသဖြင့်ဆောင် သွားရန်ဖြစ်ပါသည်။ နောက် စကားပြောသည့်အခါ နေရမည့် အရပ်ဖြစ်ပါသည်။

အားလုံးလည်း ပြောတိုင်းအောင် ကြံတိုင်းပြီး ဖြစ်ကြပါစေ။


ref;မြန်မာ.ရိုးရာဗေဒင်ပညာရပ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...