တီထွင်ဖန်တီးနိုင် စွမ်းရည်


တီထွင်ဖန်တီးနိုင်စွမ်းဟာ အောင်မြင်မှုအတွက် မရှိမဖြစ်ပါပဲ။ တီထွင်ဖန် တီးနိုင်စွမ်းဟာ မရှိတဲ့ အရာ ကိုရှိလာအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ မဖြစ်နိုင်တဲ့အရာကို ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့ ဥာဏ်စွမ်းရည်ပါပဲ။ လူတွေကောင်းကင်ပေါ် ပျံနိုင်ရမယ်ဆိုတာ လက်တွေ့မဆန်တဲ့၊ သဘာဝမကျတဲ့ အတွေးတစ်ခုပါပဲ။ မဖြစ်နိုင်ဘူးလို့ တွေးမယ့်အစား ဖြစ်အောင်ဘယ်လို လုပ်မလဲဆိုတာ တွေးတာ တီ ထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အတွေးပါ။ ဒါဟာအောင်မြင်မှုအတွက် တကယ့်ကို အရေးကြီးတဲ့ အချက်တစ်ခု ပါပဲ။

အသေအချာ စဉ်းစားကြည့်ပါ။ လောကမှာ ဖြစ်ပေါ်လာတဲ့ မိုးမျှော်တိုက်တာ အဆောက်အအုံကြီးတွေ၊ကုန်ပစ္စည်းတွေ၊ကားတွေ၊ လေယာဉ်တွေ၊ ဒုံးပျံတွေ၊ မြို့ပြကြီးတွေ၊ နည်းပညာတွေ အားလုံးဟာ တီထွင် ဖန်တီးနိုင်တဲ့စွမ်းရည်က ထွက်လာတဲ့ရလဒ်တွေပါပဲ။ တီထွင်ဖန်တီးနိုင်စွမ်း သာလွန်တဲ့သူဟာ သူတစ် ပါးထက်တော့ အမြဲခေါင်းတစ်လုံး သာနေမှာပါပဲ။ လူတကာထက် အမြဲတစ် ပန်းသာနေမှာပါပဲ။ အခြား သူများကို ဦးဆောင်ညွှန်ကြားနိုင်တဲ့ ခေါင်းဆောင်တွေ အဖြစ် အမြဲရပ်တည်နေမှာပါပဲ။

တစ်ခုသိထားဖို့က ကျွန်တော်တို့ အားလုံးဆီမှာ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရှိနေပါတယ်။ လူတိုင်းဟာ ဖန်တီးမှုအလုပ်ကို အချိန်တိုင်း လုပ်ဆောင်နေကြတာပါ။ လူတစ်ယောက်ကို အရေးကြီးတဲ့ စကားပြော စရာရှိတယ်ဆိုရင် ဘယ်လိုလှအောင် ပြောမလဲ၊ ဘယ်လိုအဆင်ပြေအောင် ပြောမလဲ ဆိုတာကလည်း တီထွင်တွေးပါပဲ။ စားကောင်းသောက်ဖွယ်ဟင်းလျာတွေကို ဘယ်လိုအကောင်းဆုံး ဖန်တီးမယ်၊ နှစ်သက် စွဲမက်ဖွယ် အ၀တ်အစား ဒီဇိုင်းတွေကို ဘယ်လိုဖန်တီးမယ်၊ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန် ပစ္စည်းတွေ ကို ဘယ်လိုဖန်တီးမယ်စသဖြင့် နေ့စဉ်သွားလာလှုပ်ရှား လုပ်ကိုင်နေတဲ့ အလုပ်တိုင်းမှာ တီထွင်ဖန်တီး မှုတွေ ပါဝင်နေပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းကို ထိရောက်စွာ အသုံးချဖို့ဆိုရင် ဦးနှောက်ရဲ့ စွမ်းရည်တွေက ပြည့်ဝနေဖို့ လိုအပ် ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ ဦးနှောက်ကို အသုံးချတဲ့အပိုင်းမှာ လက်ဝဲခြမ်း နှင့် လက်ယာခြမ်း ဆိုပြီး နှစ် ပိုင်းရှိပါတယ်။ ဦးနှောက်ရဲ့ လက်ဝဲခြမ်းဟာ ယုတိ္တဗေဒကို အဓိကထားသော အပိုင်းဖြစ်ပါ တယ်။ ဒီအပိုင်းဟာ အကျိုးသင့်အကြောင်းသင့် စိစစ်ဝေဖန် စဉ်း စားဆင်ခြင်တတ်တဲ့ အပိုင်းဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လက်ယာခြမ်းကတော့ ထိုးထွင်းသိမှု၊ တီထွင်ဖန်တီးမှု၊ အလိုလိုသိမြင်မှု စွမ်းရည်တွေနဲ့ သက်ဆိုင်ပါ တယ်။

ဘ၀မှာ တိုးတက်အောင်မြင်လို သူတိုင်းဟာ ဦးနှောက် နှစ်ခြမ်းလုံးရဲ့ စွမ်းရည်တွေကို အသုံးချနိုင်ဖို့လိုပါ တယ်။ ခွဲခြမ်းစိတ်ဖြာခြင်း၊ စိစစ်သုံးသပ်ခြင်း ဆိုတဲ့ ကြောင်းကျိုးဆက်စပ် ဝေဖန်တတ်တဲ့ လက်ဝဲဘက် ဦးနှောက်မျိုးလည်း ရှိဖို့လိုအပ်သလို ထိုးထွင်းသိတဲ့ဉဏ်၊ ကွန့်မြူးတဲ့ဥာဏ်၊ အသစ်အဆန်းတီထွင် ဖန်တီး တတ်တဲ့ဥာဏ်၊ အလိုလိုထိုးဖောက်သိတဲ့ ဥာဏ်မျိုးလည်း ရှိရပါမယ်။

အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းပုဂ်္ဂိုလ်ကြီးတွေဟာ ပြဿနာ တွေ ဖြေရှင်း တဲ့နေရာမှာ၊ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ တီထွင် တွေးတွေနဲ့ ကွန့်မြူးတဲ့ဥာဏ်တွေကို ပိုမိုအသုံးပြုကြပါတယ်။ တီထွင်ဖန်တီးနိုင် စွမ်း အားကောင်းလေလေ၊ ပြဿနာတွေ ဖြေရှင်းရတာလွယ်ကူလေလေ၊ ဆုံးဖြတ် ချက်တွေ မှန်ကန်လေ လေဖြစ်ပါတယ်။

ဥပမာအနေနဲ့ ဘုရားလောင်း မဟော်သဓာဟာ ပြဿနာပုစ္ဆာတွေ ကို ဖြေရှင်း တဲ့နေရာမှာ တီထွင်ဖန်တီးနိုင် စွမ်းနဲ့ ထိုးထွင်းသိမြင်တဲ့ ဥာဏ်တွေကို ထိထိရောက်ရောက် အသုံးချသွားတာကို မြင်တွေ့ရမှာပါ။ နောက်ဥပမာ တစ်ခုကတော့ ရေချိုးကန်ထဲမှာ စိမ်နေရာက ရုတ်တရက် အောင်ပြီလို့ ထအော်ပြီး ပြဿနာရဲ့ အဖြေကို ရှာတွေ့သွားတဲ့ ပညာရှိကြီး အာခိမိဒိရဲ့ ထိုးထွင်းသိတဲ့ ဖန်တီးဥာဏ်ပဲ ဖြစ်ပါတယ်။

တစ်ခါက ကလေးငယ်တစ်သိုက်ပင်ပေါင် ဘောလုံးလေးနဲ့ကစားနေကြရင်း ရုတ်တရက် ရေပိုက်ခေါင်း တစ်ခုထဲကို ဘောလုံးလေးကျသွားပါတယ်။ ကလေးတွေ ဘောလုံးလေးကို ပြန်ရဖို့ နည်းမျိုးစုံနဲ့ နှိုက်ထုတ် ကြိုးစားယူ ကြပေမဲ့လည်း ပင်ပေါင်ဘောလုံးလေးဟာ နှိုက်ထုတ်မရဘဲရှိနေပါတယ်။ ဒီလိုဖြစ်နေတုန်းမှာ ကလေးငယ်တစ်ယောက်ဟာ ရေခွက် တစ်ခွက်နဲ့ ရေတွေခပ်လာပြီး ရေပိုက်ခေါင်းထဲကို ရေတွေဖြည့် ထည့်လိုက်ပါတယ်။ ဒီအခါမှာ ပင်ပေါင်ဘောလုံးလေးဟာ ရေနဲ့အတူ အပေါ်ကို တက်လာတဲ့အတွက် အလွယ်တကူ နှိုက်ယူလိုက်ရုံပါပဲ။ ဒါကြောင့် တီထွင် ဖန်တီးနိုင်စွမ်းဟာ ဖြတ်ထိုးဥာဏ်ကောင်း တစ်ခု လည်း ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုအတွေးတစ်ခု ပေါ်ပေါက်လာမှုဖြစ်စဉ်ဟာ တကယ်ပဲ ထူးခြား စိတ်ဝင်စားဖို့ကောင်း ပါ တယ်။ ဖန်တီးမှုပါတဲ့ အတွေးတွေ ဦးနှောက်ထဲကို စီးဝင်လာမှုအကြောင်းကို သိပ္ပံပညာရှင်တွေ နှစ်ပေါင်း များစွာ လေ့လာခဲ့ ကြပါတယ်။ တီထွင်ဖန်တီးမှုအတွေးတွေ စီးဝင်လာမှုကို အနုပညာရှင်တွေ၊ စာပေ ပညာရှင်တွေ၊ ဂီတပညာရှင်တွေ၊ ခေါင်းဆောင်ကြီးတွေ၊ အောင်မြင်ကျော်ကြားသူတွေ တော်တော် များများမှာ တွေ့ရလေ့ရှိကြမှာပါ။ တီထွင်ဖန်တီးမှု အတွေးစီးဝင်လာမှုမှာ ထူးခြားချက်တစ်ခု ရှိတာက ဖန်တီးမှုပါတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေ ရလာဖို့အတွက် ပင်ပင်ပန်းပန်းကြီး အတင်းဖျစ်ညှစ်ပြီး စဉ်းစားမနေရခြင်းပါပဲ။ ဒီလိုအတင်း စဉ်းစားတိုင်းလည်း တီထွင်ဖန်တီးမှု အတွေးမျိုး ရရှိလာလိမ့်မယ်လို့ အာမ မခံနိုင်ပါ။

တီထွင်ဖန်တီးမှု အတွေးတွေကို ထုတ်လုပ်နေတာဟာ အောင်မြင်သူတွေဆီမှာ တွေ့ရလေ့ရှိတဲ့ လက္ခ ဏာတစ်ခုပါပဲ။ တန်ဖိုးရှိတဲ့ အတွေးတွေ မပြတ် ၀င်ရောက်လာဖို့အတွက် အရေးကြီးပါတယ်။ ဖန်တီးမှုပါ တဲ့ အတွေးတွေ စီးဝင်လာမှုကို အောင်မြင်သူတွေက အရမ်းတန်ဖိုးထားနှစ်သက်ပါတယ်။ တစ်ခါတလေ မှာ ထိုင်ပြီး စဉ်းစားတွေးတောနေတာမျိုးမဟုတ်ဘဲနဲ့လည်း အဖိုးတန်တဲ့ စိတ်ကူးစိတ်သန်းတွေ ၀င်ရောက် လာတတ်ပါတယ်။ ဒီစိတ်ကူးတွေကို သေချာမှတ်သားပြီး လက်တွေ့ အကောင်အထည်ဖော် လိုက်တဲ့အခါ အံမခန်းရလဒ်တွေ ရလာတာမျိုးလည်း ကြုံဖူးကြမှာပါ။

ကျွန်တော့်ကိုယ်တွေ့အရ တစ်ခါတလေမှာ နေ့စဉ်လုပ်ငန်းဆောင် တာတွေလုပ်နေရင်း ခေါင်းထဲမှာ ဆောင်းပါးကောင်း တစ်ပုဒ်ဖြစ်လာ စေမယ့် စိတ်ကူးစိတ်သန်း အတွေးတွေ စီးဝင်လာတာပါပဲ။ ဒီအတွေး တွေ ကျွန်တော့်ခေါင်းထဲကို ၀င်လာတဲ့အခါမှာ တဖြည်းဖြည်း စီးဝင်နေတာကိုစောင့် ကြည့်နေလိုက်ပါ တယ်။ အတွေးကောင်းတွေ စီးဝင်မှုပြီးဆုံးသွားတာနဲ့ ချက်ချင်းစာရွက်ပေါ်ကို အစအဆုံးရေးချလိုက်တာ ပါပဲ။ ဒီအခါမှာ စာရေးမယ် လို့ ကြိုတင်စဉ်းစားပြီး အတင်းလုပ်ရေးနေတဲ့ စာတွေထက် ပိုပြီး လက်ရာ ပြောင်မြောက်တာကို တွေ့ရပါတယ်။

ဒါဟာ အလိုလိုပေါ်ပေါက်လာတဲ့ တီထွင်တွေးရဲ့ သဘောတရား ဖြစ်ပါတယ်။ ဒီလိုပေါ်လာတဲ့ တီထွင် ဖန်တီးမှုအတွေးဟာ လက်ယာခြမ်း ဦးနှောက်ရဲ့ မသိ စိတ်အခန်းထဲက ဘွားခနဲထွက်ပေါ်လာ တာဖြစ်ပါ တယ်။ အောင်မြင်သူ ပုဂ်္ဂိုလ် ကြီးတွေရဲ့ စဉ်းစားပုံတွေ၊ ဆုံးဖြတ်ချက်တွေ၊ ဦးဆောင်မှုတွေဟာ တကယ် ပြောင်မြောက်လှပါတယ်။ ဘာကြောင့်သူများထက် ထူးခြားပြောင်မြောက်စွာ လုပ်ဆောင်နိုင်ရသလဲဆိုတဲ့ အနှစ်သာရကိုလေ့ လာတဲ့အခါ တီထွင်ဖန်တီးနိုင်စွမ်းကို ကောင်းကောင်း အသုံးချလို့ဆိုတာ သွားတွေ့ရ ပါတယ်။

ဒါကြောင့် စီးပွားရေးလောကမှာဖြစ်စေ၊ လုပ်ငန်းခွင်အတွင်းမှာဖြစ်စေ၊ လူမှုရေးလုပ်ငန်း၊ ပညာရေးလော က၊ အနုပညာစတဲ့ ဘယ် လောကနယ် ပယ်မှာမဆို တိုးတက်အောင်မြင်ဖြစ်ထွန်းမှု မြန်ဆန်ချင်တယ်ဆို ရင် တီထွင်ဖန်တီးနိုင်စွမ်းရည်ကို အထူးအသုံးချပါလို့ တိုက်တွန်း လိုက်ပါတယ်။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)

JOB Seekers Journal vol.2,no.46
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...