အိမ်ဖေါ်ကြော်ငြာပုံ စင်္ကာပူအစိုးရ သတိပေး

စင်္ကာပူနိုင်ငံမှာ အိမ်ဖေါ်အလုပ် လုပ်ကိုင်ဖို့ သွားရောက်ခဲ့ကြတဲ့ မြန်မာအပါအ၀င် တောင် အာရှနိုင်ငံ တွေက အိမ်ဖေါ် အလုပ်သမတွေကို သိက္ခာမဲ့ တဲ့ပုံစံနဲ့ ရောင်းအားမြှင့် aကြာ်ငြာနေ တာတွေ အမြန်ဆုံး ရပ်တန့်ကြဖို့၊ အိမ်ဖေါ်လုပ်ငန်း ကုမ္ပဏီတွေကို စင်္ကာပူအစိုးရက မနေ့က သတိ aပးလိုက်ပါတယ်။

စင်္ကာပူရဲ့ လူစည်ကားရာ ဈေးရုံကြီးတွေမှာ နိုင်ငံခြား အိမ်ဖေါ်တွေကို ရောင်းကုန် ပစ္စည်းတွေ သဖွယ် သဘော ထားပြီး၊ ကြော်ညာ aရာင်းချနေတာတွေဟာ စာနာစိတ်ကင်းမဲ့တဲ့ မတော်မတရား လုပ်ရပ်တွေဖြစ်ကြောင်း လူအင်အား ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စင်္ကာပူ ကုန်တိုက်ကြီးတစ်ခုမှာ အိမ်ဖေါ်လုပ်ငန်း ကုမ္ပဏီတွေက နိုင်ငံခြား အိမ်ဖေါ်တွေ ကို ကလေးပြုစုနေဟန်၊ အ၀တ်တွေလျှော်ဖွပ် မီးပူတိုက်နေဟန်၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက် ပြုစုနေဟန်စတဲ့ လူကိုယ်တိုင် သရုပ်ပြကြော်ငြာခိုင်းပြီး အရောင်းမြှင့်တင်ရေး လုပ်ခဲ့ပါတယ်။

အဲသလို အရောင်းမြှင့်တင်ရာမှာ မိမိတို့ ကုမ္ပဏီက အိမ်ဖေါ်တွေ ဘယ်လောက်ဈေးချိုကြောင်း၊ အရောင်းမြှင့် လျှော့ဈေးအနေနဲ့ ဘယ်လောက် ရာခိုင်နှုန်း ဈေးချထားကြောင်း၊ သုံးပြီးလို့ ကျေနပ်မှု မရှိရင် အချိန်မရွေး လဲလှယ်နိုင်ကြောင်း စတဲ့ ကြော်ညာတွေ နဲ့အတူ ရောင်းချခဲ့ပါတယ်။

အဲဒီလုပ်ရပ်တွေဟာ လူတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားရာ ရောက်တဲ့အတွက် သိက္ခာမဲ့တဲ့ အပြုအမူ ဖြစ်ကြောင်း စင်္ကာပူ လူအင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး၊ မိမိတို့ ၀န်ကြီးဌာနအနေနဲ့ မဖွယ်မရာ လုပ်ရပ် ကျူးလွန်သူတွေကို လုပ်ငန်းလိုင်စင် ရုတ်သိမ်းတဲ့အထိ လုပ်ပိုင်ခွင့်ရှိကြောင်း သတိ ပေးလိုက်ပါတယ်။

စင်္ကာပူမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သိရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတွေ ကနေ အိမ်ဖေါ်အလုပ် လာရောက်လုပ်ကိုင်နေကြသူ အမျိုးသမီး ဦးရေ နှစ်သိန်း တစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။


ref; RFA Burmese
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...