အဖိုးအိုက ပေးတဲ့ နိဂုံးချုပ် သင်ခန်းစာ
ရွာထဲက အဖိုးတစ်ဦးစာ သီချင်းလေးဆိုလို့ ထွန်တုံးနဲ့ လှည်တောင် ထွန်လိုက်ပါသေးတယ်။ ဒါကို မြင်တဲ့ အမျိုးသမီးတစ်ဦးက 'ရှင်က သီချင်းတွေ ဆိုပြီး လယ်ထွန် နိုင်သေးတယ်နော်။ ကျမတို့ ယောင်္ကျားတွေ သေပြီ။ ရွာမှာ စားစရာ သိပ်မရှိတော့ဘူး။ နောက်တစ်ပတ်ဆို စစ်တပ်တစ်ခု ဗုံးလာကြဲမယ်။ ကျမတို့က ငရဲ မဖြစ်ရုံ တမယ်လေး ဒီနေရာမှာ နေရတာ ရှင့်အတွက်က ပျော်စရာ ဖြစ်နေပါလား' လို့ ပြောဆိုသတဲ့။ ဒါနဲ့ အဖိုးဖြစ်သူက အောက်ပါအတိုင်း ပြန်ဖြေပါတယ်။
'ဒီမယ် ကလေးမ၊ ငါလည်ထွန် ပျိုးကြဲခဲ့တာတွေ တစ်နေ့ကျရင် ကျန်ခဲ့တဲ့ သူတွေအတွက် စားစရာ ဖြစ်လိမ့်မယ်။ ထွန်လို့ မပြီးခဲ့ရင်တောင် ကျန်တဲ့လူတွေက ငါလုပ်ခဲ့တဲ့ စေတနာကို မြင်ပြီး သူတို့တွေ ဆက်လုပ်ကောင်း လုပ်လိမ့်မယ်။ ငါသီချင်း ဆိုနေတာကတော့ သေနေတဲ့ အမျိုးတွေအတွက် ပျော်နေတာ မဟုတ် ဘူး။ ရှင်သန်နေတဲ့ မင်းတို့ ငါတို့ ဘဝကို ပျော်ရွှင် ကြည်နူးစရာလေး ဖြစ်စေဖို့'
သငျခန်းစာ- ကိုယ်ဟာ ဘယ်လို အဆိုးတွေနဲ့ ကြုံကြုံ မိမိ လုပ်ဆောင်ချက်က အမြဲ ကောင်းမွန်နေဖို လိုအပ်ပါတယ်။
သငျခန်းစာ- ကိုယ်ဟာ ဘယ်လို အဆိုးတွေနဲ့ ကြုံကြုံ မိမိ လုပ်ဆောင်ချက်က အမြဲ ကောင်းမွန်နေဖို လိုအပ်ပါတယ်။
- မနက်ဖန် သေရမယ်လို့ သိနေသည့်တိုင်၊ မနက်ဖန် အလုပ်ထွက်ရမယ်လို့ သိနေသည့်တိုင် မိမိရဲ့ ခြေ ရာ လက်ရာများက စေတနာ သဒ္ဓါတို့နဲ့ ပြည့်စုံနေပြီး ကျန်လူတွေ အတုယူစရာ ဖြစ်နေရပါမယ်။
- အကောင်းမြင်စိတ်နဲ့ အသက်ရှင်ရပါမယ်။
- အမှားတွေ ဘယ်လောက်ပဲ ရှိခဲ့ပါစေ သောကပရိဒဝ ဝမ်းနည်းစရာနဲ့ နောင်တများကို ဖယ်ကျန်လို့ လက်ရှိအချိန်မှာ စိတ်ကို ကောင်းအောင်မွေးပြီး ကောင်းတာလုပ်ဖို့ လိုအပ်ပါတယ်။
ref;အောင်ခမ်း (www,innewsmyanmar.com)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook