အမျိုးသားပေါင်း ၁ သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ


Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီးဟာ အသက် ၂၁ နှစ်မှာ Escort လို့ခေါ် တဲ့ ကာကွယ်စောင့်ရှောင့်ရေး လုံခြုံရေးလုပ်ငန်း တစ်ခုမှာ အမျိုးသားတွေနဲ့ တန်းတူ လုပ်ကိုင်ပါတယ်။ အဲ့ဒီ အချိန်ကနေစလို့ Prostitution ကိုပါ လုပ်လို့ လုပ်မှန်းမသိ လုပ်မိလာခဲ့ပါတယ်။

၁၀ နှစ်ကျော် ကြာသွားတဲ့အချိန် လေယာဉ်မောင်း လိုင်စင်ရလို့ ပိုင်းလော့ စလုပ်ပေမယ့် တစ်နှစ်အတွင်း မှာပဲ ကျောက်ကပ်ရောဂါကြောင့် အနားယူရ ပြန်ပါတယ်။ ဒီတော့ Prostitution ဘက်ကိုပဲ ပြန်ရောက် ပါတယ်။ ၁၅ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့တဲ့ အဲ့ဒီ နယ်ပယ်မှာတော့ သူဟာ အင်မတန်ထူးချွန်ပါတယ်။ အမျိုး သားပေါင်း ၁၀၀၉၁ (တစ်သောင်းကျော်) နဲ့ တစ်သက် တစ်လျှောက် အိပ်ခဲ့ဖူးပြီး တစ်ရက်ကို ၁.၈ ယောက် နဲ့ အိပ်ကြောင်း သင်္ချာနည်းကျကျ တွက်ချက်လို့ ရပါတယ်။ တစ်လကို ၅၆ ဦးနဲ့ အိပ်စက်ခြင်း လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ms Montenegro ဟာ ယောင်္ကျားအကြောင်း နောကြေသွားသူ ဖြစ်ပါ တယ်။ ဒီတော့ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို သူမကိုယ်တိုင် ရေးသားထုတ် ဝေလိုက်ပါတယ်။

သက်တမ်းတစ်လျှောက် သူမနဲ့ အိပ်စက်ခဲ့တဲ့ အမျိုးသား အရေအတွက်ကိုလည်း တိတိကျကျ မှတ်တမ်း တင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရည်နဲ့ ပညာအရည်အချင်း အရလည်း ခေသူမဟုတ်ပေမယ့် အဲ့ဒီ အလုပ်မှာ ပရော်ဖက်ရှင်နယ် ဖြစ်ခဲ့သူသာ ဖြစ်ပါတယ်။ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို အွန်လိုင်းကနေရော၊ စာအုပ်ဆိုင်တွေမှာကော ဥရောပ နဲ့ အမေရိကတို့မှာ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရပါတယ်။


Ref: Metro
အောင်ခမ်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...