ထိုင်းနိုင်ငံ မဟာချိုင်တွင် ယာယီအလုပ်သမားကတ် ထုတ်ပေးသည့်နေ့၌ တရားမ၀င် မြန်မာလုပ်သားနှစ်ထောင်ကျော် လာရောက်


မဟာချိုင်တွင် ဇွန်လ၃၀ရက်က နိုင်ငံခြားသား အလုပ်သမားများအား အလုပ်သမားကတ်များ ထုတ်ပေးနေ စဉ် (ဓာတ်ပုံ−ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေးကွန်ရက်)

ထိုင်းနိုင်ငံတွင် တရား မဝင်နေထိုင်သောမြန်မာနိုင်ငံ သားများအတွက် နှစ်လသက်တမ်းရှိ ယာယီအလုပ် သမားမှတ်ပုံတင် ကတ်(ဘတ်)များကို ဇွန်လ ၃၀ ရက်က မဟာချိုင်တွင် တစ်နေရာ တည်းအပြီး စတင် ဆောင်ရွက် ပေးရာ ပထမဆုံးနေ့၌ မြန်မာ နိုင်ငံသား ၂၀၀၀ ကျော်လာ ရောက်ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို ဖမ်းဆီးမှုများပြုလုပ်ပြီး နောက် ထိုင်းစစ် အစိုးရက တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများအတွက် တရားဝင်နေ ထိုင်ခွင့်နှစ်လသက်တမ်း ရှိ အဆိုပါကတ်များကို မဟာချိုင်တွင် ဇွန် လ ၃၀ ရက်က One Stop Service ဖြင့် တစ်နေရာတည်း အပြီးဆောင် ရွက်ပေးခဲ့သည်။

ယခင်က တစ်နှစ်သက်တမ်းရှိစာရွက်များ ထုတ်ပေးသော်လည်း ယခုအကြိမ်၏ ထူးခြားချက်မှာ နှစ်လ သက်တမ်းရှိ ကတ်များသာ တစ်နေရာတည်းတွင် ရရှိခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံရောက် မြန်မာများက ပြောသည်။

ယခု နှစ်လသက်တမ်းရှိ ကတ်များထုတ်ပေးရာတွင် ပန်းရောင်ကတ်အတွက် ထိုင်းဘတ် ငွေ ၈၀၊ ကျန်းမာ ရေးဆေးစစ်ခ ဘတ်ငွေ ၅၀၀၊ ကျန်းမာရေး အာမခံလက်မှတ် ဘတ်ငွေ ၅၀၀၊ အလုပ်လုပ်ခွင့် လက်မှတ် ဘတ် ငွေ ၂၂၅ စုစုပေါင်းဘတ်ငွေ ၁၃၀၅ ကုန်ကျကြောင်း သတင်းရရှိသည်။ အသက် (၁၈)နှစ် အောက် ကလေးများမှာ အလုပ်လုပ်ခွင့် လက်မှတ်မပါသော ကြောင့် ဘတ်ငွေ ၁၀၈၀ ကုန်ကျ ကြောင်း သတင်း ရရှိသည်။

ယခုထုတ်ပေးသောနှစ်လ သက်တမ်းအတွင်း တရားဝင် ပါမစ်များရရှိအောင် ပြုလုပ်ရမည် ဖြစ်ပြီး နှစ်လ သက်တမ်းကျော်လွန်၍ တရားဝင်ပါမစ် မရရှိသေးပါက ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထိုင်းစစ်အစိုးရက ကြေညာထားသည်။

‘‘အရင်က သုံးနှစ်တစ်ခါ လောက်လုပ်ပေးပါတယ်။ အရင် အခေါက်တွေလုပ်ပေးတုန်းက တစ်နှစ်သက် တမ်း လုပ်ပေးတာ။ ဘတ်ငွေ ၃၈၁၀ ကျတယ်။ အခု ဟာက နှစ်လပဲ။ ဒီနှစ်လအတွင်း မှာ တရားဝင် ပါမစ်ဖြစ်အောင် လုပ်သွားရမှာ။ ဒီနေ့ပဲကျွန်တော် တို့ မဟာချိုင်မှာ စလုပ်ပေးတာ။ မနက်ကတည်းက မြန်မာတွေ တန်းစီနေကြတယ်’’ ဟု ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ ကိုဖြိုးသစ်ဆန်း ကပြော ကြားသည်။

‘‘ကျွန်တော်တော့ ဒီပန်း ရောင်ကတ်တွေ လုပ်ပေးတာ သဘောတူတယ်။ အလုပ်သမား တွေအတွက် အကုန်အကျအသက်သာဆုံးဖြစ်ပါတယ်။ ကတ်ကလေးတစ်ကတ်နဲ့ ကျန်းမာရေးစောင့် ရှောက်ခရော အလုပ်လုပ်ခွင့်ပါ ပါဝင်ပြီးဖြစ်တယ်။ သူ့ရဲ့အားနည်းချက်က ပတ်စ်ပို့လို မြန်မာပြည်ကို လွယ်လွယ်ကူကူ ပြန်မရ တာတစ်ခုပါပဲ။ ဒီအားနည်းချက်တစ်ခုကို မြန်မာအစိုးရများက အရေးပေါ် ခရီးသွားလာခွင့်ပြုနိုင် တဲ့ လုပ်ကိုင်ခွင့်ရရှိအောင် ထိုင်းအစိုးရကို တောင်းခံနိုင်ရင်တော့ မြန်မာ အလုပ်သမားတွေအတွက် စပယ်ရှယ်ပေါ့ဗျာ။ ပတ်စ်ပို့ စာအုပ်ကြီးဆိုတာက ကမ္ဘာပတ်ချင်တဲ့သူတွေ၊ အကုန်အကျခံနိုင်တဲ့ သူတွေ တိုင်းပြည်ပြန်ပြီးလုပ်ကြ ပေါ့။ မှတ်ပုံတင်ပါမှ အိမ်ထောင်စုစာရင်းပါမှ ဆိုတဲ့သတ်မှတ်ချက် ပါနေတော့ အလုပ်သမားတွေ စာအုပ်အသစ်လဲကြတာအဆင် မပြေဘူးဖြစ်နေကြတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။

အဆိုပါကတ်များကို ဇွန်လ ၃၀ ရက်မှ သြဂုတ်လအထိနှစ်လ တိုင် ထိုင်းနိုင်ငံမဟာချိုင်မြို့တွင် စမ်းသပ်ဇုံ အဖြစ် လုပ်ဆောင် သွားမည်ဖြစ်သည်။ ကမ္ဘောဒီး ယားနှင့်လာအိုနိုင်ငံ အလုပ်သမား များအတွက်မူ ၎င်းတို့နယ်စပ် စခန်းလေးခုတို့တွင် တစ်ယောက် လေးဒေါ်လာ (ဘတ်ငွေ ၁၂၀) နှုန်းဖြင့် လုပ်ဆောင်ပေး လျက်ရှိ ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

‘‘တစ်ရက်ကို လူဦးရေ ၂၀၀၀ လုပ်ပေးနိုင်တယ်လို့ပြော တယ်။ ဒီနေ့မနက် ရုံးမဖွင့်ခင် ကတည်းက မြန်မာအလုပ်သမား တွေ ၁၀၀၀ လောက်တန်းစီနေပြီ လို့ ဘန်ကောက်ပို့စ်မှာရေးထားတယ်။ လူကုန်ကူး မှုနဲ့အလုပ် သမားအခွင့်အရေးတွေ တစ်စုံ တစ်ရာကာကွယ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ မြန်မာအစိုးရ အနေနဲ့ အလုပ်သမားလက်မှတ် ထုတ်ပေးနေတဲ့ပုံစံက မရှုပ်ရှုပ် အောင်လုပ်နေသလိုဖြစ်ပြီး ငွေ ကြေး အများကြီးကောက်ခံနေတာ တွေ့ရတယ်။ မြန်မာအစိုးရလုပ် နေတဲ့အလုပ်သမားပေါ်လစီက ပွဲစားတွေနဲ့ အစိုးရဝန်ထမ်းတွေကို ဝင်ငွေကောင်းအောင်လုပ်ပေးနေ သလိုဖြစ်နေတယ်’’ဟု ပညာရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေး ရှင်း FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

ထိုင်းနှင့်မြန်မာအစိုးရတို့က ထိုင်းနိုင်ငံတွင်နေထိုင်သော မြန် မာအလုပ်သမားသုံးသန်းခန့်ရှိ သည်ဟု ခန့်မှန်းထားကြသော်လည်း နိုင်ငံတကာအဖွဲ့အစည်း များက လေးသန်းဝန်းကျင်ရှိနိုင် သည်ဟုဆိုသည်။

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာ၊ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ မှ လုပ်သားများက နေ့စဉ်နည်း လမ်းပေါင်း စုံဖြင့် ဝင်ရောက်လုပ်ကိုင်နေကြသဖြင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သ မားအရေအတွက်ကို အတိအကျပြောဆိုရန် ခက်ခဲနေမည်ဖြစ် ကြောင်း MAT အဖွဲ့က ပြောသည်။


7Day News Journal 
No.426 Tuesday, July 1, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...