Google က ကျန်းမာရေးကို စစ်ဆေးနိုင်ပြီး Autofocus ပြုလုပ်နိုင်သော စမတ် မျက်ကပ်မှန်ကို တီထွင်နေ

Google က စမတ် မျက်ကပ်မှန်ကို တီထွင်ရန် ဆွစ်ဇာလန် ဆေးဝါးထုတ်လုပ်သူ Novartis နှင့် ပူးပေါင်းနေပါသည်။ စမတ် မျက်ကပ်မှန်သည် အသုံးပြုသူ၏ ကျန်းမာရေးကို စစ်ဆေး ဖော်ပြပေးနိုင်ပြီး Autofoucs စွမ်းဆောင်ချက် ပါရှိမည် ဖြစ်သည်။

ပထမဆုံး မျက်ကပ်မှန်သည် သွေးချို ရောဂါသည် များအတွက် ဖြစ်ပါသည်။ မျက်ကပ်မှန်သည် မျက်လုံးရှိ အရည်များတွင် ဂလူးကို့စ်ပါဝင်မှုကို တိုင်းတာပေးမည် ဖြစ်ပြီး သတင်းအချက် အလက်များကို စမတ်ဖုန်းသို့ ကြိုးမဲ့ ပေးပို့ပေးမည် ဖြစ်သည်။ နေ့စဉ် အကြိမ်များစွာ လက်ချောင်းမှ သွေးဖောက် စစ်ဆေးနေရသည့် ဝေဒနာရှင်များအတွက် အလွန်အကျိုးကျေးဇူး ရရှိမည် ဖြစ်သည်။

အခြား မျက်ကပ်မှန်များသည် အမြင်အာရုံ အားနည်းသူများအတွက် ဖြစ်ပါသည်။ ကင်မရာများ၏ Autofocus စွမ်းဆောင်ချက် ကဲ့သို့ပင် မျက်ကပ်မှန် ၀တ်ဆင်သူသည် ရှင်းလင်းစွာ မမြင်ရသည့် အရာများကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ရမည် ဖြစ်သည်။

မျက်ကပ်မှန်များတွင် အလွန်သေးငယ်သော Sensors, Microchips နှင့် အခြား အီလက်ထရောနစ် ကိရိယာများ တပ်ဆင်ထားမည် ဖြစ်သည်။ အဆိုပါ ကိရိယာများအားလုံးသည် အမြင်အာရုံကို နှောင့်ယှက်မှုမရှိဘဲ ဖောက်ထွင်းမြင်ရမည် ဖြစ်သည်။ မျက်ကပ်မှန်များကို Google Glass ကို တီထွင်သည့် Project X အဖွဲ့မှ တီထွင်နေခြင်း ဖြစ်ပါသည်။

Google က Novartis ကို ငွေကြေးမည်မျှပေးရသည်ကို မသိရသော်လည်း သွေးတွင်း သကြားဓါတ် ပါဝင်မှုကို တိုင်းတာသည့် စီးပွားရေး ဈေးကွက်သည် ၂၀၁၇ တွင် ၁၂ ဘီလီယမ် ရှိမည်ဟု ကျွမ်းကျင်သူများက တွက်ချက်ထားပါသည်။

Novartis ၏ CEO ဖြစ်သူ Joe Jimenez က မျက်ကပ်မှန်ကို လာမည့် ငါးနှစ်အတွင်း ရောင်းချနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောပါသည်။


ref;Myanmar Digital Life Journal

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...