International Council of Ophthalmology မှ ပေးအပ်မည့် ပညာသင်ဆု

International Council of Ophthalmoloty (ICO) မှ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများ အနက်မှ နှစ်ဦးကို ပညာသင်ဆု ချီးမြှင့်သွားမည်ဖြစ်သည်။ ပညာသင်ဆုရ ကျောင်း သား၊ ကျောင်းသူ နှစ်ဦးအနေဖြင့် မျက်စိပညာနှင့် ပတ်သက်၍ မည်သည့် အထူးပြု ဘာသာရပ်ကိုမဆို သင်တန်း တစ်နှစ် တက်ရောက်ပြီး လေ့လာ ဆည်းပူးရမည် ဖြစ်သည်။ အသွားအပြန်စရိတ်၊ နေထိုင်စရိတ်နှင့် အသက် မွေးဝမ်းကျောင်းဆိုင်ရာ ကုန်ကျစရိတ်များ အတွက် အမေရိကန် ဒေါ်လာ ၂၅,၀၀၀ ထောက်ပံ့ပေးမည် ဖြစ်သည်။ မျက်စိပညာနှင့် ပတ်သက်၍ မည်သည့် အထူးပြု ဘာသာရပ်ကိုမဆို လေ့လာရမည် ဖြစ်သည်။

မျက်စိခွဲစိတ်ကုသမှု ပညာရပ်ကို လေ့လာဆည်းပူးရန် ပေးပို့ လျှောက်ထားသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ မျက်စိကုသမှု ပညာရှင်များ အနေဖြင့် မိမိစိတ်ဝင်စားရာ မည်သည့် အထူးပြု ဘာသာရပ်ကိုမဆို သင်တန်းတစ်နှစ် တက်ရောက်ရမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများကို အကြောင်းကြားပေးမည်ဖြစ်ပြီး အွန်လိုင်းမှလျှောက်ထားရမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ အဆိုပါ ပညာသင်ဆုကို လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားသူတွင် ရှိရမည့် အရည်အချင်းများ

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှ လျှောက်ထားသူ ဖြစ်ရမည်။ အသက် ၄၀ အောက် ဖြစ်ရမည်။ မျက်စိပညာနှင့် ပတ်သက်၍ ဘွဲ့ရရှိပြီး အလုပ်တာဝန်နှင့် နေထိုင်သူ ဖြစ်ရမည်။ ပြည်သူ့ဆေးရုံအုပ်ကြီး (သို့မဟုတ်) မျက်စိပညာဆိုင်ရာ တက္ကသိုလ်မှ ကျောင်း အုပ်ကြီး၏ ထောက် ခံချက် ပါရှိရမည်။

သင်တန်းကာလ တစ်နှစ်တက်ရောက်နိုင်သူ ဖြစ်ရမည်။

မိမိပညာသွားရောက် သင်ယူမည့် နိုင်ငံ၏ ဘာသာစကားကို အတော်အသင့် ပြောဆိုနိုင်သူ ဖြစ်ရမည်။

မိမိတို့ လေ့လာ ဆည်းပူးသည့် အသိပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို အမိနိုင်ငံတွင် လက်တွေ့ ပြန်လည် အသုံးချ၍ မျက်စိအမြင် အာရုံချို့ယွင်းမှုများ ပပျောက်အောင် စွမ်းဆောင်ရမည်။

ICO ၏ အဖွဲ့ဝင်ဖြစ်သည့် မျက်စိပညာဆိုင်ရာ အသင်းအဖွဲ့နှင့် ဆက်နွှယ်မှု ရှိသည့် နိုင်ငံမှ လျှောက်ထား သူများကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။

ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းနိုင်မည့် ဝက်ဘ်ဆိုက် လိပ်စာ

http://scholarship-positions.com

Internet Journal 
အတွဲ (၁၅)၊ အမှတ် (၂၆) 
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...