Microsoft က Nokia X Android Phone များ ထုတ်လုပ်မှုကို ရပ်နားမည်
Microsoft ၏ CEO ဖြစ်သူ Satya Nadella က ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် ၀န်ထမ်း (၁၈၀၀၀) ကို လျှော့ချရန် ပြင်ဆင်နေသည်ဟု အီးမေး တစ်စောင်ဖြင့် ၀န်ထမ်းများအား ကြေညာလိုက် ပါသည်။
ထို့အပြင် Microsoft Devices ဌာန၏ အရာရှိ Stephen Elop က Nokia X Android Project ကို အဆုံးသတ်မည်ဟု ကြေညာပါသည်။ အနာဂတ် Nokia X Designs များနှင့် ထုတ်ကုန်များကို Windows Phone Device များအနေဖြင့် ထုတ်လုပ်မည် ဖြစ်သည်။ ကုမ္ပဏီသည် အပြောင်းအလဲကို အမြန်ဆုံး ပြုလုပ်မည်ဟု သူက ပြောသော်လည်း လက်ရှိ Nokia X စမတ်ဖုန်းများကိုမူ ဆက်လက်ရောင်း ချမည် ဖြစ်သည်။
မကြာမီက ကြေညာခဲ့သည့် Nokia X2 ၏ အနာဂတ်ကို မသိရသေးပါ။ Nokia X2 ကို ကြေညာပြီး ဖြစ်သဖြင့် ရောင်းချသင့်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သော်လည်း အနာဂတ်မရှိတော့သည့် စမတ်ဖုန်း အမျိုးအစားကို စားသုံးသူများ အနေဖြင့် ၀ယ်ယူချင်မည် မဟုတ်ပါ။
ဖယ်ရှားသည့် ၀န်ထမ်း (၁၈၀၀၀) တွင် Nokia Devices and Services ဌာနမှ ၀န်ထမ်း (၁၂၅၀၀) ပါရှိမည် ဖြစ်သည်။ ဖယ်ရှားခံရသည့် ၀န်ထမ်းများကို လာမည့် ခြောက်လအတွင်းတွင် အသိပေးမည် ဖြစ်သည်။ (၁၂၅၀၀) ၀န်ထမ်းများတွင် စက်ရုံလုပ်သားများနှင့် အိုင်တီ ပညာရှင်များ ပါဝင်မည် ဖြစ်သည်။
Satya Nadella က ၀န်ထမ်းများ လျှော့ချရခြင်းမှာ ရိုးရှင်းသော စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေးနှင့် Nokia Devices and Services နှင့် ပူးတွဲလုပ်ကိုင် လိုခြင်းကြောင့် ဖြစ်သည်ဟု ပြောပါသည်။

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook