Notifications များကို လက်ပေါ်တွင် ပြသပေးမည့် Ritot စမတ်နာရီ



သမားရိုးကျ စမတ်နာရီများကို တော်လှန်ပြောင်းလဲမည့် စမတ်နာရီကို လူလေးယောက်က တီထွင်လိုက် ပါသည်။ Ritot ဟု အမည်ပေးထားသည့် စမတ်နာရီသည် သာမာန် စမတ်နာရီများကဲ့သို့ မျက်နှာပြင် မပါရှိဘဲ အချက်ပြမှုများနှင့် အချိန်ကို လက်ပေါ်တွင် ပြသပေးမည် ဖြစ်သည်။

Ritot သည် အသုံးပြုရ အလွန်လွယ်ကူသည်ဟု သိရပါသည်။ စမတ်ဖုန်းနှင့် ချိတ်ဆက်နိုင်ပြီး လက်ကို လှုပ်ခါရုံဖြင့် Missed Calls, Messages များအပါအ၀င် Notifications များကို လက်ပေါ်တွင် ပြသပေး မည် ဖြစ်သည်။ စမတ်နာရီကို ကြိုးမဲ့ အားသွင်းနိုင်ပြီး လက်ပေါ်တွင် ပြသပေးမည့် အရောင်ကို အားသွင်း စက်မှ ပြောင်းလဲနိုင်ပါသည်။

Ritot စမတ်နာရီကို ထုတ်လုပ်ရောင်းချရန် Indiegogo ၀က်ဆိုက်တွင် ရန်ပုံငွေ ဒေါ်လာ ငါးသောင်းကို ဇူလိုင် ၇ ရက်နေ့မှ စတင်၍ ကောက်ခံနေပါသည်။ ယခုအချိန်တွင် ရည်မှန်းထားသည့် ရန်ပုံငွေကို ကျော်လွန်ပြီး ဒေါ်လာ ၁၁၄၂၀၀ ရရှိပြီဖြစ်သည်။

စမတ်နာရီကို အမြောက်အမြား ထုတ်လုပ်ရောင်းချမည်ဆိုသည့် သတင်းကို မသိရသေးပါ။ ရန်ပုံငွေ ထည့်ဝင်ထားသူများက ဒေါ်လာ ၁၂၀ ဖြင့် ၀ယ်ယူနိုင်ပြီး ၂၀၁၅ ခုနှစ် အစောပိုင်းတွင် စတင်ရောင်းချပေး မည် ဖြစ်သည်။


ref; Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...