Professional ဓာတ်ပုံများ ပြင်ဆင်နိုင်သော Aperture app ကို Apple ဖျက်သိမ်း

Apple သည် professional ဓာတ်ပုံများ ပြုပြင်နိုင်သော ဆော့ဖ်ဝဲ app Aperture ကိုဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း Loop သတင်း ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ထို့ကြောင့် Apple သည် ဓာတ်ပုံများ အတွက် app အသစ်များနှင့် iCloud Photo Library ကိုမိတ်ဆက် ပေးသွား မည်ဖြစ်သည်။ ထို့အပြင် iCloud အတွင်း သိမ်းဆည်းထား သည့် ဓာတ်ပုံများ လုံခြုံမှုရှိပြီး မည်သည့် နေရာမှမဆို ကြည့်ရှုနိုင်အောင် Aperture ကို တိုးတက်အောင် လုပ်ဆောင်သွားမည် မဟုတ်ကြောင်း Apple ကပြောဆိုခဲ့သည်။ လာမည့်နှစ်တွင် OS X ကို တင်ပို့သည့် အခါ သုံးစွဲသူများအနေဖြင့် OS အတွက် ဓာတ်ပုံများကို နဂိုရှိရင်းစွဲ Aperture library များတွင် ပြောင်းရွေ့နိုင်မည် ဖြစ်ကြောင်းသိရသည်။ Apple သည်လာမည့် သြဂုတ်လတွင် OS X Yosemite ကိုဖြန့်ချိသည့် အချိန်တွင် iPhoto နေရာတွင် အစားထိုးရန် ဓာတ်ပုံ app အသစ်ကိုလည်း ဖြန့်ချိ သွား မည်ဖြစ်သည်။

အဆိုပါ app ကိုသုံးစွဲသူများ လွယ်ကူစွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ထုတ်လုပ် သွားမည်ဖြစ်သည့် အပြင် Aperture မှ feature များနှင့်တူညီမှုမရှိကြောင်း Apple ကပြောကြားခဲ့သည်။


-စိုးထက်

Ref: Wired
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၆)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...