လျှင်မြန်စွာ ပျံသန်းနေသည့် ငှက်များကို Tracking ဖြင့် ရိုက်ကူးခြင်း

စကားဦး

ဤ မှတ်စုသည် လျှင်မြန်စွာ ပျံသန်းနေသည့် ငှက်များကို အဓိက ထားရေးစေကာမူ ဦးတည်ရာ အရပ် အမျိုးမျိုး သို့ ပြောင်းလဲ ရွှေ့ လျှားနေသည့် ဘောလုံးကဲ့သို့ ကားကစား များ၊ ဦးတည်ရာ တစ်ဘက် ထည်းသို့ ရွှေ့လျှား နေကြသည့် အပြေး ပြိုင်ပွဲ၊ စက်ဘီး ပြိုင်ပွဲ၊ ကား ပြိုင်ပွဲ စသည့် လှုပ်ရျားမှု များ အားလုံး နှင့် သက်ဆိုင်သည့်မှတ်စု ဖြစ်ပါသည်။ အချုပ်အား ဖြင့် လျှင်မြန်စွာ လှုပ်ရှားလျှက် ရှိသော အရာများကို ရိုက်ကူးသည့် နည်းဟု ဆိုရပါမည်။

ကျွန် တော်သည် ဤခေါင်းစဉ် နှင့် အလားတူ ငှက်များပျံသန်းနေစဉ် ရိုက်ကူးခြင်းကို အပိုင်း (၂ ) ပိုင်းခွဲ ကာ ပူးတွဲ ဖေါ်ပြထားသည့် Link တွင် အသေးစိတ် ရေးခဲ့ပါသည်။ (Link)

အထူးသဖြင့် Focusing နှင့် ပတ်သက်၍ ယင်း နှင့် ဆက်နွယ်လျှက် ရှိသော အ ကြောင်း အရာ များကို ပါ ဗဟုသုတ ဖြစ်စေရန် အလို့ ငှာ အတော်လေး အသေး စိတ် ထည့်သွင်း ရေးသားခဲ့ ပါသည်။

အထက်ဖေါ်ပြပါ မှတ်စုကို ရေးသား စဉ်က ကျွန်တော်သည် အဆိုပါ လျှင်မြန်စွာ လှုပ်ရျား ပျံသန်းနေသည့် အရာ များကို ရိုက်ကူးရာ တွင် ၀ါသနာ ပါ၍ နိုင်ငံ တကာ မှ ရေးသား ထားသည့် Birds-in-Flight ဆောင်းပါးများကို အဓိက အခြေပြုကာ ရေး သားခဲ့ ခြင်း ဖြစ်ပါသည်။ ဤ သို့ ရေးသားစေကာမူ အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ အတွေ့ အကြုံ နည်း နေသည့် အချိန် ဖြစ် သဖြင့် အတွေ့ အကြုံ ဆိုင်ရာ ကို ထည့် သွင်း နိုင် မှု နည်း ခဲ့ ပါသည်။ ထို့ကြောင့် ရိုက်ကူးခြင်း နည်းစနစ်ထက် ကင်မရာ ပစ္စည်း၊ Lens, အခြား ပံ့ ပိုးမှု ဆိုင်ရာများ နှင့် Focusing များအကြောင်း ကို အလေးပေး ထားသကဲ့ သို့ ဖြစ်နေပါသည်။

ယခု အချိန်တွင် ကံအားလျှော်စွာ မြန်စွာ ပျံသန်းသည့် ငှက်များကို အဆိုပါ Subject ကို ရိုက်ကူးရာတွင် ထိပ်တန်း ကင်မရာများ နှင့် နှစ်ပေါင်း များစွာ ရိုက်ကူး လျှက်ရှိသည့် ၀ါရင့်ပညာရှင်များ နှင့်တွေ့ဆုံမိကာ ၄င်း တို့ ထံမှ နည်းနာ ခံယူ၍ ထဲထဲဝင်ဝင် ရိုက်ကူးသည့် အချိန်တွင်မှ ယခင်မှတ်စု၏ လိုနေသေးသည့် အပိုင်းများကို ဖြည့် ရေးရန် စိတ်ကူးရ မိပါသည်။

တစ်နည်း အားဖြင့် “ စာ ဖြင့် ရေးသားဖေါ်ပြ ခြင်း မရှိသေးသည့် အပိုင်း များ နှင့်အတွေ့ အကြုံ များ ကို ဤမှတ်စု ဖြင့် ထပ် မံ ဖြည့်စွက် ရေးသား ရခြင်း ဖြစ်ပါသည်။

ဤ မှတ်စု တွင် နမူနာ ပြ ထားသည့် ပုံများအားလုံး သည် ကျွန်တော် Bird in Fight ရိုက်ခြင်းကို စတင် လေ့ကျင့် ချိန်မှ စ၍ လက်ရှိကာလ အထိ ရိုက်ထားသည့် ပုံများအနက်မှ မှတ်စု နှင့် သင့်လျှော် သည့် ပုံ များကို ထုတ် နှုတ်ကာ နမူနာ ပြထားခြင်း ဖြစ်ပါသည်။

Focusing

လျှင်မြန်စွာ လှုပ်ရှား လျှက် ရှိသော အရာ များ ကို ရိုက် ကူး ရာ တွင် Focusing ဖမ်း နိုင်မှု မှာ အဓိက ဖြစ်ပါသည်။

Focus နှင့် ပတ်သက်၍ အဓိက သိထားရမည့် အချက်မှာ -

“ Focus doesn't fall off side to side. It only falls off front to back.” Focus ၏ ပြတ်သား မှု အလျှော့အတင်း သက်ရောက် မှုသည် ဘေးတိုက် သက်ရောက် ခြင်း မရှိဘဲ ရှေ့ နှင့် နောက် တို့ တွင်သာ သက်ရောက်မှု ရှိသည်၊ Focus Point သည် Focal Plain ပေါ်သို့ ကျရာက်ရာတွင် Focal Plain ၏မျက်နှာပြင်ညီ ပြင်လိုက်တွင် တန်ဘိုးအလျှော့ အတင်း ပြောင်းလဲမှု မရှိဘဲ တစ်ညီထည်း ကျရောက် သည် ဆိုသည့်အချက် ဖြစ်ပါသည်။

Focus ပြတ်သား မှု အလျှော့ အတင်း မှာ Subject သည် Focus ဖြတ်ထားသည့် Focused Plain မှနေ၍ ရှေ့ ရောက်ခြင်း နောက် ရောက် ခြင်း တို့ ၏ အပေါ် တွင်သာ တည် နေသည် ဆိုသည် ဟူ သော Focus ၏သဘောကို သိရှိထားရန် လိုပါသည်။

Aperture ကျယ်ကျယ် ဖွင့် ထား သဖြင့် ဖြစ်ပေါ်လာသည့် DOF ပါးပါး ( Shallow Depth of Field ) တွင် အထက်ဖေါ်ပြပါ Focused Plain မှ ရှေ့ သို့ တစ် စင်တီမီတာ သို့ မဟုတ် နောက်သို့ တစ်စင်တီမီတာခန့် နေရာ လွဲ သွားသည်နှင့် ပြတ်သားမှု လည်း လျှော့ ကျ သွားမည် ဖြစ်ပါသည်။

အချုပ် ဆိုရသော် ဥပမာ အားဖြင့် အလွန် လျှင်မြန် စွာပျံ သည့် အကောင် သေးသေး လေး များ ကို ရိုက်ရာ တွင် ( Background Distraction ) နောက်ခံ အနှောက် အယှက် မရှိစေရေး အတွက် Focus ကို ကျယ်ကျယ် ဖွင့် ကာ ရိုက်ကြပါသည်။ နောက်ခံ ( Background) ရှုပ်ထွေးနေပါက Subject ပေါ် တွင် အာရုံ ကျရောက်မှု လျှော့ သွား နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ ကြောင့် Depth of Field အလွန် ပါး သည့် အခြေ အနေမျိုး ဖြစ်ပါသည်။

အောက် တွင် ပြထားသည့် Copper Smith Barbet ငှက်သည် အတော် အကောင် သေးသည့် ငှက်ဖြစ်ပါသည်။ အရွယ်မှာ အခွံ မခွာရသေးသည့် ကွမ်းသီး လုံး အကြီးစား ပမာဏ ခန့်သာ ရှိပါသည်။ နောက်ခံ ရှုပ်ထွေး နေပါက ငှက် သည် နောက် ခံ နှင့် ရော ထွေးနေ မည် ဖြစ်သဖြင့် ငှက် အပေါ် အာရုံ စူးစိုက် မှု လျှော့ သွား ပါလိမ့် မည်။ ထို့ ကြောင့် နောက်ခံ ရှင်းနေရန် လိုပါသည်။ Aperture ကို အကျယ် ဆုံး ဖွင့် ခြင်း Long Tele ဆွဲ ခြင်း တို့ ဖြင့် နောက်ခံ ၀ါး နေစေ နိုင်ပါသည်။



ထို့ကြောင့် ပုံကြည်လင် ပြတ်သားသည့် ဧရိယာ ( Depth of Field ) သည် အလွန်ပါး သော ( Shallow Depth of Field) ဖြစ်ပါသည်။ ဤ သို့ Depth of Field ပါးသည့် အတွက် အထက်တွင် ဖေါ်ပြ ခဲ့ သလို Subject သည် Focused Plain မှ ရှေ့ သို့ မဟုတ် နောက် သို့ One Centimeter မျှ နေရာ ပြောင်း သွားသည် နှင့် ပုံ၏ ပြတ်သား မှု လျှော့ သွား မည် ဖြစ်ပါသည်။

အောက်ပါ နမူနာ Diagram ကို ကြည့်လျှင် Subject ရွှေ့လျှား မည် ဟု မှန်းဆ ထားသည် မီးခိုး နု ( Light Gray ) အရောင် ချယ် ထားသည့် နေရာကို Focus ယူထားသည်။ Subject သည် မှန်းဆ ထားသည့် အတိုင်း (A) နှင့် (B) အကြား ရှိ ဧရိယာ အတွင်း ရွှေ့ လျှား ပါက Focus ပြတ်သား လိမ့် မည်။

အ ကယ်၍ ထို ဧရိယာ အပြင် ဘက် ဖြစ်သည့် (A) သို့ မဟုတ် (B) ဧရိယာ အပြင်ဘက် သို့ ရောက်သွား လျှင် ပြတ်သား မှု လျှော့ ကျ သွားလိမ့်မည်။ ဤ သည်မှာ မူ ကံ အကြာင်း တရားသာ ဖြစ်သည်။ မည်မျှ မတတ် နိုင်သည့် ကိစ္စ ဖြစ်ပါသည်။



အောက်ပါ ကဲ့ သို့ အသိုက် မှ အထွက် အ၀င် လုပ်သည့် ငှက် ကို ရိုက်ရာ တွက် Focuing ကြိမ်းသေ စေရန် ငှက် ခေါင်းပြူ နေသည့် အပေါက် အား Focus အသေ ယူ ထားသည်။ Continuous Focusing ယူ၍ ရိုက်လေ့ မရိကြပါ။ အဆိုပါ အပေါက် ရှိရာ သစ်ကိုင်း နှင့် တစ်ညီ တည်း ပျံ ထွက် လျှင် ပုံ သည် ပြတ်သား လိမ့် မည်။ အကယ်၍ ငှက်သည် မှန်းဆထားသည့် Focused Palin အတိုင်း မပျံ ဘဲ ဘယ် သို့ မဟုတ် ညာ ဘက်သို့ ထိုး ထွက် သွားပါက ပြတ်သား မှု လျှော့ သွား လိမ့် မည်။



အဆိုပါ ရိုက် နည်းသည် လှုပ်ရှား နေသည့် Subject နောက်သို့ Tracking မလိုက်ဘဲ မိမိ ရိုက်မည့် နေရာ ၏ ဧရိယာ ကို အသေ သတ်မှတ် ကာ Fixed Focus ကြို ဖြတ် ထားသည့် နည်း ဖြစ်သည်။

ကားပြိုင်ပွဲ၊ အပြေးပြိုင် ပွဲ တို့ တွင် Subject ၏ ဥိးတည်ရာ တစ်ဘက်ထည်း သို့ ရွှေ့ လျှားရာ နေသည် ကို မူ ရွှေ့ လျှားမည့် နေရာ ကို အတိ အကျ သိ နိုင်သဖြင့် Focus Area ကို အသေ ချိန် ထား၍ ရသည်။ သို့ ရာ တွင် အသိုက် ( Nest ) အ၀င်အထွက် လုပ်နေသည့် ငှက် ၊ ဘောလုံး ပြိုင် ပွဲ ကဲ့ သို့ အခြေအနေမျိုး မှာမူ Subject ၏ ရွှေ့ လျှားရာ ဦး တည် မှု ကို ပုံသေ မှန်း၍မရ နိုင်ပါ။

ခေတ်ပေါ် DSLR များတွင် ပါရှိသည့် Continuous Focusing မှာမူ Subject ၏ ရှေ့ နောက် ပြောင်းလဲ ရွှေ့ လျှား မှု ကို ကင်မရာ က လိုက်ကာ Focus လုပ် သည် နည်း ဖြစ်ပါသည်။ ရွှေ့လျှားနေသည့် Subject ကို ယင်း ရွှေ့ လျှား နေသည် နောက် လိုက် ကာ Predictive Focus လုပ် ပေးသည့် Continuous Focusing Mode ဖြစ်ပါသည်။

ဤနည်း မှာ Subject အား Focus မှတ် ပေးလိုက် ရန် အတွက် Shutter-Release Button ကို တစ်ဝက် နှိပ် ထားပါက ကင်မရာ သည် Predictive focus tracking စနစ် ဖြင့် ရွှေ့ လျှားနေ သည့် Subject ၏ နောက် သို့ လိုက်ကာ တောက်လျှောက် Focus လုပ်နေပါ လိမ့် မည်။ Focus မိသည် ဖြစ်စေ၊ မမိ သည်ဖြစ်စေ Shutter-Release Button ကို နှိပ် ကာ ရိုက် နိုင် သည့် နည်း ဖြစ်ပါသည်။ အောက်တွင် ဆက် ရှင်းလင်း ရေးသားပါမည်။

ရှေ့ နောက် ပြောင်းလဲ ရွှေ့ လျှား မှု ကို Focus Tracking လုပ်ခြင်း

Subject ရှေ့ နောက် ရွှေ့ လျှား မှု များ၏ နေရာ ပြောင်း လဲမှု ကို လိုက်ကာ Focus လိုက် လုပ်ပေးသည့် Focus Tracking အကြောင်း မရေး မှီ ကင်မရာ Focusing စနစ်များ နှင့် ပတ်သက်၍ အကြမ်း ဖျဉ်း ရှင်းလင်း လိုပါသည်။ ကင်မရာ Auto Focusing စနစ်တွင် Active Auto Focus နှင့် Passive Auto Focus ဟူ ၍ စနစ် နှစ်မျိုး ရှိပါသည်။

Active Auto Focus.

Active Focus စနစ် သည် ကင်မရာက Infrared ကို Subject ထံသို့ ထုတ်လွှတ် လိုက်ပါသည်။ Subject မှ Bounce ဖြစ် လာသည့် Signal ဖြင့် ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေးကို တွက်ချက်ကာ Lens အား မည်သို့ Focus လုပ် ရန် စေခိုင်း သည့် Focusing စနစ်သည် Active AF ဖြစ်ပါသည်။ ည အချိန် Flash နှင့် ရိုက် လျှင် Flash မှ အနီရောင် Infrared ထုတ်လွှတ်ကာ Focus လုပ်ခြင်းသည် Active Auto Focus ဖြစ်ပါသည်။

Active Auto Focus ၏ အားသာ ချက်မှာ ပုံမှန် Passive AF လုပ်ဆောင်၍မရသည့် အလင်းရောင် များစွာ နည်း သည့် နေရာ များတွင် Focusing လုပ် နိုင်ခြင်း ဖြစ် ပါသည်။ အားနည်း ချက်မှာ Active Auto Focus သည် ငြိမ်နေသည် Subject များကို Focus လုပ် နိုင်ပါသည်။ အလွန် ဆုံး ၁၅ ပေ နှင့် ပေ ၂၀ ခန့် အကွာ ရှိ Subject များကို သာ Focus လုပ်နိုင်ပါသည်။

Passive Auto Focus.

Passive Auto Focus စနစ် သည် Active AF နှင့် များစွာ ကွာပါသည်။ Passive Auto Focus စနစ် သည် Infrared ကို အားကိုး ကာ ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေးကို တိုင်း ထွာ ပြီး Focus လုပ် ခြင်း မဟုတ်ဘဲ Light Contrast ပေါ် မူတည်ကာ Focus လုပ်ခြင်း ဖြစ်ပါသည်။ ဤ စ နစ် တွင် လည်း နည်း နှစ် မျိုး ရှိပါသည်-

- ပထမ နည်းမှာ Lens ကို ဖြတ်ကာ ၀င်လာသည့် အလင်း ( Light ) အား ကင်မရာ Sensor က ဖမ်းယူ ( Detect )လုပ်ကာ Light မှ ထွက် ရှိသည့် Contrast များ အလိုက် တွက်အချက်၍ Focus လုပ် သည့် နည်း ဖြစ်ပါ သည်။ ယင်းကို “ Phase Detection “ နည်းဟု ခေါ် ပါသည်။

- အခြား နည်း မှာ ကင်မရာ Sensor က Lens မှ ၀င်လာသည့် Image ပေါ်ရှိ အပြတ်သားဆုံး အလင်းရောင် ၏ Contrast ကို မှတ်ကာ Focus လုပ် သည့် နည်း ဖြစ်ပါသည်။ ဤ နည်းကို “ Contrast Detection “ နည်းဟု ခေါ်ပါသည်။

အကယ်၍ Image သည်မှုန် ၀ါးနေပါ ကင်မရာ၏ Auto Focus System က Lnes အား ပုံ ရိပ် ပြတ်သား စေလာသည်အထိ Focus လုပ်ရန် စေခိုင်း သည့် နည်း ဖြစ်ပါသည်။ ထို့ ကြောင့် Passive AF စနစ် တွင် ကင်မရာ က Focusing ကောင်းစွာ လုပ် နိုင်စေရန် လိုအပ်သည့် အလင်း Contrast ပမာဏ ကောင်း မွန်စွာ ရ ရှိ ရန် လိုပါ သည်။

နောက် ပိုင်းပေါ်သည့် Mirrorless Camera နှင့် Compact ကင်မရာ များသည် Passive AF စနစ် များ ဖြစ်ကြ ပါသည်။

ခေတ်မှီ DSLR ကင်မရာ များသည် Active AF ရော Passive AF ပါ စနစ် နှစ်မျိုး စလုံး နှင့် Focus လုပ်ပါသည်။ DSLR များတွင် မူ Mirror ကို မ တင် ထားသည် အချိန်တွင်သာ Contrast Detection နည်း ဖြင့် Focus လုပ် ပါသည်။ တစ်နည်းအားဖြင့် Live View Mode တွင်သာ Contrast Detection Focus လုပ်ပါသည်။ Contrast Detection Focus သည် ငြိမ်နေသည့် Subject များကို ရိုက်ရာ တွင် များစွာ အသုံး ၀င်ပါသည်။ Focus လုပ်ရာ တွင် နှေး ပါသည်။ သို့ရာတွင် Phase Detection စနစ် ထက် ပို၍ တိကျ မှု ရှိပါသည်။ ဤ Focusing စနစ်များသည် ကင်မရာ Sensor က ၄င်းပေါ် ကျရောက် လာသည့် Light Signal ကို မှတ် သားပြီး Lens ကိုအပ်သလို Focus လုပ် ခိုင်း ခြင်း ဖြစ်ပါသည်။

ဥပမာ အားဖြင့် ပျံသန်း နေသည့် ပျံ နေသည့် ငှက် ကဲ့ သို့ Moving Subject များ ကို ရိုက်ရာ တွင် မူ Phase Detection Focusing စနစ် ဖြင့်သာ လျှင် Focus လုပ် နိုင်ပါသည်။ ကင်မရာ ရှိ အဆိုပါ Mode နှင့်ပတ်သက် သည့် Setting လုပ် လိုက်လျှင် ကင်မရာ Firmware က လိုအပ်သည်များကို အလိုအလျှောက် လုပ်ဆောင် သွားပါ လိမ့် မည်။

Focus Tracking အတွက် ကင်မရာ တွင် Setting လုပ်ခြင်း။

ကင် မရာ များ တွင် ယေဘူယျ အားဖြင့် ဓါတ်ပုံ ရိုက်သူက မည်သို့ သော ပုံစံမျိုး နှင့် Focus လုပ် လိုသည်ကို ရွေး ချယ် နိုင်သည့် Autofocus Mode နှင့် မည်သည် နေရာ များ အား Focus လုပ် လိုသည်ကို ရွေးချယ် နိုင်သည့် အတိုကောက် အားဖြင့် ( AF-Area Mode ) ဟု ခေါ်သည့် Auto Focus Area Mode ဟူ ၍ နှစ်ပိုင်း ရှိပါသည်။

Autofocus Mode တွင်-


အမှတ်စဉ်
အတိုကောက်

ဆောင်ရွက် မှု ကင်မရာ Control Panel တွင် မြင်ရမည့် မြင်ကွင်း


1. AF-A
Auto–servo AF


Subject ငြိမ်နေစဉ် ကင်မရာက အလို အလျှောက် Single-Servo ဖြင့် Focus လုပ်မည် ဖြစ်ပြီး သာမန် ရွှေ့ လျှားသည့် အချိန် တွင် Continuous-servo သို့ အလိုအ လျှောက် ပြောင်း ကာ Focus လုပ် ပေး သည့် Mode ဖြစ်ပါသည်။ ကင်မရာ Firmware က သူ့ ဟာ သူ ဆုံး ဖြတ်ကာ Focus လုပ် ပါ လိမ့် မည်။

Focus Points များသည် တစ် ဘက် ဇယား ရှိ ပုံပါ Points များ အတွင်း ၌ ကင်မရာ Firmware ကဆုံးဖြတ်ပေးသကဲ့ သို့ ပြောင်းလဲ နေပါ လိမ့်မည်။



2. AF-S
Single servo- AF


လှုပ်ရှား မှု မရှိဘဲ ငြိမ်နေသည့် Subject ကို Single Point ဖြင့် Focus လုပ်ကာ ရိုက်သည့် Mode ဖြစ်ပါသည်။ လို သည့်နေရာ သို့ တစ်ဘက် ဇယား ကွက် ပါ အလယ် ရှိ Focus Point လေးကို ရွေ့ ယူ နိုင်ပါသည်။

Shutter-Release Button ကို တစ်ဝက် နှိပ်ထားပါက Focus Lock ဖြစ်သွားပါ လိမ့်မည်။ In-Focus Indictor ပြ ၍ Focus မိမှသာ Shutter-Release Button ကို အဆုံး နှိပ် နိုင် ပါလိမ့် မည်။



3. AF-C
Continuous-servo AF

ရွှေ့လျှားနေသည့် Subject ကို ယင်း ရွှေ့ လျှား နေသည် နောက် လိုက် ကာ Focus လုပ် ပေးသည့် Continuous Focusing Mode ဖြစ်ပါသည်။ Shutter-Release Button ကို တစ်ဝက် နှိပ် ထားပါက ကင်မရာ သည် Predictive focus tracking စနစ် ဖြင့် ရွှေ့ လျှားနေ သည့် Subject ၏ နောက် သို့ လိုက်ကာ တောက်လျှောက် Focus လုပ်နေပါ လိမ့် မည်။ Focus မိသည် ဖြစ်စေ၊ မမိ သည်ဖြစ်စေ Shutter-Release Button ကို နှိပ် ကာ ရိုက် နိုင်ပါသည်။



AF-Area Mode

Area Mode တွင်မူ Niko D-7000 ၏ View Finder တွင် တွေ့ ရမည် မြင်ကွင်း ကို အောက် ပုံ တွင် ပြထားပါသည်။ D-7000 Manual တွက် ပါရှိသည့် ပုံ ကို ပြန် ရိုက်ကူး ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။



- 9-Point dynamic –area AF, ( အပြေး ပြိုင် ပွဲ တွင် များစွာ မမြန် လှဘဲ ဦးတည်ရာ တစ်ဘက်ထည်း သို့ ပြေးနေသည့် သီးခြား Subject များ အားရိုက် ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

- 21-Point dynamic –area AF, ( ဘောလုံးပွဲ ကဲ့ သို့ ဦးတည်ရာ အမျိုးမျိုး သို့ မြန် ဆန် စွာ ပြေးနေ သည့် Subject များ အားရိုက် ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

- 39-Point dynamic –area AF, (အလွန်လျှင် မြန်စွာ စွာရွှေ့လျှားနေသော ကြောင့် Frame လုပ်ရန် ခက်သော အရှိန် နှင့် ပျံသန်း နေသည့် ငှက် များကိုရိုက်ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

AF-C – Continuous Focusing လုပ်ရန်အတွက် အထက်ပုံ ပါ AF-S မှ လွဲ ၍ ကျန်သော Area Mode များ နှင့် တွဲသုံး နိုင်စေကာမူ အစိမ်းရောင်ဖြင့် အရောင် ချယ်ပြ ထားသည့် 9-Poins, 21-Points, 39-Points Area Mode များ နှင့် တွဲ သုံး ခြင်း သည် အမှား အနည်းဆုံး ဖြစ်ပါသည်။

အထက်ပါ Dynamic Mode တွင် အထက်ပုံ တွင်သာ 9-Poins, 21-Points, 39-Points ပြထားစေကာမူ အမှန် တကယ် View Finder တွင် ကြည့် လျှင် Active ဖြစ်နေသော Point လှုပ် ရှားနေသည် ကိုပင် မြင်ရမည် ဖြစ်ပါသည်။

အကြမ်း အားဖြင့် ဆိုရပါ မူ အရှိန် မြန်မြန် နှင့် ပျံသန်းနေသည့် အကောင် သေးသေး ငှက် များကို Auto Focus Mode, AF-C နှင့် AF Area Mode, 39-Point တို့ တွဲ သုံး သင့်ပါသည်။

အကောင်ကြီးကြီး နှင့် ခတ် လေးလေး ပျံနေသည့် လင်းဒ ကဲ့သို့ ငှက်များ အတွက် မူ များ AF-Area Mode Point နည်းနည်း နှင့် လည်း သုံးနိုင်ပါသည်။

Camera Settings

ကင်မရာ Setting မှာ မူသေ ထားလေ့ မရှိကြပါ။ အခြေအနေပေါ် လိုက်ကာ စိတ်ကြိုက် Setting လုပ်လေ့ ရှိကြပါသည်။ အသိုက် အ၀င်အထွက် ရိုက်ရာတွင် ပုံသေ Focus ဖြတ်ထားကာ Manual Focus ဖြင့် ရိုက်ကြသည့် အချိန် မျိုးတွင် မူ Background Distraction မရှိစေရေး အတွက် Aperture ကို မိမိ Lens ၏ အကျယ် ဆုံးသော Aperture ကို ဖွင့် ထားသူများ ရှိပါသည်။ မိမိ ရိုက် မည့် နေရာ မှ နေ၍ Sibject ၏နောက် ရှိ Background သည် လှပ ခြင်း ရှိမရှိ၊ Bokeh ရှိနေစေကာမူ တောက် ပနေသည့် အကွက်များ၊ ရုပ်ဆိုးသည့် အလွန် မဲနေသော အကွက် များရှိ နေခြင်း ရှိမရှိ ကြိုတင် စစ် ဆေး ထားရန် လိုပါသည်။

ကျွန် တော့် အနေနှင့် မူ Shuter Speed ကို 1/1600 မှ 1/2000 အတွင်း Priority ထားကာ ရိုက် ရာ တွင် lens သည် Focal Length အဆုံးဖြစ်သော 400mm ၌ ၄င်း အကျယ် ဆုံး ဖွင့် နိုင်သည့် f-5.6 ကို အလို အလျှောက် ဖွင့် ပြီးသား ဖြစ်ပါသည်။

600mm, f-4 ကဲ့ သို့ Lens ကြီးများ မှာမူ Aperture Priority f-4 ဖြင့် ရိုက်သူများရှိပါသည်။

မိတ်ဆွေ အချို့ ၏ နောက်ဆုံး ပေါ် Canon Full Frame ကင်မရာ များ အနေနှင့်မူ Shutter Speep 1/4000 အထိ ထားကာ ငှက် တောင်ပံ ဖြား အပါအ၀င် တစ်ကိုယ် လုံး ကို ပြတ်သား နေအောင် Freeze လုပ်ကြ ပါသည်။ တော်ရုံ တန်ရုံ Camera Shake နှင့် Focusing အမှား အယွင်း ကို လည်း ထိန်း နိုင်ရန် ဖြစ်ပါ သည်။

ကျွန်တော် အပါအ၀င် အချို့ သော မိတ်ဆွေ များက မူ ငှက် တောက်ပံ အဖြား လေး တွင် Motion Blur မျိုးလေး ဖြင့် ၀ါးနေသည့်ကို ကြိုက် သဖြင့် Shutter Speed ကို Shutter Priority 1/2000 ပတ်ဝန်း ကျင် တွင် ထားရိုက်ပါသည်။

Shutter Speed အတော် အမြန် နှုန်း ဖြင့် ရိုက်ရသည့်အတွက် ISO တင် ရိုက်ရန် လိုပါသည်။ အလင်းရောင် ကောင်းစွာ ရပါမူ ISO များစွာ တင်ရန် မလိုဘဲ အလင်းရောင် နည်းပါက Shutter Speed နှင့် လိုက်လျှော ညီထွေ ရှိသည့် ISO တင်ရန် လိုပါမည်။ နောက်ဆုံးပေါ် ကင်မရာ များ အနေနှင့် ISO 6400 လောက်တွင် Noise မရှိသည့် ပုံ များရနိုင်ပါသည်။

အခြားသတိ ထား ရမည့် အချက် မှာ Subject ဖြစ်သော ငှက် သည် အလင်းရောင် တောက် နေသည့် ရေပြင် နေရာ နှင့် မှောင် ရိပ် ကျ နေသည့် ရေပြင်နေရာ တို့ တွင် ဖြတ်ကာ ပျံ သန်းပါက အလင်း/ အမှောင် ( Exposure ) ပြောင်း သွားနိုင် သည်ကို သတိ ပြု ရန် ဖြစ်ပါသည်။

ဧရိယာ 8mm ကိုသာ အဓိက ထားကာ တွက်ချက်သည့် Center Weighted Metering ဖြင့် ရိုက် စေကာမူ အောက် ပါပုံ ကဲ့ သို့ တောက်ပသည့် ရေပြင် နေရာ (A) တွင် ငှက် ဒိုက်ဗင် ထိုး ဆင်းပါ က အလွန် လင်းသည် ဟု ကင်မရာ Firmware က ယူဆ ကာ Exposure ကို လျှော့ ချ လိုက်ပါသည်။ ထို အချိန် တွင် Subject သည် Underexpose ဖြစ်သွားပါ လိမ့် မည်။

မှောင်ရိပ်ကျ နေသည့် ရေပြင် နေရာ (B) တွင် ငှက် ဒိုက်ဗင် ထိုး ဆင်းပါ မူ မှောင် နေသည် ဟု ကင်မရာ Firmware က ယူဆ ကာ Exposure ကို တင်လိုက် လိုက်ပါသည်။ ထို အချိန် တွင် Subject သည် Overexpose ဖြစ်သွားပါ လိမ့်မည်။



ထို့ ကြောင့် ငှက် ဆင်း နိုင်မည် ဟု မိမိ မှန်း ထား နေရာ များကို အစမ်း ရိုက်ကြည့် ကာ Exposure Compensation ကို ကြိုတင် ချိန် ထား ရန် လိုပါမည်။ ဤ နည်း မှာ ကျွန်တော် အနည်း ကပ် လေ့လာ ရသူ Mr. Lai ထံ မှ သင်ယူ ခဲ့ရသည့် အချက်များ ဖြစ်ပါသည်။

Focus Tracking ဖြင့် ရိုက်ကူးခြင်း။

ယခု ရေးသား မည့် Focus Tracking ဖြင့် ရိုက်ကူးခြင်း နည်း အများ စုမှာ ငှက် နောက် သို့ Follow လုပ်ကာ ရိုက် သည့် နည်း Panning သဘော မျိုး ဖြစ်ပါသည်။ အခြားခြားသော ပုဂ္ဂိုလ် များတွင် အမျိုးမျိုး သော နည်း များ ရှိ နိုင်ပါသည်။

Focus Continuous Tracking ၏ အခြေ ခံ နည်း ဖြစ်သည့် Frame တစ်ခု အတွင်း ၌ ရွှေ့ လျှားနေ သည့် Subject ကို ရွှေ့ လျှား ရာ နေရာ အလိုက် ကင်မရာ Firmware က Subject နှင့် ကင်မရာ အကွာ အဝေးကို ထွက်ချက်ကာ အလို အလျှောက် Focus လုပ်ပေး သည့် နည်း နှင့် Subject နောက် သို့ Follow လုပ်ကာ ရိုက်သည့် Panning နည်း များ ရှိသည့် အနက် ဓါတ်ပုံ ပညာ ရှင်များ အနေနှင့် အခြေအနေပေါ် မူ တည် ကာ သန်ရာ သန်ရာ ရိုက်ကြပါသည်။

အောက်ပါ နမူနာ ပုံ (၁) မှ (၈) အထိ ကိုကြည့်ပါက ပုံ-(၁) မှာ သစ် ကိုင်းပေါ် တွင် နားနေသည့် ငှက် ကို AF-C Continuous-servo AF ဖြင့် ရိုက်ရန် Nikon D3 Dynamic-(51) Point ဖြင့် ငှက် ကို Focus Mark လုပ် ထားခြင်း ကို နမူနာ ပြထားခြင်း ဖြစ်ပါသည်။

ငှက် ရေ ထဲ သို့ စ ၍ ထိုးဆင်း သည် နှင့် အမဲ ရောင် ပြထားသည့် Focus Area အတွင်း Mark လုပ်ထားသည် Subject ဖြစ်သော ငှက် ကို တောက်လျှောက် လိုက်ကာ Focus လုပ်နေပါ လိမ့်မည်။

သို့ သော် Dynamic-(51) Point ဧရိယာ ပြင် ပ သို့ Subject လွန် မထွက် သွားမှီ Panning သဘောမျိုး ဖြင့် နောက် ကနေ လိုက် ရိုက် ရပါမည်။ ပုံ-(၄) မှ ရေထဲ သို့ ထိုး ဆင်းသွားသည့် ပုံ- (၈) အထိ မှာ Panning သဘောမျိုး ငှက် နောက် ကို လိုက် ကာ ရိုက် ထားသည့် ပုံ များ ဖြစ် ပါသည်။

Subject ကို Tracking လိုက်ရာ တွင် ကင်မရာ Long Tele ဆွဲထားသည့် အတွက် View Finder မှ လိုက်ကြည့် ရန် ခက်သည့်အတွက် သေနပ် ပစ်ရာ တွင် သုံးသည့် Red Dot Seight ကို သုံးကြပါသည်။ အချို့ လည်း View Finder မျာ ပင် ချောင်း ကြည့် ကာရိုက်သူ အချို့ လည်း ရှိပါသည်။ အများစု မှာ အရပ် အခေါ် View Finder ဟုခေါ်သည့် Red Dot Seight ကို သုံးကြ ပါသည်။



Red Dot Seight

အောက်ပါ ပုံ မှာ Red Dot Seight ကို D 4 ပေါ်တွင် တပ် ဆင် ထားသည့်ပုံ ဖြစ်ပါသည်။



အောက်ပါ ပုံ များမှာ Focus Tracking ဖြင့် နားနေရာ မှ ရေထဲ ဒိုင်ဗင် ထိုးဆင်းပြီး တစ် ဘက် ကမ်း သို့ ပျံ သွား သည် ကို အဆင့် ဆင့် အနေအထားအလိုက် ရိုက် ထားသည့် နမူ နာ ပုံ များ ဖြစ်ပါသည်။

ပုံ-(၁) မှ (၈) အထိသည် သစ်ကိုင်းပေါ်တွင် နားနေရာ မှ ရေထဲ သို့ ဒိုင်ဗင် ထိုးဆင်းသည့် အနေအထားအမျိုးမျိုးသော ပုံ များ ဖြစ်ပါသည်။


ပုံ -(၁)


ပုံ-(၂ )



ပုံ-(၃)


ပုံ-( ၄ )


ပုံ-(၅ )


ပုံ-( ၆ )


ပုံ-( ၇ )


ပုံ-(၈ )

အောက်ပါ ပုံ -(၉) မှ ပုံ- (၁၅) အထိ ပုံ များ မှာ ရေ ထဲ မှ ပျံ ထွက် ကာ တစ်ဘက် ကမ်းသို့ ပျံ သွား သည် အထိ နောက် မှ Tracking လုပ်ကာ ရိုက် ထား သည့် ပုံ များ ဖြစ်ပါသည်။


ပုံ-( ၉ )

ပုံ-( ၁၀ )

ပုံ-( ၁၁ )

ပုံ-( ၁၂ )

ပုံ-( ၁၃ )

ပုံ-( ၁၄ )


ပုံ-( ၁၅ )

ပုံ-( ၁၆ )

ပုံ-(၁၆) သည် အထက်ပါ ပုံ-(၁) မှ ပုံ-(၁၅) အထိ ပုံ များကို အစ မှ အဆုံး Tracking လိုက် ထားသည် Diagram ပုံ ဖြစ်ပါသည်။ (A) သည် ငှက် နားနေသည့် နေရာ ဖြစ်ပြီး (B) သည် ရေထဲ ထိုးဆင်း သွားသည့် နေရာ ဖြစ်ပါ သည်။ (C) သည် ရေထဲ မှ ပျံ တက် သွားကာ နောက်ဆုံး ခြုံ ထဲ တွင် နား လိုက်သည့် နေရာ ဖြစ်ပါသည်။

အတွေ့ အကြုံ အရ ဆိုရပါမူ ရိုက်ရ အနည်း ငယ် လွယ် သည့် နည်း မှာ ခတ် လှမ်း လှမ်း ရှိ ငှက် ကို Tele နှင့် ဆွဲ ရိုက်ခြင်း ပင် ဖြစ်ပါသည်။ ကင်မရာ နှင့် အလွန်နီးကပ် စွာ အမြန် ပျံ သည့် ငှက် များမှာ Frame ပေါ်တွင် တစ်စက္ကန့် ၏ ဆယ်ပုံ တစ်ပုံ ခန့် သာ ပေါ် လိုက် သဖြင့် ကင်မရာ Sensor အနေနှင့် Focus လုပ်ရန်အတွက် မှတ်သား ရန် အချိန် ပင် မရလိုက်နိုင်ပါ။

အနည်း ငယ် လှမ်းသည့် Moving Target- Flying Subject ကို Long Tele ဖြင့် လို အပ်သည့် Focal Length အတွင်း ဆွဲ ယူထားခြင်း ဖြင့် Flying Subject သည် Frame ထဲ တွင် အချိန် အနည် ငယ် ပို ကြာကြာ ရှိနေသဖြင့် ကင်မရာ Sensor က အဆိုပါ Flying Subject ၏ ကနဦး ပုံ အား မှတ်သား ချိန် ပို ရလိုက်ပါသည်။ Sensor က အဆိုပါ Flying Subject ကို မှတ်သား မိပြီဆို လျှင် ၄င်း၏ နောက် သို့ လိုက်ကာ ( Follow ) ရိုက်လျှင် Focus က မှတ်ထားသည့် Flying Subject ကို တောက် လျှေက် လိုက် ကာ Focus လုပ်နေ ပါ လိမ့် မည်။

နားနေသည့် ငှက်များကို ရိုက်ကူးခြင်း။

ငှက် ဖြစ်စေ သားကောင်ဖြစ်စေ မည်သည့် Wildlife ကို မဆို ရိုက်သည့်အခါ မျိုး တွသ် Frame ထဲ ပြည့် အောင် ရိုက်ပါ ဟု Wildlife Photography ပညာရှင် များက ဆိုကြသည်။ ဆိုလို သည် မှာ Frame ထဲ တွင် အကောင်ကြီး နိုင်သမျှ ကြီးအောင် ရိုက်ပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။

အကောင်ကြီးကြီး ၊ Frame ပြည့်ပြည့် ရ ရန် Tele-Zoom Focal Length ရှည် ရှည် များ ဖြင့် ရိုက် နိုင်ပါသည်။ သို့ မဟုတ် Focal Length တိုတို Lens များဆိုပါ က လူက ငှက် သို့ မဟုတ် သတ္တ၀ါ အနီးသို့ တတ် နိုင်သမျှ ကပ်ပြီး ရိုက်ပါ ဟု ဆို လို ခြင်း ဖြစ်ပါ သည်။

တောရိုင်း သတ္တ၀ါများ အား ဓါတ်ပုံ ရိုက်ရာတွင် ပုံကြီးကြီး ရ နိုင်ရန်အတွက် တတ်နိုင်သမျှ အနီးကပ် နိုင်သမျှ ကပ်ပါ ဆိုသည်မှာ မူ အားဖြင့် မှန်သော်လည်း လက်တွေ့ တွင် အလွန် မလွယ် သည့် ကိစ္စ ဖြစ်ပါသည်။

ငှက် အပါအ၀င် တော ရိုင်း သတ္တ၀ါ များသည် မြင်ရိုး မြင်နေကြ မြင်ကွင်း ၊ အခြေအနေ ၊ အနံ့ အသက် စသည် တို့ အနည်းငယ် မျှ ပြောင်းသွားလျှင် ထိုနေရာ ကို ရှောင်ဖယ် သွားပါတော့သည်။ လာနေကျနေရာ ကို မလာတော့ပါ။ ဥပမာ အားဖြင့် ကားလမ်းဘေး ဓါတ်တိုင်ပေါ်တွင် နားနေသည့် ငှက်သည် ကားပေါ် တွင် လူ များ အတော် နီးနီး ရှိစေကာ မူ ပျံ မပြေးကြပါ။ အစဉ်မြင်နေကျ ကျင့်သားရ နေသဖြင့် ဖြစ်ပါသည်။

သို့ သော် ကားပေါ်မှ လူ ကား အောက်သို့ ဆင်း လိုက်သည်နှင့် ပျံ ပြေးလေ တော့သည်။ ထို့ အတူပင် ချောင်းကူး တံတား အနီး ရှိ သစ်ပင် ပေါ်ရှိငှက်သည် တံ တားပေါ်ရှိ လူ နှင့် နီးနေစေကာမူ ပျံ မပြေး ပါ။ မြင်နေကြ ဖြစ်နေ၍ ဖြစ်ပါသည် သို့သော် လူ တံ တားအောက် ကို ဆင်းလိုက် သည့် နှင့် ပျံပြေးတော့ သည်။

လက်တွေ့ ဘ၀ တွင် လိပ်ပြာ ကဲ့ သို့ အကောင် ပင် လူ အနား အကပ်မခံပါ။ ထို့ ကြောင့် Macro ရိုက်သည့် Photographer အချို့ သည် တော အုပ် ၊ သစ်ပင် တို့ နှင့်ရော ထွေး နေစေရတွင် စစ် ၀တ်စုံ ဆန်ဆန် Camouflage အ၀တ် အစားများ ၀တ်ကာ ပိုးကောင်း မွှားကောင် လေး များ အနား ကပ်ရန်ကျိုးစားသည် ကို မြင်ဘူး ကြပါ လိမ့် မည်။

အကောင်ကြီးကြီး နှင့် ခပ်လေးလေး ပျံသည့် ငှက်။

အောက်ပါ Intermediate Egret, Gray Heron ကဲ့သို့ အကောင်ကြီးကြီး နှင့် ပျံသန်း ရာတွင် ခပ်လေးလေး ပျံ သည့် ငျက်များကို လည်း အထက်ပါ Tracking ဖြင့် ရိုက်ရပါမည်။

လေ ထဲ တွင် ပျံ နေသည့် ငှက်ကို Focus Marking လုပ်ရာ တွင် မူ နား နေသည့် ငှက် ကို Focus Marking လုပ်ရသည် ထက် ခက်ပါသည်။ ပျံ နေစဉ် Subject ကို အမိ လိုက်၍ Focus ထောက် ကာ Mark လုပ်ရပါမည်။ သို့ မှသာ လျှင် Sensor က သူ မည်သည့် အရာ ကို Focus Tracking လုပ် ရမည်ကို လွယ် ကူစွာ သိပါ လိမ့်မည်။ ပို ၍ ကြိမ်းသေ သော နည်း ဖြစ်ပါသည်။ သေးငယ် သော ငှက်များ လောက် ရိုက် ရမခက် သော ငှက် များ ဖြစ်ပါသည်။

Intermediate Egret

Gray Heron

အကောင် အလတ်နှင့် အမြန်ပျံ သည့် ငှက် များ။

အောက်ပါ Silver Gull, Little Heron ကဲ့သို့ ငှက် များမှာ မူ အကောင် အလတ်နှင့် အမြန်ပျံ သည့် ငှက် များ ဖြစ် ကြပါသည်။ အထက်ပါ Gray Heron, Egret ကဲ့ သို့ ငှက်များ ထက်စာ လျှင် ရိုက် ရ အတန် ငယ် ခက် လာ သည့် ငှက်များ ဖြစ်ပါသည်။


Silver Gull

Little Heron

အကောင် သေးသေး နှင့် အမြန်ပျံ သည့် ငှက်။

အောက်ပါ Copper Smith Berbat, Strok billed Kingfisher, White Throated Kingfisher ကဲ့သို့ အကောင် သေးသေး နှင့် အလွန် လျှင်မြန် စွာ ပျံ သည့် ငှက်များ မှာ မူ Tracking လိုက် ရ အတော် ခက် သည့် အထဲ တွင် ပါသည် ငှက် များ ဖြစ်ကြပါသည်။

Copper Smith Barbet

White Throated Kingfisher

Stork billed Kingfisher

Frame Advance Rate.

လျှင်မြန်စွာ ပျံနေသည့် ငှက်များကို ရိုက်ရာ တွင် Lens အရေးကြီးသကဲ့ သို့ ကင်မရာ ၏ Frame Advance Rate မြန်ရန် လည်း အရေးကြီးပါသည်။ သို့ မှသာ ပုံစံ အနေအထား လှသည့် ပုံ များရ နိုင်ပါသည်။ Frame Advance Rate နှေးသည့် ကင်မရာ များ နှင့်ရိုက် လျှင် မူ ကံကောင်း ပါက ပုံကောင်း တစ်ပုံ တစ်လေ ရနိုင်ပါ မည်။ အမြဲ တန်း ရ ရန် မျှော် လင့် ၍ မဖြစ်နိုင်ပါ။ Frame Advance Rate မြန် သည့် ကင်မရာ များ မှာ မူ ပုံပေါင်း များစွာကို Bracket လုပ်ကာ ရိုက်ပြီး စိတ် ကြိုက် ပုံ ကောင်း များကို ရွေးနိုင် ခြေ များစွာ ရှိပါသည်။

အောက်ပါ ပုံ-(၃) ပုံ ကို 6 Frames per Second ဖြင့် အမြန်ဆုံး ရိုက် နိုင်သည့် Nikon DX Format D 7000 ဖြင့် ရိုက် ထားခြင်း ဖြစ်ပါသည်။ ငှက် ကို Pre-Focused လုပ်ထားပြီး ၄င်း စ လှုပ် သည် နှင့် ရိုက် လိုက်စေကာမူ Frame Advance Rate နှေး သဖြင့် နောက်ဆုံးပုံ တွင် ခြေ ဖျား ကိုသာ မှီ လိုက်ပါသည်။

ပုံ- ( ၁ )

ပုံ- ( ၂ )

ပုံ- ( ၃ )


အောက်ပါ ပုံ-(၃) ပုံ ကိုမူ တစ်စက္ကန့် လျှင် (၉) ပုံ ( 9 Frames per Second ) နှင့် ရိုက် နိုင်သည့် Nikon FX Format D 3 ဖြင့် ရိုက် ထားခြင်း ဖြစ်ပါသည်။

အောက်ပါ Copper Smith Berbat သည် အထက်ပါ Little Heron ထက် အကောင်များစွာ သေး ကာ အလွန် မြန် သည့် ငှက် ဖြစ်ပါသည်။ သို့ ရာ တွင် Frame Advance Rate မြန် သောကြောင့် ငှက် အသိုက် မှ ခေါင်းပြူ သည် သည့် အချိန် မှ လျှော ထွက်ကာ ပျံ သွားသည် အထိ ရိုက် လိုက် နိုင် ပါသည်။

ပုံ- ( ၁ )

ပုံ- ( ၂ )

ပုံ- ( ၃ )

ပုံ- ( ၄ )

အထက်ပါ မှတ်စု ပါ အချက်များ အားလုံ မှာ အားလုံး မှန်သည်၊ သည်အတိုင်း ရိုက် ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ရိုက် နည်း မူကွဲးပေါင်း မြောက်များ စွာရှိပါသည်။ ကျွန်တော့် အတွေ့ အကြုံ ကို မိတ်ဆွေ များထံ တတ် စွမ်း သမျှ မျှဝေသည့် သဘော သာ ဖြစ်ပါသည်။


PDF ဖြင့် ရယူလိုပါက ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ....



Credit: ဆရာဦးစိုးလှိုင် (Country Road)
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...