ခြေတောက် မရှိတဲ့ သိုးမွေးမြူရေး ပိုင်ရှင် Wang Xiaobing



အခုတလော တရုတ်အွန်လိုင်း စာမျက်နှာတွေမှာ ရေပန်းစားနေတဲ့ သတင်းကတော့ တရုတ်နိုင်ငံက ခြေတောက်တွေ မရှိတဲ့ အသက် ၃၃ နှစ်အရွယ် သိုးမွေးမြူရေးပိုင်ရှင် Wang Xiaobing ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်... သူဟာ အသက် ၇ နှစ်အရွယ် ငယ်စဉ်က မီးမတော်တဆမှုကြောင့် ခြေတောက်နှစ်ဘက် စလုံး ဖြတ်လိုက် ရပါတယ်... မိသားစုက အလွန်ဆင်းရဲပြီး.. ပညာရေးကလည်း တ၀က်တပျက်နဲ့ ပြီးဆုံးအောင် မသင်ကြားရပဲ အလယ်တန်းအဆင့်နဲ့ ကျောင်းထွက်ခဲ့ရပါတယ်... ကာယပိုင်းဆိုင်ရာ ချို့တဲ့နေပေမဲ့ စိတ်ပိုင်းဆိုင်ရာ သန်မာနေတဲ့ Wang ဟာ အစိုးရအပါအ၀င် ဆွေမျိုးအပေါင်းအသင်းတွေရဲ့ အကူအညီနဲ့ ဖိနပ်ချုပ်၊ သော့ပြင်တာတွေ အပါအ၀င် အခြားအသက်မွေးဝန်းကျေင်း အလုပ်တွေကိုလည်း သင်ယူ လုပ်ကိုင်ခဲ့ပါတယ်...  

၂၀၁၁ ခုနှစ်လောက်မှာတော့ သူနေထိုင်တဲ့ ရွာက ထောက်ပံ့မှုနဲ့ Wang ဟာ သိုးမွေးမြူရေး လုပ်ငန်းတခု ကို စတင်ခဲ့ပါတယ်... အဲဒီအချိန်ကစပြီး သူ့ဘ၀အတွက် အဆင်ပြေမဲ့ လမ်းကြောင်းတခုပေါ်ကို ရောက် လာခဲ့ပါတယ်... ဒေသခံတွေကလည်း Wang ကို ခြေတောက်တွေ မရှိပေမဲ့ ဘ၀ကို လွယ်လွယ်နဲ့ အရှုံးမပေးတတ်သူ.. စိတ်ဓါတ်ခိုင်မာသူ.. တယောက်အဖြစ် အသိအမှတ် ပြုလာကြပါတယ်.. 

ခြေထောက်တွေ မရှိတဲ့ Wang အနေနဲ့ ဘယ်လောက်ထိ ခက်ခက်ခဲခဲ သွားလာ လုပ်ကိုင်နေရတယ် ဆိုတာ ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်... 








ref;chinasmack
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...