နိုင်ငံတကာမှာ ခေတ်စားလာတဲ့ သတ္တုရောင် ယာယီတက်တူး ဒီဇိုင်းဆန်းများ

လူတစ်ယောက်ရဲ့ ဖက်ရှင်ကို ပိုမိုအထာကျ သွားစေဖို့ဆိုရင် သူ့ရဲ့ အဆင်တန်ဆာ တွေကလည်း အရေးကြီးတဲ့ နေရာက ပါဝင်နေ တတ်ပါတယ်။ ဒါ့ကြောင့် အဆင်တန်ဆာသဖွယ် သင့်ဖက်ရှင်ကို အထောက် အကူပြုစေမှာ ဖြစ်တဲ့ အပြင် လတ်တလောလည်း ခေတ်စားလာတဲ့ အပြောင်အလက် လေးတွေပါတဲံ ယာယီ တက်တူး ပုံစံအသစ်လေးအကြောင်း ပြောပြပေးချင်ပါတယ်။ အရင်တုန်းက မော်ဒယ်ရှိုးတွေမှာ မော်ဒယ်တွေသာ ၀တ်ဆင်ခဲ့တဲ့ ဒီယာယီတက်တူးလေးတွေဟာ ခုတော့ ကိုယ့်စိတ်ကြိုက် နေ့စဉ်ဝတ်ဆင်နိုင်တဲ့အထိ ခေတ်စားလာခဲ့ပါပြီ။ တစ်ခြားယာယီတက်တူး ဒီဇိုင်းတွေနဲ့ ကွဲသွားတာက သူဟာ ရွှေရောင်၊ ငွေရောင်၊ သတ္တုရောင်တွေသာ ဖြစ်ပြီး ဆွဲကြိုး၊ လက်ပတ် ဒီဇိုင်းတွေသာ ထွက်ရှိတာပါပဲ။ သူက စတစ်ကာတော့ မဟုတ်ပါဘူး။ ကပ်ခွာဆိုတာထက် အဲ့ဒီ ဒီဇိုင်း လေးတွေ အသားပေါ်မှာ ကပ်ကျန်ခဲ့အောင် စိတ်ရှည်ရှည်နဲ့တော့ အချိန်ပေးကပ်ရမှာပါ။ တောက်ပပြီး လှတာမို့ ပွဲတက်၊ ဒင်နာ ပါတီတွေ အတွက် သင့်တော်ပါတယ်။ ဒီယာယီတက်တူးလေးတွေနဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကတော့

- သူကရေစိုခံပါတယ်။ ဒီ အပြောင်အလက် ယာယီတက်တူးတွေဟာ ရေစိုခံပါတယ်။ ဒါပေမယ့် ရေကူး ကန်ထဲမှာ တစ်ချိန်လုံးနေနေမယ်၊ ချွေးအရမ်းထွက်တတ်တဲ့သူဆိုရင်တော့ သူများတွေလောက် ကြာရှည် ခံမှာ မဟုတ်ပါဘူး။



- သူက လေးရက်ကနေ ခြောက်ရက်အထိ ခံပါတယ်။ ရေချိုး၊ ဆပ်ပြာတိုက်၊ လိုးရှင်းလိမ်းလည်း မပျက်ပါဘူး။



-သူ့ကို ဖျက်ချင်ရင်တော့ မိတ်ကပ်ဖျက်တဲ့အခါသုံးတဲ့ အဆီ၊ အုန်းဆီ၊ ကလေးတွေကို လိမ်းပေးတဲ့ baby oil စတာတွေနဲ့ ဖျက်ပေးနိုင်ပါတယ်။



-တစ်ခြားယာယီတက်တူးတွေလိုပဲ သူ့ကို ကပ်ရမှာဖြစ်ပေမယ့် ပိုဂရုစိုက်ရမှာက သူ့ဒီဇိုင်းတွေက ဆွဲကြိုး၊ လက်ပတ်စတာတွေ ဖြစ်တာမို့ အသားပေါ်တင်တဲ့အခါ ဂရုစိုက်ပြီး ဖြေးဖြေးချင်းလုပ်သွားရမှာပါ။




-ဒီယာယီတက်တူး ဒီဇိုင်းတွေကို http://www.flashtat.com/ မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


Ref: womenshealthmag.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...