၁၂ တန်း ပညာရေးစနစ် လာမည့် ငါးနှစ်အတွင်း ကျင့်သုံးရမည် ဟုဆို

အခြေခံပညာ ကျောင်းသူလေးများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ပြည်ထောင်စုလွှတ် တော်မှ အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေကြမ်း တွင်ပါဝင်သည့် ၁၂တန်းပညာ ရေးစနစ်ကို ချက်ချင်းကျင့်သုံးရန် မလိုဘဲ ငါးနှစ်အတွင်း ပြင်ဆင်မှု များပြုလုပ်ပြီး မှသာ ကျင့်သုံးရ မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ရေးဥပဒေကြမ်း ရေးဆွဲရေးအဖွဲ့ တွင် ပါဝင်သူ ဦးဖြိုးဇေယျာသော် ကပြောသည်။

‘‘ဥပဒေမှာပါတာက ဒီ ၁၂ တန်းပညာရေးကို ချက်ချင်းသုံးဖို့ မဟုတ်သေးပါဘူး။ ငါးနှစ်ပြင် ဆင်ချိန် ရပါတယ်။ ဒီအချိန်အ တွင်းမှာ ပြင်ဆင်စရာရှိတာပြင် ဆင်ပြီး ငါးနှစ်လောက်ကြာတော့ မှ ဒီစနစ်ကိုသုံးဖို့ ဥပဒေထဲမှာ ထည့်ရေးထားတာပါ’’ဟု ဦးဖြိုး ဇေယျာသော်က 7Day News၏ မေးမြန်းမှုကို ဖြေကြား ရာတွင် ထည့်သွင်းပြောကြားသည်။

ယခုလ ၁၁ရက်က ဒဂုံတက္က သိုလ်ကျောင်းသားများသမဂ္ဂမှ ပြု လုပ်ခဲ့သော လွှတ်တော်အတွေ့ အကြုံရှင်း လင်းပွဲတွင်လည်း တက္ကသိုလ်ကျောင်းသားတစ်ဦးက အ လားတူမေးခွန်းမျိုး မေးမြန်းခဲ့ပြီး ထိုစနစ်ကို ကျင့်သုံးပါက အခြေခံ ကျောင်းဆရာများဖြင့်လုံလောက် မှုမရှိဘဲ အဆင့်မြင့်ပညာမှဆရာ များပါ အောက်ခြေသို့ဆင်း၍သင် ကြားရမည့် အခြေအနေရှိနေပါသလားဟု မေးမြန်းခဲ့သည်။

‘‘ဒဂုံတက္ကသိုလ်မှာတုန်းက ကျွန်တော့်ကိုမေးတဲ့မေးခွန်းအ ပေါ် မူတည်ကြီးအဲဒီလိုဖြေကြား ခဲ့ပါတယ်။ တချို့ကတော့ ဥပဒေ ထဲပါပြီးရင် ချက်ချင်းအကောင်အ ထည်ဖော်ရမယ်လို့ နားလည်မှုလွဲ နေကြတယ်။ အဲဒီလိုမဟုတ်တဲ့အ ကြောင်း ကျွန်တော်ကပြန်ရှင်းပြခဲ့ တာပါ’’ဟုဦးဖြိုးဇေယျာသော်က ပြောသည်။

အမျိုးသားပညာရေးဥပဒေ ကြမ်းတွင် လက်ရှိ ကျင့်သုံးနေ သော ပညာရေးစနစ်အစား ၁၂ တန်း ပညာရေးကို ကျင့်သုံးရန်ဖြစ် ပြီး တက္ကသိုလ်များကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိမည့် တက္ကသိုလ်များ အဖြစ်တည်ထောင်ရန် ထည့်သွင်းရေးဆွဲထားသည်။

ထို့အပြင် ပြည်ထောင်စုအ ဆင့်ပုဂ္ဂိုလ်တစ်ဦး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အမျိုးသားပညာရေး ကော်မရှင်က ပညာရေးပြု ပြင်ပြောင်းလဲမှုအတွက် မူဝါဒများ ချမှတ်ပေးရမည်ဖြစ်ကြောင်း လည်း ဥပဒေကြမ်းတွင် ပါဝင် သည်။ ကန့်ကွက်မှုများကြောင့်အ ဆင့်ဆင့် ပြင်ဆင်ရေးဆွဲခဲ့ရသော အမျိုးသား ပညာရေး ဥပဒေ မူ ကြမ်းအား ဇူလိုင် ၃၀ တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ သော်လည်း နိုင်ငံ တော် သမ္မတထံမှ လက်မှတ်ရေး ထိုးခြင်းမပြုသေးသဖြင့် ဥပဒေအ ဖြစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။


7Day Daily
No.471 Friday, August 15, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...