Apple iOS Update ကြောင့် အသုံးပြုသူများ စိတ်အနှောက် အယှက်ဖြစ်

Apple iOS Update အဆင်မပြေ ခြင်းကြောင့် ကမ္ဘာတ၀န်းမှ Apple iPhone နှင့် iPad အသုံးပြုသူ များက မိမိတို့  စိတ်အနှောက် အယှက်ဖြစ် ရကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြ ထားကြောင်း သိရသည်။

iOS8 Update ပြုလုပ်ရန် ၅ ဒသမ ၈ ဂက်ဂါဘိုက် နေရာလိုအပ်သည့် အတွက် ဖုန်းမှ ဓါတ်ပုံ၊ဗီဒီယိုနှင့် အခြားဖိုင် အများအပြားကို ဖျက်ခဲ့ရပြီး ကျန်းမာရေး ဆော့ဖ်ဝဲတွင်လည်း ချို့ ယွင်းချက် ရှိနေသည်ဟု ဆိုကာ Apple က ဖယ်ရှား ခဲ့ရာ Apple ၏ ဆော့ဖ်ဝဲ အဆင့်မြင့် တင်မှုတိုင်းသည် ပြဿနာမျိုးစုံဖြင့် ပြည့်နှက်နေကြောင်း ကျွမ်းကျင် သော အသုံးပြုသူများက ပြောသည်။

ဆော့ဖ်ဝဲ အဆင့်မြင့်တင်မှုကြောင့် စိတ်အနှောက် အယှက်ဖြစ် ရသူများက တွစ်တာတွင် တစ်သီတစ်တန်းရေးသား ဆွေးနွေးခဲ့ကြရာ ယခုနောက်ဆုံး လူစိတ်အ၀င်စားဆုံး သတင်းတစ်ခုဖြစ်ခဲ့ပြီး စကော့တလန်နိုင်ငံ ရွေးကောက်ပွဲ သတင်းကိုပင် ကျော်လွန်ခဲ့ကြောင်း သိရသည်။

ကမ္ဘာကျော် U2 တေးအယ်လဘမ်အသစ်ကို Apple itune ကနေ ဆွဲချထားတာ ဘယ်လောက်မှမကြာသေးဘူး၊ အခု သူ့ ဆော့ဖ်ဝဲ အဆင့်မြင့်တင်မှုအတွက် ဖုန်းပေါ်က ဒေတာတစ်ဝက်လောက်ကို ဖျက်ပေးရတယ်။ Apple ကတော့ ဆော့ဖ်ဝဲအဆင့်မြင့်တင်တိုင်း ဒုက္ခပေးတာပါပဲ ဟု နာမည်ကျော် ပုဂ္ဂိုလ်များကလည်း ရေးသားဖော်ပြခဲ့ကြ သည်။

၂၀၁၂ ခုနှစ်တွင်လည်း iOS6 အဆင့်မြင့်တင် ရာတွင်လည်း အသုံးပြုသူများသည် အပလီကေးရှင်းများ၊ ဓါတ်ပုံများ၊ စာဆိုများဆုံးရှုံးခဲ့ကြရပြီး iOS7 ကိစ္စတွင်လည်း အလားတူဖြစ်ရပ်မျိုးနှင့်ကြုံတွေ့ ခဲ့ကြကာ ယခု iOS8 အတွက် ဖုန်း ပေါ်တွင်နေရာများစွာ ရှင်းထုတ်ပေးခဲ့ရသည့်အပြင် လူအများနှစ်သက်သော HealthKit အပလီကေးရှင်းကိုလည်း Apple က ပြန်ဖြုတ် သိမ်းသွားသောကြောင့် လူထုကြားတွင် မကျေမနပ်ဖြစ်ခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

သို့ သော် Apple မှတာဝန်ရှိသူတစ်ဦးက Apple iOS တွေကိုအဆင့်မြင့်တင်တိုင်း ဒီလိုပြဿနာတွေကြုံတွေ့ နေရ တာတွေဟာ လူထုက အကင်းမပါးလို့ ပါ။ ပထမဆုံးအဆင့်မြင့်တင်တဲ့နေ့ မှာ ကမ္ဘာတ၀န်းက အလုအယက်ဆွဲချ ကြတဲ့အတွက် ဆာဗာတွေလေးပြီး မနိုင်မနင်းတွေဖြစ်လို့  အဆင်မပြေမှုတွေဖြစ်တတ်ပါတယ်။ တစ်ကယ်တော့ တစ်ရက်၊နှစ်ရက်လောက်စောင့်ပြီးမှ ဆော့ဖ်ဝဲအဆင့်မြင့်တင်မယ်ဆိုရင် ပိုပြီးလွယ်ကူပါမယ်။ နောက်ပြီး iTune နဲ့  Mac ဒါမှမဟုတ် PC တွေကနေ iOS ကိုဆွဲကျမယ်ဆိုရင် ဖုန်းပေါ်မှာ နေရာတွေအများကြီးသွားဖျက်ဖို့  မလိုအပ် ပါဘူးဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...