ရောဂါဝေဒနာများကို အလိုအလျောက် ပျောက်ကင်းစေမည့် ကိုယ်တွင်း အစားထိုးစက် ထုတ်လုပ်

အမေရိကန် ပြည်ထောင်စု၊ ပင်တဂွန် စစ်ဌာနချုပ်က ငွေကြေးနှင့် နည်းပညာ ထောက်ပံ့ကာ ခန္ဓာကိုယ်တွင်း ထည့်သွင်း ထားနိုင်မည့် ElectRx ကိရိယာငယ်လေးကို အများပြည်သူ အသုံးပြုနိုင်အောင် ဖြန့် ချိသွားမည်ဖြစ်ပြီး သက်ဖြစ်အင်္ဂါများ နာမကျန်း ဖြစ်သောအခါ ကိုယ်အပြင် မှ ဆေးထိုး၊ ဆေးစား ပေးခြင်းကို လျော့ချပြီး သဘာဝ အတိုင်းသက်သာ ပျောက်ကင်းစေနိုင်မည့် လျှပ်စစ် လှိုင်းနှူန်းလွတ် ကိရိယာဖြစ်ကြောင်း သိရသည်။

ElectRx ကို ထည့်ထားမယ်ဆိုရင် ရောဂါရှာဖွေတာ၊ စောင့်ကြည့်တာ၊ ဒဏ်ရာတွေ ရောဂါတွေ ကုသတဲ့နေရာမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။ ဒီ ElectRx ဟာ အသိဥာဏ်ရှိတဲ့ နှလုံးခုန်စက်လို့ ပြောနိုင်ပါ တယ်။ သူ့ ကိုခန္ဓာကိုယ်ထဲ ထည့်ထားမယ်ဆိုရင် သက်ဖြစ် အင်္ဂါတွေရဲ့ ကျန်းမာရေးကို စောင့်ကြည့်ပေးပြီး အာရုံ ကြောတွေကို လိုအပ်သလို လှုံ့ ဆော်ပေးမှာဖြစ် တဲ့အတွက် ခန္ဓာကိုယ်ဟာ သဘာဝအတိုင်း ပြန်လည်ကျန်းမာ ကောင်းမွန်လာမှာပါဟု သုတေသီတစ်ဦးက ပြောသည်။

ဤနည်းပညာကို နျူရိုမော်ဂျူလေးရှင်းဖြစ်စဉ်အပေါ် အခြေခံတည် ဆောက်ထားသည်။ ခန္ဓာကိုယ်အနှံ့ အပြားရှိ အာရုံကြောများကို ကျောရိုးအာရုံကြောမကြီးနှင့် ဦးနှောက်ထံ ဆက်သွယ်ပေးသော အာရုံကြော စနစ်ကြီရှိသည်။ ဤအာရုံကြောစနစ်က သက်ဖြစ်အင်္ဂါများ၊ အခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများကို စောင့်ကြည့် ထိန်းချုပ်ပြီး ရောဂါပိုးကူးစက်မှု၊ ရောဂါဖြစ်ပွားမှုတို့ ဖြစ်လာလျင် ယင်းအင်္ဂါအစိတ်အပိုင်းများကို လိုအပ်သလိုမောင်းပေးသည်။ ထိုသို့ မောင်းနှင်ပေးရာတွင် အင်္ဂါအစိတ်အပိုင်းများ၏လုပ်ဆောင်ချက်ကို ခန္ဓာကိုယ်ကမခံနိုင်တော့ဘဲ နာကျင်ခြင်း၊ ပူလောင်ခြင်း၊ ခုခံအားကျဆင်းခြင်းတို့ ကို ခံစားရလေ့ရှိသည်။

ElectRx က ဤဖြစ်စဉ်ကြီးတစ်ခုလုံးကို တည်ငြိမ် အောင်ထိန်းချုပ်ပေးမည်ဖြစ်သည့်အတွက် ကိုယ်တွင်းရောဂါ ဘယ တစ်စုံတရာဖြစ်ပွားပြီး ခန္ဓာတစ်ကိုယ်လုံးကို ထိခိုက်စေမည့်အဆင့်အထိ ရောက်လာတော့မည် မဟုတ်ဘဲ ကာယကံရှင်အနေနှင့် ထူးခြားစွာခံစားရခြင်းမရှိဘဲ ရောဂါဝေဒနာများ အလိုအလျောက် ပျောက်ကင်းနေမည် ဖြစ်ကြောင်း သိရသည်။

ElectRx သည် အပ်ဖြင့် ထိုးသွင်းနိုင်လောက်အောင် သေးငယ်သော်လည်း ခန္ဓာကိုယ် အာရုံကြောစနစ် တစ်ခုလုံး ကို စောင့်ကြည့် ထိန်းချုပ်ပေးနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်ရှိ အသေးငယ်ဆုံး အာရုံကြော စောင့်ကြည့် ကိရိယာများမှာ ဖဲချပ်တစ်ချပ်အရွယ် အစားရှိကြောင်း သိရသည်။

အရွယ်အစားသေးငယ်သည့်အတွက် ElectRx ကို လိုအပ်သည့်နေရာတွင် တိကျစွာထားရှိနိုင်ပြီး လျှပ်စစ်လှိုင်းများ ကိုလည်း လိုအပ်သည့်အင်္ဂါသို့ တိုက်ရိုက်ပို့ ပေးနိုင်မည်ဖြစ်သည့်အတွက် ဆေးလောကတွင် အတိကျဆုံးသော ကိုယ့်တွင်းလျှပ်စစ်စက်ဖြစ်ပြီး အဆစ်အမြစ်ရောင်နာရောဂါ၊ သွေးအဆိပ်တက်ရောဂါ၊ အစာအိမ်ရောင်နာရောဂါ တို့ ကို အလိုအလျောက်သက်သာပျောက်ကင်းစေနိုင်မည်ဖြစ်သည့်အပြင် ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများ ကိုလည်း သက်သာပျောက်ကင်းစေနိုင်မည်ဖြစ်ကြောင်း သိရသည်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...