ဘွဲ့ဝတ်စုံ၏ သမိုင်းကြောင်းနှင့် အရေးကြီးပုံများကို သိရှိတန်ဖိုး ထားတတ်စေရန် အခြေခံပညာ တွဲဖက် သင်ရိုးများတွင် ထည့်သွင်း သင်ကြားမည်

အစဉ်အလာ ကြီးမားသော ဘွဲ့ဝတ်စုံ၏ သမိုင်းကြောင်းနှင့် အရေးကြီး ပုံများကို ငယ်စဉ် ကတည်းက သိရှိပြီးတန်ဖိုး ထားတတ်စေရန် အခြေခံပညာ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များတွင် ထည့်သွင်း အသိပညာပေးရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနမှ တာဝနရှိသူ တစ်ဦးက ပြောကြား လိုက်သည်။

“တကယ်တော့ ယနေ့ဖြစ်နေတာတွေက ကလေးတွေ သိသင့်တာတွေ၊ တန်ဖိုးထား သင့်တာတွေကို သိအောင်၊ တန်ဖိုးထား တတ်အောင် လုပ်ပေးဖို့ ဆရာတွေဘက်က ပျက်ကွက်ခဲ့ မိတယ်ပေါ့။ အဲဒီအ တွက်များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ အားလုံးဟာ ပညာရေးမှာ အခြေခံတယ်ဆိုပေမယ့် အကုန်လုံးကို သင်ခန်းစာထဲ ပစ်ထည့် လိုက်လို့မရဘူး။ ကျောင်းသားတွေကိုယ်တိုင် သင်ယူလေ့လာတဲ့ အလေ့ အထတွေနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အဲဒါကြောင့် သင်ခန်းစာတစ်ရပ် အနေနဲ့မဟုတ်ဘဲ စာရိတ္တလို ပြည်သူ့နီတိလို ဘာသာရပ် တွေမှာ ဘွဲ့ဝတ်စုံရဲ့အရေးပါပုံ သမိုင်းကြောင်းအပြင် တခြားသိ သင့်သိထိုက် တန်ဖိုးထားသင့်တာတွေကို အလျဉ်းသင့်သလို အသိပညာပေးနိုင်အောင် လုပ်သွားမယ်။ ဒါကိုလဲလူကြီးတွေက အားလုံးဆွေးနွေးပေး နေပါ တယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြော ကြားသည်။

အဆိုပါသင်ရိုးများကိုလာမည့် ပညာသင်နှစ်များမှစ၍ သင်ကြားနိုင်ရန် စီစဉ်မည်ဖြစ်ပြီး မည်သည့်နှစ် တွင် စတင် သင်ကြားနိုင်မည်ကို အတိအကျမပြောနိုင်သေးကြောင်း၊ ဘွဲ့ရကျောင်းသားတစ်ဦးအနေ ဖြင့် ဝတ်ရုံကိုဝတ်ဆင် ထားခြင်းသည် ပညာတတ်များသည် တိုင်းပြည်အတွက် အလုပ်များကိုအဆက်မ ပြတ်လုပ်ကိုင်ပေးမည်သူ၊ တိုင်းပြည်တာဝန်များကို ထမ်းဆောင်မည့်သူဟု အဓိပ္ပာယ်ရကြောင်း၊ လက် ထဲတွင်ပန်းချီရေးဆွဲရာတွင် အသုံးပြု သည့် ပျဉ်ချပ်၊ ဆေးစပ်သည့်ခွက်နှင့် စုတ်တံများကိုကိုင်ထားရခြင်း သည်တိုင်းပြည်အနာဂတ်၊ မိမိတို့အနာဂတ်ကို ဆေးရောင်ခြယ်မည့်သူဟု အဓိပ္ပာယ်ရပြီး ယနေ့ခေတ် တွင် ဘွဲ့ဦးထုပ်နှင့် အဓိပ္ပာယ်ချင်းတူကြောင်း၊ နောက်ကျော တံစဉ်၊ တူနှင့် လွှအစရှိသည့် ပစ္စည်းကိရိ ယာများ ထည့်ထားသည့်အိတ်များကို ပိုးလွယ်ထားရခြင်းသည် တိုင်းပြည်ကို တည်ဆောက်မည်သူ၊ မိမိ ဘဝကိုတည်ဆောက်မည့်သူဟု အဓိပ္ပာယ်ရကြောင်း၊ ဘွဲ့ဝတ်စုံ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစီတန်ဇာတွင်း က ရှင်းပြသည်။

“ဒါမျိုးတွေသိလာဖို့ အခြေခံမှာဘွဲ့တစ်ခုရဲ့တန်ဖိုးကို သိရှိအောင်လေ့ကျင့်သင်ကြားပေးရမယ်။ အဆင့် မြင့်မှာ ကျတော့ ဘွဲ့တစ်ခုရဲ့အနှစ်သာရကို လေ့ကျင့်သင်ကြားပေးရမယ်” အမှတ် (၁) အခြေခံပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငွေတိုးကပြောသည်။

အဆိုပါ ဘွဲ့ဝတ်စုံတန်ဖိုးနှင့် မိမိတို့ရရှိထားသော ပညာရပ်များ၏ တန်ဖိုးများကို ယနေ့ခေတ်ကျောင်း သားများ မသိရှိနိုင်ကြခြင်းမှာ အခြေခံပညာရေးနှင့်၊ အဆင့်မြင့်ပညာရေးနှစ်ခုစလုံးတွင် ပညာရေး၏ မှန်ကန်သော အလေ့အကျင့်၊ ကောင်းမွန်သည့် စည်းကမ်းများကို ပေးစွမ်းနိုင်ခြင်း မရှိသေးခြင်းကြောင့် ဟုဦးငွေတိုးက ဆက်လက်ပြောသည်။

“ဘွဲ့ဝတ်စုံရဲ့ အဓိပ္ပာယ်ကို ယနေ့ဘွဲ့ရတဲ့လူငယ်အယောက် ၁၀၀၀ မှာ ဆယ်ယောက်လောက်သိရင်ပဲ ကံကောင်း တယ်လို့ ပြောရမယ်။ အဲဒီလိုသမိုင်းကြောင်းနဲ့ရှိလာခဲ့တဲ့ ဘွဲ့ဝတ်စုံရဲ့အရေးကြီးပုံတွေသိရှိ အောင် ကိုယ်ရရှိတဲ့ ဘွဲ့ကို တန်ဖိုးထားတတ်အောင် ဘွဲ့အပ်နှင်းတဲ့အခါမှာ ပါမောက္ခချုပ်တွေက ရှင်း လင်းပြောကြားပေးရမယ်။ နောက်ပြီးငယ်ငယ်လေးကတည်းက ကိုယ်ဝတ်ရမယ့် ဘွဲ့ဝတ်စုံကို တန်ဖိုး ထားတတ်အောင် ဆရာ၊ ဆရာမတွေ က ပြောပေးရမယ်။ ဒါမှနိုင်ငံခြားတွေမှာလို စာတော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ ဘွဲ့ရတစ်ယောက်အနေနဲ့ အကျင့်သိက္ခာရှိရှိပြုမူ နေထိုင်တတ်ကြမှာ” ဟု ဦးစီ တန်ဇာတွင်က သုံးသပ်ပြောကြားသည်။

ဘွဲ့ဝတ်စုံသမိုင်းကြောင်းသည် ခရစ်တော်မပေါ်မီ (BC) မတိုင်ခင်ကတည်းက ရှေးဂရိပညာရှိကြီးများ တည်ထောင် ဖွင့်လှစ်သည့် အကယ်ဒမစ်ကျောင်းများတွင် တက်ရောက်ခဲ့သည့် ကျောင်းသားများကို ချီးမြှင့်ခဲ့ခြင်းမှ စတင်ခဲ့ ကြောင်း သိရသည်။ 


Democracy Today Daily
စက်တင်ဘာ (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...