ဂျပန်တွင် အသက်ရာကျော်သူ ဦးရေ တိုးလာ

ဆုမြတ်

တိုကျို ၊ စက်တင်ဘာ ၁၃

ဂျပန် နိုင်ငံတွင် အသက် (၁၀၀) နဲ့ အထက် ဦးရေသည် (၄၄) နှစ် ဆက်တိုက် တိုးသထက် တိုးလာနေကြောင်း အစိုးရ ထုတ်ပြန်ချက် အရ သိရသည်။

စက်တင်ဘာ (၁) ရက် နေ့တွင် ဂျပန် အသက် (၁၀၀) အထက် ဦးရေသည် (၅၈၈၂၀) ဦးထိ ရောက်ရှိလာပြီ ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လ (၁) ရက် ကထက် (၄၄၂၃) ဦး ပိုများ လာကြောင်း သိရသည်။ အသက် (၁၀၀) ကျော် သူများအနက် (၈၇ ဒသမ ၁) ရာခိုင်နှုန်း သည် အမျိုးသမီးများ ဖြစ်သည်။ ပျမ်းမျှအားဖြင့် ဂျပန် နိုင်ငံသား တစ်သိန်းလျှင် အသက် (၁၀၀) ကျော်သူ က (၄၆ ဒသမ ၂၁) ဦး ပါဝင်သည်။

ကမ္ဘာ့အသက် အကြီးဆုံး အဖြစ် ဂင်းနစ် မှတ်တမ်း ၀င်သူ အမျိုးသား နှင့် အမျိုးသား နှစ်ဦးလုံး သည်လည်း ဂျပန် နိုင်ငံသားများ ဖြစ်သည်။ အိုဆာကာမှ အသက် (၁၁၆) နှစ် အရွယ် မီဆာအို အိုကာဝါ သည် ကမ္ဘာ့ အသက် အကြီးဆုံး အဘွားအို အဖြစ် စံချိန် တင်ထားသလို၊ အသက် (၁၁၁) နှစ် အရွယ် ဆာကာရီ မိုမွိုင်သည် လည်း ကမ္ဘာ့ အသက် အကြီးဆုံး အဘိုးအို အဖြစ် စံချိန် တင်ထားသည်။

ဂျပန် အစိုးရသည် ၁၉၆၃ ခုနှစ်က စပြီး နိုင်ငံတွင်း အသက် (၁၀၀) ကျော်သူ စာရင်း ကောက်ယူခဲ့ရာ ထိုစဉ်က (၁၅၃) ဦးသာ ရှိခဲ့ရာမှ တောက်လျှောက် တက်လာခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ဦးရေ တစ်သောင်း အထက် ရောက်ရှိခဲ့ပြီး ထို့နောက်ပိုင်း တစ်နှစ်ကို သုံးထောင်၊ လေးထောင်ခန့် ပုံမှန် တိုးလာခဲ့သည်။

ဂျပန် နိုင်ငံတွင် ဆေးဘက် ဆိုင်ရာ နည်းပညာများ တိုးတက်လာခြင်း၊ သက်ကြီး ရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများ အားကောင်းလာခြင်း တို့သည် နိုင်ငံတွင်း အသက် (၁၀၀) ကျော်သူ တိုးသထက် တိုးလာစေသော အကြောင်းရင်းများ ဖြစ်ကြောင်း တွေ့ရသည်။

ဂျပန် နိုင်ငံတွင် အမျိုးသမီး များ၏ ပျမ်းမျှ သက်တမ်းသည် (၈၆ ဒသမ ၆၁) နှစ် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံးနှုန်း ဖြစ်သည်။ ဂျပန်နိုင်ငံ သားများ ပျမ်းမျှ သက်တမ်း သည်လည်း (၈၀ ဒသမ ၂၁) နှစ်ဖြစ်ပြီး ကမ္ဘာ့စတုတ္ထ အမြင့်ဆုံး ဖြစ်သည်။ 


Source: AFP
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...