ကလေး သတို့သမီး ပေါများသည့်နိုင်ငံ သို့မဟုတ် အညွန့်ချိုး ခံရသည့် အမျိုးသမီးများ

အရှေ့တိုင်းသားတို့၌ မှတ်တမ်း မှတ်ရာဖြင့် ရေးသား ထားခြင်း မရှိသော်လည်း ရှေးနှစ်ပေါင်း များစွာ ကတည်းက လိုက်နာခဲ့ကြသော ရိုးရာ အစဉ်အလာ များစွာ ရှိပါ၏။

ရှေးရိုးရာအစဉ်အလာရှိခြင်းနှင့် ပတ်သက်၍ လက်ခံခြင်း၊ လက်မခံခြင်းကို အငြင်းပွားမှုထက် ရှေးအစဉ်အလာ ရှိခြင်း၏ လက္ခဏာမှာ အဆိုပါ လူမျိုးနွယ်တစ်စုသည် လွန်ခဲ့သည့် ခန့်မှန်း၍ မရသော နှစ်ကာလများစွာ ကတည်းက တည်ရှိခဲ့သည် ဆိုသည့် လက္ခဏာ တစ်ခုပင် ဖြစ်ပါ၏။

လူမျိုးနွယ်တစ်ခု၏ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု၊ အစဉ်အလာဆိုသည်မှာ သာမန် နှစ် ၅ဝ၊ ၁ဝဝ မျှလောက်နှင့် ခိုင်မြဲစေရန် ပြုလုပ်၍ ရသည် မဟုတ်ပါ။ နှစ်ထောင်နှင့်ချီ၍ အနယ်ထိုင်ကာ စွဲမြဲခဲ့သော သင်္ကေတစ်ခုဟုလည်း ယူဆနိုင်ပါ၏။

သို့ဖြစ်၍ ရှေးဟောင်း လူမျိုးနွယ်စုများ၌ အစဉ်အလာသမားများ ရှိနေခြင်း ဖြစ်ပါ၏။

လူမျိုးနွယ်စုတစ်ခုတွင် အစဉ်အလာသမားနှင့် ခေတ်နှင့်အညီ လိုက်လျောညီထွေအမြင် လက်ခံသူတို့၏ ပဋိပက္ခ အသွင်သည် မလွဲ မသွေ ရှိတတ်ပါ၏။

ရှေးအစဉ်အလာ စွဲကိုင်ထားသူနှင့် ခေတ်အမြင် လက်ခံထားသူတို့၏ လမ်းကြောင်းကြီး နှစ်ခုအဖြစ် အထင်အရှား တွေ့ရနိုင် သည့်နေရာမှာ အိန္ဒိယနိုင်ငံ ဖြစ်ပါ ၏။

လူ့အဖွဲ့အစည်းတစ်ခုတွင် ရှိသူနှင့် မရှိသူ၊ အလွယ်စကားနှင့် ပြောရလျှင် ငွေကြေးချမ်းသာသူနှင့် ဆင်းရဲသူဟု ခွဲခြားနိုင်ပါ၏။

ရှိသူနှင့် မရှိသူ ဆိုသည့် ဝေါဟာရက ပို၍ ပြီးပြည့်စုံပါ၏။ ရှိသူကား အရာရာရှိပြီး မရှိသူကား ဘာတစ်ခုမှ မရှိသူကို ဆိုလိုပါသည်။

ထိုမရှိသူကို ထုံမွှမ်းထားသည့်အရာကား တစ်ခုတည်းသာ ရှိပါ၏။ ထိုအရာကား ရှေးအစဉ်အလာ၊ ယုံကြည်မှု၊ ကိုးကွယ်မှု၊ အတိ အကျ လိုက်နာမှုများပင် ဖြစ်သည်။

ကလေး သူတို့သမီးငယ်များ ရှိသည့်အိမ်

အိန္ဒိယနိုင်ငံ မြောက်ဘက်အရပ်ရှိ ဟာယာနာ- Haryana ပြည်နယ်မှ အသက် ၃၃ နှစ်အရွယ် လယ်သမား တစ်ဦး ၏ ဇနီးသည် ဘာဆန်တီရာနီ (အမည် ပြောင်းထားသည်)သည် သူ၏ ၁၅ နှစ်အရွယ်သမီး ပါရူး- Paru ကို ချက်ချင်းပင် ကျောင်းမှ ထုတ်ထားလိုက် သည်။

အဘယ်ကြောင့်ဆိုသော် အသက် ၄ဝ အရွယ် ယောက်ျားတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်ထား၍ ဖြစ်၏။

သူက သုတေသန ပြုလုပ်သောအဖွဲ့ကို ပြောပြသည်မှာ-

''ကျွန်မတို့ အခုနေတဲ့ လူမှုအသိုင်းအဝန်းက မလုံခြုံဘူးလေ။ အဓမ္မကျင့်မှု၊ လိင်အနိုင်ကျင့်မှုတွေက သိပ်များလာ တာကနေ တိုးတိုး လာနေတော့ ကျွန်မ သမီးလေးကို အိမ်ထောင် မြန်မြန်ချပေး လိုက်တာက အကောင်းဆုံး လုပ်ရပ်လို့ပဲ ထင်တယ်''

''သူ့ကို လိင်ဆက်ဆံမှုနဲ့ ဆွဲဆောင်ခံရမယ်။ အဓမ္မကျင့်ခံရပြီးတာနဲ့ ဘယ်သူက သူ့ကို လက်ထပ်ယူတော့မှာလဲ။ အခုဆိုရင် အနည်း ဆုံး သူ့ခင်ပွန်းဖြစ်တဲ့ လူက သူ့ကို ဂရုစိုက်လိမ့်မယ်''

အထက်ပါကဲ့သို့ တွေး ခေါ်မှုမျိုးသည် လူဦးရေ သန်း ၁၂ဝဝ ရှိသော အိန္ဒိယတစ်နိုင်ငံ လုံး၌ ပျံ့နှံ့နေပါ၏။

ထိုသို့သော အတွေးအမြင်ကြောင့်ပင် အိန္ဒိယနိုင်ငံ၌ အမျိုးသမီးကလေးများသည် ငယ်ငယ်ရွယ်ရွယ်နှင့် သတို့သမီး ဖြစ် သွားကြ ရတော့သည်။

ထို့ကြောင့်ပင် လောလောဆယ် ထွက်ပေါ်လာသော ကုလသမဂ္ဂအဖွဲ့ကြီး၏ 'ကလေးသူငယ် လက်ထပ်ခြင်း အဆုံးသတ်ရေး အလားအလာနှင့် ဖြစ်ထွန်းမှု- Ending Child Marrige Progress and Prospects အစီရင်ခံစာ တစ်စောင်၌ ကလေးသူငယ်များ အိမ်ထောင်ပြုပေးခြင်းကို တားမြစ်ထားသည့် ဥပဒေပြဋ္ဌာန်းထားပါလျက် အိန္ဒိယနိုင်ငံသည် ကလေးများ အိမ်ထောင်ပြုပေးသည့် ကမ္ဘာ့နိုင်ငံ များထဲတွင် အဆင့်ခြောက်နေရာ၌ ရှိနေဆဲ ဖြစ်သည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့က ဖွင့်ဆိုထားသည်မှာ အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုပေး ခြင်းကို လူ့အခွင့်အရေး ဖောက် ဖျက်မှုဟု သတ်မှတ်ထားသည်။

သို့သော် အိန္ဒိယနိုင်ငံ၌ အမျိုးသမီးများ အသက် ၂ဝ မှ ၄၉ နှစ်အရွယ်တို့ကို မေးမြန်းစစ်တမ်း ကောက်ယူသည့် အခါ ၂၇ ရာခိုင် နှုန်းတို့သည် အသက် ၁၅ နှစ် မတိုင်မီကတည်းက အိမ်ထောင်ဆို သည့် ကြိုးနှင့် ချည်နှောင်ခံခဲ့ရ သည်ဟု ဖွင့်ဟခဲ့ကြသည်။

UNICEF အဖွဲ့နှင့် ပူးတွဲ သုတေသန ပြုလုပ်နေသည့် ပရဟိတအဖွဲ့ Dasra မှ အကြံပေးသုတေသီ ဆွန်ဗီအေခဏ္ဏား- Sonvi A Khanna က ရှင်းပြသည်မှာ ''ဒီ ပြဿနာမှာ အဓိက လက်ခံထားတဲ့ အယူအဆက ပုရိသတွေက ဦးဆောင်တယ်ဆိုတဲ့ ခံယူမှုပဲ။ အိမ်ထောင်ပြုတယ်၊ သားသမီးမွေး တယ်ဆိုတာဟာ အမျိုးသမီးလေး တွေရဲ့ ဘဝပန်းတိုင်ပဲလို့ လက်ခံ ထားကြတဲ့ အမြင်တစ်ခုပဲ'' သုတေသီ ခဏ္ဏားက ဆက်ပြော၏။

''အိန္ဒိယနိုင်ငံ ကျေး လက်အပါအဝင် မြို့ပြတွေမှာပါ မိန်းကလေးတွေကို အကြမ်းဖက် ကြ၊ အဓမ္မပြုကျင့်မှုတွေ တိုးလာ တာကြောင့် မိသားစုဝင်တွေအား လုံးရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ပေါ်လာကြတယ်။ ဒါနဲ့ပဲ မိသားစုထဲက မိန်းကလေးတစ်ယောက် အပျိုဖော် ဝင်ပြီဆိုတာနဲ့ ချက်ချင်း အိမ်ထောင်ချပေးဖို့ လုပ်ကြတော့ တာပဲ'' ဟု ဆိုသည်။

၂ဝ၁၄ ခု၊ ဇူလိုင်လမှာ အမျိုးသား ရာဇဝတ်မှုမှတ်တမ်းဌာန- National Crime Records Bureau (NCRB) ၏ အစီရင်ခံစာ တစ်စောင် ထွက်လာပါ၏။ အမျိုးသမီးများနှင့် ပတ်သက်သည့် အကြမ်းဖက်မှု ၃ဝ၉၅၄၆ ရှိခဲ့ သည်။ ယခင်နှစ်က ၂၄၄၂၇ဝ သာ ရှိခဲ့ သည်ဟု ဖော်ပြထား၏။

အကြမ်းဖက်မှုဆိုရာ၌ အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ လိင်နှင့်စော်ကားမှု၊ ဖမ်းဆီးချုပ်နှောင် ရောင်းစားမှု၊ ကိုယ်ထိ လက်ရောက် စော် ကားမှု၊ ရိုက်နှက်ညှဉ်းပန်းနှိပ် စက်မှုများကို ခင်ပွန်းဖြစ်သူနှင့် ဆွေမျိုးများက ပြုလုပ်ခြင်းများ လည်း ပါဝင်၏။

NCRB ၏ အစီရင်ခံစာ ၌ ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံတစ်ခုလုံး ၌ အဓမ္မကျင့်ခံရသူ ၃၃၇ဝ၇ ရှိ သည်။ နိုင်ငံတစ်ခုလုံး၏ ၃၅.၂ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။

နယူးဒေလီမြို့၌ ၂ဝ၁၃ ခုနှစ်တစ်နှစ်တည်းတွင် အဓမ္မ ကျင့်ခံရသူ ၁၄၄၁ မှု ရှိခဲ့သည်။ ဒေလီမြို့သည် မြို့ကြီး တစ်မြို့ အနေနှင့် အဓမ္မ ကျင့်ခံရမှု အများ ဆုံးမြို့ စာရင်းဝင်ကာ အဓမ္မကျင့် ခံရသည့်မြို့အဖြစ် အမည်နာမ သတ်မှတ်ခံရတော့သည်။

မွမ်ဘိုင်း- Mumbai မြို့ ကမူ အမျိုးသမီးများအတွက် နေ ချင့်စဖွယ်မြို့ဟု သတ်မှတ်ခံရ သည်။ ယခင်နှစ်က အဓမ္မကျင့်မှု ၃၉၁ မှုသာ ရှိသည်။

IT သတင်းများအရ ဘင်္ဂ လားပြည်နယ်၌ အဓမ္မပြုကျင့်မှု ၈ဝ သာ ရှိသည် ဆို၏။

ကလေးငယ်များ အိမ်ထောင်ချပေးမှု အဆုံးသတ်ရေး အခက်အခဲများ


အထက်ပါလုပ်ငန်းစဉ်ကို ကြိုးစားအားထုတ်သည့် ဥပဒေပညာရှင်များ၏ အကြံပေးမှုမှာ စိတ်ထားများပြောင်းရန် ပြုလုပ်နိုင်သည့် အခွင့်အလမ်းမှာ အနည်းငယ်သာရှိသည်။ သို့မဟုတ် ကလေးများ အိမ်ထောင်ပြုရန်ထက် အခြားနည်းလမ်း တစ်စုံတစ်ရာ ရှာပေးခြင်းမျိုးဟု ဆိုသည်။

Dasra အဖွဲ့က ထုတ်ပြန်ထားသော အစီရင်ခံစာတစ်ခု ၏ ခေါင်းစဉ်မှာ 'ကျွန်မကို နောက်မှ အိမ်ထောင်ချပေးပါ' - Marry me Later ဖြစ်သည်။ ကလေးဘဝ အိမ်ထောင်ပြုပေးခြင်းကို ကာကွယ်ရန်နှင့် စောစီးစွာ ကိုယ်ဝန်ဆောင် ရခြင်းကို ရှောင်လွှဲနိုင်၍ အိန္ဒိယပြည်နယ်များ၌ လက်တွေ့ အသုံးချရန် အစီအစဉ်များ ပါရှိ သည့် အစီရင်ခံစာ ဖြစ်သည်။

ဤနေရာ၌ အိန္ဒိယနိုင်ငံသားများ ရင်ဆိုင်နေရသည့် ရုန်းမထွက်နိုင်သော ဆင်းရဲမွဲတေမှု သံသရာအောက်ဝယ် ကလေးများ အိမ်ထောင်ချပေးခံရမှုက နစ်မြုပ် သွားရတော့သည်။

အခြားအချက်များလည်း ရှိနေပါသေး၏။
- နိမ့်ကျသော ပညာရေးကို မဖြည့်ဆည်းမှု၊
- ရောဂါဘယပေါင်းစုံ ထိုးနှက် မှုကို မခုခံနိုင်မှု၊
- လိင်အချိုးအစား မမျှတမှု၊
- ဣတ္ထိယမိန်းမဆိုကာ ခွဲခြား ဆက်ဆံခံရမှု၊
- အခြားဖော်မပြနိုင်သော မျိုး ဆက်များမှ ပါလာသည့် ရိုး ရာအစဉ်အလာများက ထိပ် ဆုံးမှ ဖြစ်ပါ၏။

အိန္ဒိယနိုင်ငံသည် ယခုအစီအစဉ်အတိုင်းသာ ဆက်၍သွားမည်ဆိုပါက ၂ဝဝ၅ ခုမှ ၂ဝ၁ဝ ခုအတွင်း မွေးဖွား ထားသည့် ၂၈ သန်းသော မိန်းကလေး များသည် လာမည့် ၁၅ နှစ်အတွင်း ကလေးသတို့သမီးဘဝသို့ ရောက် ကြရတော့မည်။

၂ဝဝ၆ ခုနှစ်၌ ကလေးသူငယ် အိမ်ထောင်ချပေးမှု တားဆီးရေးဥပဒေProhibition of Child Marriage Act (PCMA)သည် မိန်းကလေးများဆိုလျှင် ၁၈ နှစ် အောက် ယောက်ျားလေးများ ဆိုလျှင် ၂၁ နှစ်အောက် အိမ်ထောင်ပြုခြင်းကို တားမြစ်ထား၏။

ထို့ပြင် ယောက်ျားလေး အသက် ၁၈ နှစ်နှင့် အထက် ၂၁ နှစ်အောက် အိမ်ထောင်ပြုပါက အပြစ်အနေနှင့် ထောင်အတွင်း ၌ နှစ်နှစ်ကျခံရမည်။ သို့မဟုတ် ဒဏ်ငွေအဖြစ် တစ်ကုဋေ အမေရိ ကန်ဒေါ်လာ ၂ဝဝဝ ပေးဆောင်ရ မည်။

ထို့ပြင် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် ကလေးသူငယ် လက်ထပ်ခြင်းကို ပြုလုပ်ပေးခြင်း၊ လမ်းညွှန်ပေးခြင်း များ ပြုလုပ်ပါက လည်း ထိုအပြစ်ဒဏ်နှင့် ထိုဒဏ် ငွေအတိုင်း ကျခံစေရမည်ဟု အဆို ပါဥပဒေက သတ်မှတ် ထားသည်။

ငယ်ရွယ်စဉ် မိခင်ဘဝ ရောက်သည့် ဘေးထွက်ဆိုးကျိုးများ

မိခင်ကိုယ်တိုင်က အသက်အရွယ် ငယ်သေးသည့် အတွက် လူမှုဝန်းကျင်နယ်၌ အခက်အခဲများစွာ ကြုံတွေ့ရတော့ သည်။

မိခင်ကလည်းငယ်၊ ထို ငယ်စဉ်ဘဝ၌ သားသည်မိခင် အဖြစ် ရင်ဆိုင်ရ၍ အခက်အခဲ များစွာ ရင်ဆိုင်ကြရသည်။

နယူးဒေလီ Max Health ဆေးရုံကြီးမှ သားဖွားနှင့်မီးယပ်ဆိုင်ရာ ဆရာဝန်မကြီး ဆွန်နီတာ မာလ်ဝါ- Suneeta Mehwal က ပြော ရာ၌ အလေးချိန် မပြည့်ဝသော ကလေးများ မွေးဖွားတတ်သည်။ မလုံလောက်သော အာဟာရကြောင့် အားအင်ချို့တဲ့မှုနှင့် သွေးအား နည်း သော ရောဂါများ ငယ်ရွယ်သော မိခင်များ၌ တွေ့ရ သည်ဆို၏။

''မွေးဖွားပြီးပြီးချင်း သွေး ဆင်းမှုဟာ သိပ်အန္တရာယ်ကြီးပါ တယ်။ အသက် ၁၅ နှစ်အရွယ် အောက် ကလေးမွေး ဖွားတဲ့ မိခင် တွေဟာ အသက် ၂ဝ အထက် မွေးဖွားတဲ့ မိခင်များထက် မိခင် သေဆုံးမှုက ငါးဆလောက် များ တယ်'' ဟု ပြောသည်။

အိန္ဒိယနိုင်ငံ အထွေထွေ မှတ်ပုံတင်ဌာန၏ ၂ဝ၁၃ ခုနှစ် ကိန်းဂဏန်းများ ထုတ်ပြန်မှုတွင် မိခင်လောင်းများ မွေးဖွားစဉ် သေဆုံးမှု ကျဆင်းသွားသည် ဆို၏။

ထိုနှစ်ပိုင်းသည် ၂ဝဝ၇- ၂ဝဝ၉ ခုနှစ်ဖြစ်ပြီး ၂ဝ၁ဝ မှ ၂ဝ၁၂ ခုနှစ်အတွင်း ၁၇၈ ဦး သေဆုံးသည်ကို တွေ့ရ၏။

သို့သော် ကုလသမဂ္ဂ အဖွဲ့ကြီး၏ ၂ဝဝဝ ပြည့်နှစ် ဖွံ့ဖြိုး မှု သတ်မှတ်ချက်သည် ၂ဝ၁၅ ခုနှစ်၌ မွေးဖွားစဉ် သေဆုံးမှုမှာ ၁ဝ၃ ဦးသာ ရှိရမည်ဟု သတ်မှတ် ထား၍ အိန္ဒိယနိုင်ငံသည် ကုလ သတ်မှတ်ချက်ထက် များစွာ နောက်၌ ကျန်ရစ်နေသေးသည် ဆို ရပေမည်။

မွေးဖွားပြီးစ ကလေးများ သေဆုံးမှုသည် ၂ဝ၁၁ ခုနှစ်၌ ၁ဝဝဝ တွင် ၄၄ ဦးမှ ၂ဝ၁၂ ခုနှစ် ၌ ၄၂ ဦး ရှိ၍ လျော့ပါး သွားသည် ဟု ဆိုနိုင်သည်။

သို့သော် မြို့တော်ဒေလီ ၌ ၂ဝ၁၂ ခုနှစ်ကကလေး ၁ဝဝဝ မွေးဖွားစဉ် ၃ဝ ယောက် သေဆုံးခဲ့၍ အလွန်ဆိုးရွား သည့် အခြေ အနေဟု ဆိုရပေမည်။

ကလေးများကို အိမ်ထောင်ချပေးခြင်းသည် ပြည်သူ့ကျန်းမာရေးကို အလွန်ဆိုးရွားစွာ ဖြစ်စေသည်ဟု ကျွမ်းကျင် သူများ က ထောက်ပြ ကြ ၏။

ယင်းကိစ္စနှင့် ပတ်သက်၍ လှုံ့ဆော်သူများက တင်ပြကြ ရာတွင် အမှန်တကယ် လည်ပင်းအထိ မြင့်တက်လာ သည့် ပြဿနာ မှာ စီးပွားရေး မပြည့်စုံမှု၊ နေထိုင် ရေး ချို့တဲ့မှု၊ ကလေးသူငယ် အိမ် ထောင်ပြုခြင်းဖြင့် ဖြစ်ပေါ်လာ သော အခြေအနေ အရပ်ရပ်ကို မသိနားမလည် အလေးမထားမှုများ စုစည်းပြီး လုံခြုံမှုနှင့် ငွေကြေးမပြည့်စုံမှုတို့က မိန်းကလေးများကို ထိုးနှက်တိုက်ခိုက်တော့ သည်ဟု ဆိုကြ၏။

မမျှော်လင့်သော အံ့အားသင့်ဖွယ် ကိန်းဂဏန်း

၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ လုံးဆိုင်ရာ ဆာလောင်မွတ်သိပ်မှု အညွှန်းကိန်း- Global Hunger Indese (GHI) ထွက်ပေါ်လာ သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆာလောင်ဆုံး နိုင်ငံ များထဲ၌ အမှတ် ၆၃ ချိတ်နေ သည်။ အဆာလောင် ဆုံးနိုင်ငံ ၇၈ နိုင်ငံသာ ရှိသည်။ အိန္ဒိယနိုင်ငံ၏ အဆင့်မှာ ပါကစ္စတန် ၅၇၊ နီပေါ ၄၉၊ သီရိလင်္ကာ ၄၃ ၏နောက်၌ ရောက်နေသည်မှာ အံ့အားသင့် ဖွယ်နှင့် စိတ်မကောင်းဖွယ် ဖြစ်ရ ၏။

နိဂုံး

အိန္ဒိယနိုင်ငံ၏ ဖြစ် ကြောင်းရယ်ကုန်စင် နောက်ခံ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် လည်း ရိပ်မိနိုင်လောက်ပါ၏။

ရှည်လျားသော သမိုင်း ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ရှေး အစဉ်အလာမျိုးနွယ်အပေါ် လက် ခံထားမှုတို့က အပြန် အလှန် ဖြစ် နေပါ၏။

မည်သည့်နိုင်ငံနှင့်မှ ပတ်သက်မှုမရှိသည့် အိန္ဒိယနိုင်ငံ၏ ရှေးအစဉ်အလာ လက်ခံထားမှု၊ ဝေဒန္တဒဿနကို လက် အဆင့်ဆင့် ကမ်းလာ သည့်အခါ မျိုးနွယ် စောင့်ရှောက်မှု၊ အလုပ်နှင့် မျိုးနွယ် သတ်မှတ်မှုတို့ကို မလွဲမသွေ တွေ့ ကြရသည်။

မျိုးနွယ်မတူလျှင် ဆက် စပ်မှု နည်းပါးခဲ့သည့် အစဉ်အလာ က ရှိခဲ့သည်။

ထို့နောက် မဂို- Mughal ဘုရင်များ အိန္ဒိယနိုင်ငံကို သိမ်းပိုက်သည့်အခါ မျိုးနွယ်ဇာတ်ကို ထိန်းသိမ်းရန်အတွက် ရှေး ယခင်က သတ်မှတ်မှုသည် အသုံး ဝင်ခဲ့သည်။

မျိုးနွယ်ဇာတ်အပေါ် ထိန်းသိမ်းခြင်းသည် ပို၍ ခိုင်မာလာသည်။

ယနေ့ခေတ်ကာလ အိန္ဒိယနိုင်ငံ၌ အဓမ္မပြုကျင့်မှုများ ပြားလာခြင်းသည် နောက်မှ ပေါ်လာသည့် အကျပ်အတည်း တစ်ခု သာ ဖြစ် သည်။ သို့နှင့် အမျိုးဇာတ် မပျက်ရန် အမျိုးသမီးငယ်များအား စောစီးစွာ အိမ်ထောင်ချပေးမှုသည် ဘဝလုံခြုံခြင်းထက် အမျိုး ဇာတ် စောင့်ရှောက်ခြင်းသည် အကြောင်းတစ်ခုအဖြစ် ပါလာခဲ့ သည်။

သို့သော် ပြောင်းလဲလာaသာ ခေတ်ကာလနှင့် လူနေမှု၊ ကျန်းမာရေးနယ်အသီးသီးမှ ကြည့်သည့်အခါ အမျိုးဇာတ် ထိန်းသော် ငြား လည်း ရရှိလာသည့် မျိုးဆက်သစ်များက ဥာဏ်ရည် မဖွံ့ဖြိုးမှု၊ အရာရာ အသိနောက်ကျမှုများ ရှိလာပါက အမျိုးဇာတ်သာမက နိုင်ငံ တွင်းရှိ ပြည်သူများ၏ အရည် အသွေး စွမ်းဆောင်နိုင်မှုပါ ကျ ဆင်းလာမည် ကို သိရှိလာကြ သည်။

အိန္ဒိယနိုင်ငံသည် သူ့ ပြည်တွင်းရေး ပြဿနာနှင့်သူ အမြစ်မှနေ၍ ပြောင်းလဲပစ်မည့် အစိုးရအဖွဲ့သစ်လည်း တာဝန်ယူ နေပြီ ဖြစ်၍။

စိုးမင်းဦး

Source : By Neeta Lal India : Home to One in Three Child Brides. ATOL.
ဈေးကွက်ဂျာနယ်
------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...