စိတ်ဓါတ်ကျ ရောဂါကုသရေး ဆေးဝါးများနှင့် သဘာဝ သစ်သီးများအကြောင်း သိကောင်းစရာ
ယနေ့ခေတ် ကာလအခြေအနေ များအရ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီဝန်ထမ်း များသာမက ကျောင်းသား ကျောင်းသူများ ပါမကျန် အလွှာအသီးသီး ရှိ လူတန်းစားပေါင်းစုံဟာ စိတ်ဓါတ် ကျခြင်းရောဂါ (Depression) ကို ခံစားလာရ တတ်ပါတယ်။ စိတ်ဓါတ် ကျရောဂါ (Depression) ဖြစ်နေပြီးဆိုရင် အခြားသော ရုပ်ပိုင်းဆိုင်ရာရောဂါ (သွေးတိုး၊ ကင်ဆာ) အစရှိသည့် ရောဂါများကဲ့သို့ လူသိများသော ရောဂါများကဲ့သို့ ခံစား နေရသူကို ကြီးမားသော ဆုံးရှုံးမှု များဖြစ်စေတတ် ပါတယ်။
ကမ္ဘာ့ဆေးဝါးဈေးကွက် အတွင်းမှာ စိတ်ဓါတ်ကျရောဂါ (Depression) အတွက် ကောင်းမွန်စေသော ကုသနိုင်သော ဆေးဝါးများ များစွာရှိနေသော်လည်း အချို့ဆေးဝါးတွေက ကုန်ကျသည့် ငွေပမာဏလောက် အကျိုးမရှိနိုင်ပါဘူး ဘာကြောင့်လဲဆိုရင် ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီတွေကနေ ထုတ်လုပ်ပေးလိုက်တဲ့ ဆေးဝါးတွေဟာ ခံစားနေသူ တစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေကို အသေးစိတ်အခြေခံ ထားခြင်းမရှိလို့ပါပဲ။
ပြင်းထန်သောစိတ်ဓါတ်ကျရောဂါ ခံစားနေရသူတွေအတွက် ကျွမ်းကျင် ဆရာဝန်များ၏ အကူအညီကိုရယူကာ ကုသမှုများ ခံယူရမှာဖြစ်သော်လည်း သက်တမ်းနုသော ရောဂါဝေဒနာရှင်များအဖို့ စိတ်ကျရောဂါကို တွန်းလှန်ရန် အထောက်အကူပြုသည့်အစားအသောက်နှင့် လုပ်ဆောင်ချက်များကိုပြုလုပ်ခြင်းက ဈေးကွက်ထဲက ဆေးဝါးများ ကိုသာ အားကိုးခြင်းထက်ကောင်းမွန်စေမှာဖြစ်ပါတယ်။ ဈေးကွက်အတွင်းရှိ စိတ်ကျရောဂါကုသရေး ဆေးဝါးများ အကြောင်းကိုတော့ အလျဉ်းသင့်သလိုဖော်ပြပေးလိုက်ပါတယ်။
ဖော်လစ် အက်ဆစ် (Folic Acid)
ဖော်လစ်အက်ဆစ်ဆိုတာ ဖော်လိစ်ဓါတ်တွေကိုထုတ်ယူထားတဲ့ဓါတ်ဖြစ်တယ်။ သစ်သီတွေမှာဆိုရင် ဗိုက်တာမင် B 9 အဖြစ်တွေ့ရသလို၊ အသီးအရွက်နှင့် အခြားသောအစားအစာအချို့မှာလည်း တွေရတယ်။ ၎င်း ဖော်လစ် အက်ဆစ် ဓါတ်ဟာဦးနှောက်လှုပ်ရှားမှုလို့ သိထားကြတဲ့ (monoamines) တွေပေါ်မှာသက်ရောက်မှုရှိတယ်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိတဲ့ စိတ်ကျရောဂါ ကုသဆေး အတော်များများမှာ ၎င်း ဖော်လစ်အက်ဆစ် ဓါတ်ကို နည်းပညာဖြင့် ထုတ်ယူကာ ဆေးတောင့်ဆေးပြားများအဖြစ် ထုတ်လုပ်ထား တာဖြစ်ပါတယ်။ ဖော်လစ် အက်ဆစ်ရဲ့လုပ်ဆောင်ချက်များကို သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးမှု များအရ စိတ်ကျရောဂါ ခံစားနေရသူများ အနေဖြင့် ဖော်လစ်အက်ဆစ်ဓါတ်ကို စားသုံးပေးပါက များစွာ အကျိုးသက်ရောက်မှုဖြစ်စေတာကိုတွေ့ရပြီး အထူးသဖြင့် အမျိုးသမီး လူနာများအတွက် အကျိုးဖြစ်ထွန်းစေတာကို တွေ့ရပါတယ်။
GABA
Gamma-aminobutyric acid (GABA) ကို ဦးနှောက်လှုပ်ရှားမှု စနစ်ကောင်းမွန်ဖို့နှင့် စိတ်ဖိစီးမှုများကို တွန်းလှန်နိုင်ရန်အတွက် အသုံးပြုကြပြီး အချို့သော စိတ်ကျရောဂါကုသရေး ဆေးများတွင် GABA ကို ဆေးတောင့်၊ဆေးပြားတို့ဖြင့် ထုတ်လုပ်ကြသလို အမှုန့်အနေဖြင့်လည်း ထုတ်လုပ်ကြပါတယ်။ GABA ပမာဏနည်းပါးမှုဟာ စိတ်ကျရောဂါနှင့် စိုးရိမ်သောကဖြစ်ခြင်းများကို ဆက်စပ်လျက်ရှိပါတယ်။ ဆေးဝါး ဈေးကွက်အတွင်း စိတ်ကျ ရောဂါ ကုသရေးဆေးများထုတ်လုပ်လျက်ရှိတဲ့ ကုမ္ပဏီများက GABA ဓါတ်တွေဟာ စိတ်ဓါတ်ကျမှုများကို ကာကွယ် ကုသပေးနိုင်တယ် ဟုပြောဆိုနေသော်ငြား လက်တွေ့ကျတဲ့ သက်သေပြချက်မျိုးတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေး ပါဘူး။ ဆေးဝါးကုမ္ပဏီနှစ်ခုလောက်က GABA ဓါတ်ပမာဏနှင့် စိုးရိမ်သောကဖြစ်မှု၊ စိတ်ဓါတ်ကျမှုများ သဘာဝ အရ ဆက်စပ်မှုရှိကြောင်း ထုတ်ပြန်မှုများရှိခဲ့ သော်လည်း ၎င်းထုတ်ပြန်ချက်အရ GABA ဟာ စိတ်ကျရောဂါ အပေါ်ကြီးကြီးမားမား သက်ရောက်တာမျိုး မတွေ့ရပါဘူး။
သဘာဝ၏ လက်ဆောင်အဖြစ် သစ်သီးများကိုစားသုံးခြင်းအားဖြင့်လည်း စိတ်ကျရောဂါကို တွန်းလှန် ကာကွယ် ရာမှာ အကျိုးရှိနိုင်တာကြောင့် ဓါတုဆေးဝါးများသုံးစွဲနေပြီး အကျိုးမဖြစ်ထွန်းပါက သစ်သီးများကို စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက စိတ်ကျရောဂါနှင့် ပတ်သက်ပြီး အထောက် အကူဖြစ်သည့် အစားအစာများအဖြစ်
၁။ ဆယ်လမွန်ငါး
ဆယ်လမွန်ငါးမှာ စိတ်ကျရောဂါကို တွန်းလှန်နိုင်တဲ့ အစွမ်းထက်ဓါတ်တစ်မျိုးဖြစ်တဲ့ omega-3 fatty acid ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။
၂။ အာဗိုဂါဒို အသီး (ထောပတ်သီး)
အာဗီုဂါဒို အသီးဟာလည်း စိတ်ဖိစီးခြင်းနှင့် စိတ်ကျခြင်းတို့ကို အကောင်းဆုံး ကာကွယ်နိုင်တဲ့ အစွမ်းထက် သဘာဝလက်ဆောင် တစ်မျိုးဖြစ်ပြီး သူ့မှာ ပရိုတိန်းဓါတ်၊ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်များနှင့် ဗိုက်တာမင် အီး နှင် စီတို့လည်း ပါဝင်နေပါတယ်။
၃။ Blueberries
Blueberries အသီးဟာ စာရေးသူတို့ မြန်မာနိုင်ငံမှာ လွယ်တကူမရရှိနိုင်ပေမယ့် သူ့မှာပါဝင်တဲ့ ဗိုက်တာမင် အီးနှင့်စီ အပြင် မဂ္ဂနီဆီယမ်ဓါတ်တွေဟာ စိတ်ကျရောဂါကို ကုသရာမှာ ကောင်းမွန်စေပါတယ်။
၎။ လိမ္မော်သီး
မြန်မာနိုင်ငံအတွင်းမှာပါ အလွယ်တကူရရှိနိုင်တဲ့ သဘာဝ အသီးတစ်မျိုးကတော့ လိမ္မော်သီးဖြစ်ပါတယ်။ လိမ္မော်သီးကို ပုံမှန်စားသုံခြင်းအားဖြင့် ဗိုက်တာမင် စီ၊ အေ နှင့် ဘီ တို့ကိုကြွယ်ဝစွာ ရရှိနိုင်တာကြောင့် စိတ်ကျ ရောဂါအပြင်၊ စိတ်ကျရောဂါ၏ နောက်ဆက်တွဲ နှလုံးရောဂါကိုပေါ အထိရောက်ဆုံး တွန်းလှန်နိုင်မှာဖြစ်ပါတယ်။
အထက်ဖော်ပြပါအသီးအနှံများကိုစားသုံးခြင်းအားဖြင့် ဈေးနှုန်းကြီးမြင့်စွာဖြင့်ဝယ်ယူနေရသော စိတ်ကျရောဂါ ကာကွယ်ကုသဆေးဝါးများ နေရာတွင် အစားထိုး ကုသနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။

အောင်ဟိန်းခိုင် ၊ (ref: time)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook