အရက်စွဲနေသူများ ငါးကြီးဆီ မှီဝဲသင့်

www.touchtalent.com
အရက် အလွန်အကျွံ သောက်သူများသည် အာရုံကြော ပျက်စီးကာ သူငယ်ပြန်သည့် ဝေဒနာကို ခံစားတတ်ရသည် ဖြစ်ရာ၊ ငါးကြီးဆီကို လိုအပ်သလို မှီဝဲပေးပါက ပါဝင်သော အိုမီဂါ-၃ ဖက်တီ အက်ဆစ်က အရက်ကြောင့် အာရုံကြော ပျက်စီးမှုကို ကာကွယ်ပေးနိုင်သည့် အတွက် သူငယ်ပြန်သည့် ဝေဒနာအဆင့်သို့ မရောက်အောင် ထိန်းထားရာတွင် အထောက်အကူ ပြုကြောင်း သိရသည်။

ဦးနှောက် ဆဲလ်များသည် အရက်ကြောင့် ဆိုးရွားစွာ ပျက်စီး သွားနိုင်ပြီး ကာယကံရှင်မှာ ဦးနှောက်ကျုံ့ သွားကာ မှတ်ဥာဏ် ပျောက်ဆုံးခြင်း၊ သူငယ်ပြန်ခြင်းတို့ ကို ခံစားရတတ်သည်။ ငါးကြီးဆီ သည် အာရုံကြောယောင်ယမ်းခြင်းကို ကာကွယ်ပေးပြီး ဆဲလ်များ မသေဆုံးအောင် ထိန်းသိမ်းပေးနိုင်သဖြင့် အရက်စွဲနေသူဖြစ်စေ၊ အရက်ဖြစ်နေသူဖြစ်စေ သည် ငါးကြီးဆီကို မှီဝဲသင့်သည်ဟု အကြံပြုရခြင်းဖြစ်ကြောင်း သုတေသီများက ဆိုသည်။

အရက်စွဲနေသူများ၏ ဦးနှောက်ဆဲလ်များတွင်ရှိသောအရက်ပမာဏသည် သာမန်အရက်သောက်သုံးသူထက် ၄-ဆ ခန့် ပိုနေလေ့ရှိပြီး ဆဲလ်များကိုသေစေကာ ဦးနှောက်ကိုကျုံ့ စေရာမှ သူငယ်ပြန်ခြင်းဖြစ်ပြီး အိုမီဂါ-၃ ဖက်တီအက် ဆစ်ကို ပုံမှန်မှီဝဲပေးပါက ဆဲလ်များသေဆုံးမှု သိသာစွာလျော့နဲကာ ဦးနှောက်ကျုံ့ သည့်ဒဏ်ကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း သိရသည်။

သို့ သော် အရက်စွဲနေသူများမဟုတ်ပဲ အရက်ကိုပုံမှန်မျှသာသောက်သုံးသူများသည် ငါးကြီးဆီကို မမှီဝဲသင့်ပေ။ ငါး ကြီးဆီသည် အရက်စွဲလူနာ၏ ဦးနှောက်ဆဲလ်သေဆုံးမှုကို ၉၀ ရာခိုင်နှူန်းလျော့ချပေးနိုင်သည်။ သာမန် သောက်သုံး သူသည် တစ်ခွက်၊နှစ်ခွက်ခန့် သာဖြစ်ပြီး နောက်နေ့ သောက်ချင်မှလည်း သောက်မည်ဖြစ်သော ကြောင့် ငါးကြီးဆီ မသုံးသင့်ပေ။

အရက်ကို တစ်ခွက်၊နှစ်ခွက်လောက်ပဲသောက်တာက ဦးနှောက်ဆဲလ်ကို မပျက်စီးစေတဲ့အပြင် ပိုလို့ တောင် အား ကောင်းစေပါတယ်။ စိတ်ဖိစီးမှုဖြစ်နေတဲ့အခါ အရက်တစ်ခွက်လောက်သောက်လိုက်ရင် ဦးနှောက်ဆဲလ်တွေ အား ပိုကောင်းလာပြီး အာရုံကြောတွေလည်း လန်းဆန်းလာပါတယ်။ ဒါကို ငါးကြီးဆီသွားသောက်မယ်ဆိုရင် ဆိုးကျိုးပဲ သက်ရောက်မှာပါ။

ဦးနှောက်ကိုအရက်ထဲစိမ်ထားသလိုဖြစ်အောင်ကို သောက်တဲ့ အရက်စွဲလူနာတွေ အတွက်ဆိုရင် တော့ ငါးကြီးဆီ က မရှိမဖြစ်လိုအပ်တဲ့ ဓါတ်စာဆေးဖြစ်သွားပါပြီဟု သုတေသီများက ပြောပြသည်။ 

ယခုနှစ်ပိုင်းအတွင်း အရက်သောက်သုံးမှုနှင့် ပါတ်သက်သော လေ့လာတွေ့ ရှိချက်အသစ်များကို တွေ့ နေရပြီး ယခင် က အရက်အနည်းငယ် သောက်ပေးခြင်းသည် နှလုံးအတွက် ကောင်းမွန်သည်ဟု ဆိုခဲ့ကြသော်လည်း ကျန်းမာရေး အတွက် ဆေးဖြစ်၊ ၀ါးဖြစ် သောက်လျင်လည်း အရက်သည်နှလုံးကို ထိခိုက်စေမည်သာဖြစ်ကြောင်း အသစ်တွေ့ ရှိခဲ့ ကြသည်။

ယခုလည်း ငါးကြီးဆီမှီဝဲပေးခြင်းဖြင့် အရက်စွဲလူနာများ ဦးနှောက်ကျုံ့ ခြင်းကို ထိရောက်စွာကာကွယ်နိုင်မည်ဟူ သည့် လေ့လာတွေ့ ရှိချက်ကို သုတေသီများက ထုတ်ပြန်ကြေငြာခဲ့ပြီး အရက်အနည်းငယ်သောက်ခြင်းဖြင့် ဦးနှောက်ဆဲလ်များကို ပိုမိုလန်းဆန်း အားကောင်းစေနိုင်သည်ဟူသည့် အချက်ကိုလည်း စိတ်ဝင်စားမှုများ ရှိနေ ကြောင်း သိရသည်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...