ဗီယက်နမ်နှင့် မြန်မာကုမ္ပဏီများ ဆက်သွယ်ရေး လုပ်ငန်း ပေါင်းလုပ်ရန် လက်မှတ်ထိုး

ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု ၂ လုံး လွှင့်တင် ထားနိုင်တဲ့ ဗီယက်နမ် နိုင်ငံတကာ ဆက်သွယ်ရေး ၀န်ဆောင်မှုအဖွဲ့ (ဗွီအန်ပီတီ) မြန်မာ နည်းပညာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ သဘောတူ စာချုပ်ချုပ်ခဲ့ ကြပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ သဘော တူညီချက် လက်မှတ်ရေးထိုးမှုမှာ ဗီယက်နမ်ဘက်က ဗွီအန်ပီတီအပြင် CT-IN, Kasati, Vina-OFC ကုမ္ပဏီတွေ ပါဝင်ပြီး မြန်မာဘက်က ဖော်ကျွန်း အင်တာနေရှင်နယ်၊ အီလိုက် တယ်လီကွန်း၊ အေ၀မ်း ဆောက်လုပ်ရေး နဲ့ Terabit Wave ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။

နှစ်ဖက် ကုမ္ပဏီတွေဟာ ပြည်တွင်း လုပ်ငန်းလုပ်ကိုင်သူတွေကို ဂြိုလ်တု ဆက်သွယ်ရေး လိုင်းရောင်းဖို့၊ ရုပ်မြင် သံကြား အစီအစဉ်တွေ ထုတ်လွှင့်မယ့် ကုမ္ပဏီတွေကို ၀န်ဆောင်မှုပေးဖို့၊ ဂြိုလ်တု အသုံးပြု ရုပ်မြင်သံကြား ၀န်ဆောင်မှုပေးဖို့ လုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။


DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...