မိတ်ကပ်နှင့် ရေမွှေးများတွင် ပါဝင်သော ဓာတုပစ္စည်းများက ကလေးများကို ရင်ကျပ်ရောဂါ ဖြစ်စေ

ဆုမြတ်

လန်ဒန် ၊ စက်တင်ဘာ ၁၈

မိတ်ကပ်၊ ရေမွှေး နှင့် ၎င်းတို့ကို ထည့်ထားသော ပလတ်စတစ်ဘူး များတွင် ပါဝင်သော ဓာတုပစ္စည်း များက ကလေးများတွင် ပန်းနာ ရင်ကျပ် ရောဂါ ဖြစ်စေကြောင်း လေ့လာ သူများက ပြောကြားခဲ့သည်။

ကိုယ်ဝန်ဆောင် ကာလတွင် ပလက်စတစ် တွင် ပါဝင်သည့် ဓာတ်ပစ္စည်း တစ်မျိုးဖြစ်သည့် phthalates နှင့် ထိတွေ့မှု များသော ကလေး မှာ ပန်းနာ ရင်ကျပ် ရောဂါ ဖြစ်နိုင်သည့် အန္တရာယ် (၇၈) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိရသည်။

ဓာတုပစ္စည်းများက သန္ဓေသား၏ အသက်ရှူ လမ်းကြောင်းကို ထိရှ လွယ်စေပြီး ကလေးဘ၀တွင် ပန်းနာရင်ကျပ် ရောဂါကို ခံနိုင်ရည် မရှိဖြစ်လာ စေသည် ဟု လေ့လာ သူများက ယူဆ ထားသည်။

ကျွမ်းကျင် သူများက မိဘများ အနေဖြင့် ပလက်စတစ် အသုံး အဆောင်များ၊ ရေမွှေး နှင့် အနံ့ပြင်းသည့် အ၀တ်လျှော် ဆပ်ပြာမှုန့် များကို ကိုယ် ၀န်ဆောင်ချိန် တွင် ဖြစ်နိုင်သမျှ မသုံးစွဲရန် တိုက်တွန်း ထားသည်။

ဗြိတိန်တွင် ရင်ကျပ် ရောဂါဖြစ်သည့် ကလေးမှာ ၁၉၅၀ ပြည့်နှစ် က နှင့် ယှဉ်ပါက နှစ်ဆ သုံးဆခန့် မြင့်တက် လာကြောင်း သိရသည်။ အလားတူပင် အနောက် နိုင်ငံများတွင် အဆိုပါ ရလဒ်မျိုးပင် တွေ့ရှိရကြောင်း သိရသည်။

ဓာတုပစ္စည်းတွေကို ကျယ်ကျယ် ပြန့်ပြန့် သုံးလာကြပြီး ဘယ်လောက် ပါဝင်မှု ရှိတယ် ဆိုတာကို ဖော်ပြကြလေ့ မရှိသည့် အတွက် မိသားစုများ အနေဖြင့် အသုံးပြုရာတွင် ဆင်ခြင် သင့်ကြောင်း တတ်နိုင်သမျှ အစား အသောက် များကို ဖန်ပုလင်းများဖြင့် သိမ်းဆည်း သင့်ကြောင်း မိုက်ခရိုဝေ့ခ် မီးဖိုထဲသို့ ပလက်စတစ် ပစ္စည်းများဖြင့် ထည့် မချက်သင့်ကြောင်း၊ ရေမွှေး၊ လေသန့် ဖျန်းဆေး နှင့် ဆပ်ပြာမှုန့်များ သုံးစွဲမှုကို ဆင်ခြင် သင့်ကြောင်း ကျွမ်းကျင် သူများက သတိပေးခဲ့သည်။

လေ့လာ သုတေသနကို နယူးယောက်မြို့ရှိ ကိုလမ်ဘီယာ တက္ကသိုလ် သုတေသန အဖွဲ့က ပြုလုပ်ကာ သဘာဝ ပတ်ဝန်းကျင် နှင့် ကျန်းမာရေး ဆိုင်ရာ ဂျာနယ် Environmental Health Perspectives တွင် ထည့်သွင်း ဖော်ပြ ထားသည်။

Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...